အေဂျက်ဇ်ဂိုးသမား ဆီလက်ဆန်ကို ဘာစီလိုနာအသင်း ခေါ်ယူရန် ကမ်းလှမ်း

အေဂျက်ဇ်ဂိုးသမား ဆီလက်ဆန်ကို ဘာစီလိုနာအသင်း ခေါ်ယူရန် ကမ်းလှမ်း

သြဂုတ် ၁၉၊ စပိန် ။                ။ ဘာစီလိုနာအသင်းသည် အေဂျက်ဇ်အသင်းမှ ဟော်လန်လက်ရွေးစင်ဂိုးသမား ဆီလက်ဆန်ကို ပြောင်းရွှေ့ကြေးပေါင် ၁၀ သန်းဖြင့် ကမ်းလှမ်းလိုက်ပြီ ဖြစ်သည်။

ဘာစီလိုနာအသင်းသည် ချီလီလက်ရွေးစင်ဂိုးသမား ဘရာဗိုကို မန်စီးတီးအသင်းထံရောင်းချရန်အတွက် ဆီလက်ဆန်ကို ခေါ်ယူရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

စပိန်စူပါဖလား ပွဲစဉ်တွင် လက်စွမ်းပြခဲ့သည့် ဂိုးသမားဘရာဗိုက ဘာစီလိုနာနှင့်မန်စီးတီးတို့အကြားတွင် ၎င်းအတွက် သဘောတူညီမှု ရရှိခဲ့ကြပြီဖြစ်ပြီး အင်္ဂလန်သို့ပြောင်းရွှေ့တော့မည်ဖြစ်ကြောင်း အသင်းဖော်များကို ပြောဆိုခဲ့သည်ဟု ဒေးလီးမေးလ်က ဖော်ပြခဲ့သည်။

ဘရာဗို၏အပြောင်းအရွှေ့သည် မန်စီးတီးဂိုးသမား ဂျိုးဟတ်၏အနာဂတ်နှင့်လည်း တိုက်ရိုက်ပတ်သက်လျက်ရှိနေသည်။ အသက် ၂၉ နှစ်အရွယ်ရှိ ဂျိုးဟတ်ကို အဲဗာတန်၊ ဒေါ့တ်မွန်နှင့် ဆီဗီလာအသင်းတို့က ခေါ်ယူလိုလျက်ရှိနေကြသည်။ သို့သော် ပေါင် ၁၄၀,၀၀၀ ဆိုသည့် ဂျိုးဟတ်၏တစ်ပတ်လုပ်ခလစာငွေကြောင့် ခေါ်ယူရန် အခက်အခဲဖြစ်လျက်ရှိနေကြသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly