ပြည်သူများ ပါဝင်နိုင်ရန် ရွေးကောက်ပွဲသတင်းအချက်အလက်ကွန်ယက်စင်တာ (MERIN Center) ဖွင့်လှစ်

ပြည်သူများ ပါဝင်နိုင်ရန် ရွေးကောက်ပွဲသတင်းအချက်အလက်ကွန်ယက်စင်တာ (MERIN Center) ဖွင့်လှစ်

ရန်ကုန်၊ သြဂုတ်လ ၁၉  ။              ။ ဒီမိုကရေစီရှင်သန်စေမှု ဖြစ်စဉ်တွင် ပြည်သူများပါဝင်နိုင်ပြီး လိုအပ်သော သတင်းအချက်အလက်များရယူနိုင်ရန် ရွေးကောက်ပွဲဆိုင်ရာသတင်းအချက်အလက် ကွန်ယက်ကို ဖွင့်လှစ် လိုက်ခြင်းဖြစ်ကြောင်း ရွေးကောက်ပွဲသတင်းအချက်အလက်ကွန်ယက်စင်တာ စင်တာမန်နေဂျာ ဦးဇေယျာဦးက မဇ္ဈိမသို့ပြောကြားသည်။

"ကျွန်တော်တို့ဆီမှာ ဝန်ဆောင်မှုအနေနဲ့ ပေးမယ့်ဟာကတော့ ပရိုဂရမ် သုံးခုပေါ့၊ နိုင်ငံသားတွေရဲ့ အသိပညာပေးအစီအစဉ်၊ အဲ့ဒီအစီအစဉ်အရဆိုရင် ကျွန်တော်တို့ဆီမှာ သင်တန်းပေးတာမျိုးတွေရှိမယ်၊ လိုအပ်တဲ့ အရင်း အမြစ်ဖြစ်တဲ့ စာအုပ်စာတမ်း နဲ့ သင်ရိုးတွေ ထုတ်ဝေတာတွေရှိမယ်၊ ဒီအတွက် ဗီဒီယိုခွေလေးတွေ ရိုက်ပြီး ဖြန့်ဝေတာတွေလုပ်မယ်၊ Facebook ကနေတစ်ဆင့်   ရွေးကောက်ပွဲနဲ့ပတ်သတ်တဲ့ ပဟေဠိတွေ၊ ဒီမိုကရေစီနဲ့ ပတ်သတ်တဲ့ ပဟေဠိတွေ အမေးအဖြေလုပ်တာတွေရှိမှာပေါ့နော်"ဟု ဦးဇေယျာဦးက ပြောသည်။

ရွေးကောက်ပွဲသတင်းအချက်အလက်ကွန်ယက်စင်တာ (Myanmar Electoral Resource and Information Network Center) ကို သြဂုတ်လ ၁၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် လှိုင်မြင့်မိုရ်လမ်း သွယ်၊ (၁၀) ရပ်ကွက်၌ စတင်ဖွင့် လှစ်ခဲ့ခြင်းဖြစ်သည်။

"အများယုံကြည်လက်ခံတဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်ဖို့ဆိုတာ အချက်နှစ်ချက်ပေါ် အခြေခံတယ်လို့ ကျွန်တော်တို့ ယူဆပါတယ်၊ တစ်အချက်ကတော့ ပွင့်လင်းမြင်သာမှုပါ၊ နှစ်အချက်ကတော့ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက် မှုပါ၊ ဒီလိုမျိုး အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်မှုနဲ့ ပွင်းလင်းမြင်သာမှုရှိဖို့ဆိုတာ ကျွန်တော်တို့ ရွေးကောက်ပွဲကော်မရှင်က လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်အားလုံး၊ သတင်းအချက်အလက်တွေ အားလုံးပြည်သူလူထုထံ ရောက်ရှိဖို့လိုပါတယ်"ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်းက ပြောသည်။

ပြည်သူများအနေဖြင့် သတင်းအချက်များကို အင်တာနက်၊ အီးမေးလ်အသုံးပြုပြီး ရယူနိုင်ခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ ဆွေးနွေးပွဲများ၊ သင်တန်းများနှင့် သတင်းစာရှင်းလင်းပွဲများ စသော အခမ်းအနားပြုလုပ်ရန် နေရာ (အခမဲ့) အသုံး ပြုခွင့်ပေးခြင်း၊ ဒီမိုကရေစီနှင့် ရွေးကောက်ပွဲဆိုင်ရာ ဗဟုသုတရ ဖွယ်စာအုပ်၊ မဂ္ဂဇင်း၊ ဂျာနယ်များ ကြည့်ရှုငှားရမ်းနိုင်ခြင်း၊ စာအုပ်စာတမ်းမှ လိုအပ်သော မှတ်တမ်းများကို မိတ္တူကူးပေးခြင်းများ စသော ဝန်ဆောင်မှုများကို ပေးဆောင်သွားမည် ဟု ရွေးကောက်ပွဲသတင်း အချက်အလက် ကွန်ယက်စင်တာ ပရိုဂရမ်လက်ထောက်တာဝန်ခံ ဦးအေးခိုင်ပြောပြချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly