အီရတ်တွင် မွတ်စလင် အိဒ်ပွဲတော်ကို အိုင်အက်စ်တို့က ပိတ်ပင်

အီရတ်တွင် မွတ်စလင် အိဒ်ပွဲတော်ကို အိုင်အက်စ်တို့က ပိတ်ပင်

အီရတ်နိုင်ငံ မိုဆူးလ်မြို့ကို သိမ်းပိုက်ထားသည့် အိုင်အက်စ်တို့က ဒေသခံများကို ရမဇန်ဥပုသ်လအထွက်ပြုလုပ်သည့် အိဒ်ပွဲတော် ဆုတောင်းခြင်းမပြုလုပ်ရန် တားမြစ်ထားသည်။

အိုင်အက်စ်အစွန်းရောက်အဖွဲ့က အိဒ်နေ့ဝတ်ပြုဆုတောင်းပွဲတော်လုပ်ခြင်းကို ဒေသခံများအား သတိပေးတားမြစ်ထားကြောင်း ကာ့ဒ်ဒစ်စတန်ဒီမိုကရက်တီပါတီ (KDP) မှတာဝန်ရှိသူတစ်ဦးဖြစ်သူ အစ္စမတ်ရာဂျစ်က ဒေသတွင်းသတင်းဌာနသို့ ပြောခဲ့သည်။

အိုင်အက်စ်အစွန်းရောက်များက အိဒ်ပြုလုပ်ခြင်းသည် အစောပိုင်း အစ္စလာမ်ဘာသာရေးတွင် အစ္စလာမ်မူလအလေ့အထ မည် သည့်အခါကမှ မရှိခဲ့ကြောင်း ခံယူကြသည်ဟု အစ္စမတ်ကပြောသည်။

အီရတ်၏ အကြီးဆုံးမြို့ဖြစ်သည့် မိုဆူးလ်မြို့သည် အိုင်အက်စ်ထိန်းချုပ်မှုအောက်တွင် ကျရောက်လျက်ရှိသည့် မြို့ကြီးဖြစ်သည်။

ပြီးခဲ့သည့်နှစ် အိုင်အက်စ်တို့ မကျုးကျော်မီက မြို့တွင် နေထိုင်သူ ဦးရေ နှစ်သန်းဝန်းကျင်ရှိသည်။ အိုင်အက်စ်တို့ သိမ်းပိုက်ပြီးချိန်မှ စစ်သွေးကြွများ၏ ကိုယ်ပိုင်အုပ်ချုပ်မှုဖြင့် အုပ်ချုပ်လျက်ရှိရာ မြို့သူမြို့သားများအတွက် ဒုက္ခအကျပ်အတည်း များဖြစ်ပေါ်လျက်ရှိ သည်။

အိုင်အက်စ်တို့က ဆီးရီးယားနှင့် အီရတ်ရှိ ၎င်းတို့ သိမ်းပိုက်ထားရာနယ်မြေများအတွင်းရှိ ရှီယိုက်နှင့် ဆွန်နီ မွတ်စလင်များ၏ ဂူဗိမာန်များနှင့် ဗလီများကိုလည်း ဖျက်ဆီးခဲ့ကြသည်။

Ref: Press TV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly