ဘဏ္ဍာရေးကဏ္ဍမှာ နည်းပညာအသစ်တွေနဲ့ လုပ်ဖို့လိုတယ်လို့ဆိုတဲ့ ကမ္ဘာ့ရတာနာ ဘဏ် ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာလှညွှန့်နဲ့ တွေ့ဆုံခြင်း

17 August 2016
ဘဏ္ဍာရေးကဏ္ဍမှာ နည်းပညာအသစ်တွေနဲ့ လုပ်ဖို့လိုတယ်လို့ဆိုတဲ့ ကမ္ဘာ့ရတာနာ ဘဏ် ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာလှညွှန့်နဲ့ တွေ့ဆုံခြင်း

 အခုလတ်တလော ထုတ်ပြန်ထားတဲ့ မြန်မာ့စီးပွားရေးမူဝါဒ ၁၂ ချက်နဲ့ ပတ်သက်ပြီး ကမ္ဘာ့ရ တာနာဘဏ် ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာလှညွှန့်နဲ့ ဆွေးနွေးချက်တချို့ကို 7 Minutes အစီအစဉ်မှာ စောင့်စား ကြည့်ရှုရမှာဖြစ်ပါတယ်ရှင်။

ဟုတ်ကဲ့ပါရှင့်။ ဒီ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့မှာပေါ့ ဒီ အစိုးရသစ်ရဲ့ စီးပွားရေး မူဝါဒတွေ ထွက်လာတယ်။ ဒီ မူဝါဒထဲမှာဆိုရင် အချက် ၁၂ ချက် ပါတယ်ပေါ့နော်။ မူအားဖြင့် ခြုံငုံပြီးတော့ သုံးသပ် ထုတ်ပြန်တဲ့အထဲမှာ အချက် ၁၂ ချက်ပါတယ်။ ဒါပေမယ့် ဒါက စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ယေဘုယျဆန်တယ်လို့လည်း တချို့က ပြောနေတာတွေ ရှိတယ်ရှင့်။ ဒေါက်တာ လှညွှန့်အနေနဲ့ဆို ရင်ကော ဘာများပြောချင်သလဲ။ 7 Minutes အစီအစဉ်မှာ အဖွင့်အနေနဲ့ ပြောပေးပါဦးရှင့်။

အခုမူဝါဒသည် ရည်မှန်းချက် အကြီးကြီးပဲ။ မူဝါဒ အကြီးကြီးဖြစ်တဲ့အတွက် အောက်က ၁၂ ချက်ကလည်း ထောင့်စုံကနေ ရေးထားတာ။ ဒါပေမယ့် စီးပွားရေးဘာသာရပ်နဲ့ပြောရင် မစ်ကိုဆန် တယ်ပေါ့။ အပြင်လောကပြောနေတာက မိုက်ခရို လိုချင်တယ်။ ဘာသွားမှာလဲ ဒီတေး သွားချင်တယ် Short Term လား Long Term လား Medium လား ဒါမျိုးလေးတွေ သိချင်တယ်ပေါ့နော်။ အဲတော့ ဒီမှာရေးထားတဲ့ ၁၂ ချက်သည် တကယ်တမ်းပြောရင် ထောင့်စုံ ဘက်စုံ အကုန်လုံး အဲဒီအတွက် ကြောင့် ထောင့်စုံရေးထားတာအတွက်မို့ ပတ်ဝန်းကျင်မှာ ပြင်ပလောကမှာ ပြောတာကို လက်ခံပါ တယ်။ အဲဒါကြောင့် နိုင်ငံတော်ကနေ နောက်ထပ်ထွက်လာမယ့် ရေတို နှင့်လက်တွေ့နှစ်ရှည်တွေ နှစ်တိုတွေ ဒါလေးတွေကိုတော့ အနည်းငယ် စောင့်ကြည့်ဖို့လိုပါတယ်။

  အဲဒါဆိုရင် လူတိုင်း လုပ်ငန်းရှင်တိုင်း နားမလည်သေးတဲ့ သဘောမျိုးပေါ့နော် ဆရာ။

  သဘောကတော့ စီးပွားရေးမှာ အကောင်အထည်ဖော်တာပေါ့နော်။ ကာလတိုတွေ ကာလရှည် တွေရှိတယ်။ အခုချမှတ်ထားတဲ့စီးပွားရေးက ကာလရှည်စီးပွားရေး။ ကာလတိုမဟုတ်ဘူး။ အဲတော့ လက်ရှိအစိုးရအနေနဲ့ သူ အကောင်အထည်ဖော်နိုင်တဲ့ဟာကို သူ အကောင်အထည် ဖော်သွားမှာပဲ။

ဟုတ်ကဲ့။ ဒါဆိုရင်ပေါ့နော် လက်ရှိအစိုးရအနေနဲ့ ဒီအချက်တွေပေါ်မှာ အခြေခံပြီးတော့ ဘက်စုံ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ဆိုရင် ဘယ်လောက်ထိများ ခက်ခဲမလဲရှင့်။

ခက်ခဲတယ်ဆိုတာကတော့ အပေါ်က စီမံကိန်းကတော့ ချတာပေါ့။ အောက်က အကောင်အ ထည်ဖော်ဖို့က လမ်းကြောင်းတွေ ရှိတယ်ပေါ့။ လမ်းကြောင်းမှာ နည်းပညာတွေရှိတယ်။ ဥပမာအနေနဲ့ ပြောမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံပိုင် နံပါတ်နှစ်မှာဆိုရင် နိုင်ငံပိုင်စီးပွားရေးတွေ ပုဂ္ဂလိကပိုင် စီးပွား ရေးတွေ လုပ်မှာတို့ဘာတို့ ရေးထားတာပေါ့နော်။ နောက် အသေးစား အလတ်စားတွေ စီးပွားရေးလုပ် ငန်းတွေ ကူညီမယ်လို့ ရေးထားတယ်။ ဒီစာကြောင်းတွေက တကယ်တမ်းပြောရင် နိုင်ငံတော်မှာ အစိုး ရ စက်ရုံအလုပ်ရုံတွေ သိပ်ပြီးတော့မှ ပစ္စည်းထုတ်အား သိပ်မကောင်းဘူးဆိုရင် ပုဂ္ဂလိကကို လွှဲပေးပြီး ပုဂ္ဂလိကရဲ့ စီမံခန့်ခွဲမှုအောက်မှာ သွားမှာပေါ့နော်။ ဒီအတိုင်းပဲ နိုင်ငံတော်ပိုင်တွေအနေနဲ့ တကယ်လို့ ကုန်ထုတ်စွမ်းအား ကောင်းတယ်ဆိုရင်လည်း သူ့ကို ဆက်ပြီး ပံ့ပိုးပေးသွားမှာပေါ့။ ဒီလိုလေးတွေ ရှိတယ်။ အထူးသဖြင့် နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှုက အသေးစား အလတ်စား စက်မှုလုပ်ငန်းတွေ က အဓိကကျတယ်။ သူတို့လေးတွေ ဖွံ့ဖြိုးလာလေ တဖြည့်းဖြည်းနဲ့ ကြီးထွားလာလေ စက်ရုံအလုပ်ရုံ တွေ ဖြစ်လာလေ တိုင်းပြည်ရဲ့ ကုန်ထုတ်လုပ်အားတွေ ပိုပြီးတော့ အားရှိလာလေပေါ့။ အဲတော့ တိုင်းပြည်မှာ ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှု ကုန်သွယ်မှု ဒီသုံးခုက ကဏ္ဍကြီးသုံးခုပေါ့နော်။ ဒီကဏ္ဍကြီး သုံးခုမှာ ထုတ်လုပ်မှုအားရှိလာလေ ဝန်ဆောင်မှုတွေ တက်လာမှာပဲ။]

ဟုတ်ကဲ့ပါဆရာ။ ဒါဆိုရင် ကျွန်မတို့ ဘဏ္ဍာရေးဘက်ကို ခဏလောက် ငွေကြးကဏ္ဍဘက်ကို နည်းနည်းလောက် မေးချင်ပါတယ်ရှင်။ ဒီ စီးပွားရေးမူဝါဒ ၁၂ ချက်ထဲမှာပေါ့နော် ပွင့်လင်းမြင်သာပြီး တော့ ကောင်းမွန်တောင့်တင်းတဲ့ ပြည်သူ့ဘဏ္ဍာရေးစနစ်နဲ့ ဘဏ္ဍာရေးအရင်းအမြစ်တွေကို တိုးပွားလာ ရန် ဆောင်ရွက်ရန်ဆိုပြီးတော့ ပထမဦးဆုံးအချက်မှာ ဖော်ပြထားတာကို တွေ့ရတယ်။ ပြီးတော့ အိမ်ထောင်စုတွေ တောင်သူလယ်သမားနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ရေရှည်ဖွံ့ဖြိုးစေအောင်ဆိုပြီးတော့ ဘဏ္ဍာရေး တည်ငြိမ်မှုရှိအောင် ဆောင်ရွက်ရန်ဆိုပြီးတော့ ပါဝင်တာတွေကိုလည်း တွေ့ရတယ်ရှင့်။ ဒါပေမယ့် ဗဟိုဘဏ်လိုမျိုး တကယ်ကို ငွေကြေးအဖွဲ့အစည်းနဲ့ ဒါတွေကို  အကောင်အထည်ဖော်ဆောင် တာတွေလည်း မတွေ့ရဘူးရှင့်။ ဒီအပေါ်မှာ ဒေါက်တာလှညွှန့်ရဲ့ အမြင်ကိုပြောပါဆိုရင် ဘာများဖြစ် မလဲရှင့်။

  အခု ပြည်တွင်းမှာ အရင်းအမြစ်တွေရှိတယ်။ နိုင်ငံတော်မှာဆိုရင် သဘာဝသယံဇာတ အရင်း အမြစ်တွေ ရှိတယ်ပေါ့နော်။ ဒီအတိုင်းပဲ ဘဏ္ဍာရေးလောကမှာလည်းပဲ ကိုယ့်ရဲ့အတွင်းအားနဲ့ တည်ဆောက်လို့ရမလား။ တည်ဆောက်လို့မရရင်တော့ အပြင်ကအားတော့ ယူဖို့လိုတယ်။ အခု နိုင်ငံတော်က ပွင့်လင်းလာတဲ့အတွက် ဘဏ္ဍာရေး အရင်းအမြစ်ဆိုတဲ့ နိုင်ငံခြားကနေ စီးဝင်လာတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ့မှုတွေ အများကြီးပဲ။ အချို့နိုင်ငံတွေကလည်း အလကားပေးတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။ ဒါလေးတွေကို အရေးကြီးတာက စုစည်းလို့ရရင် အသုံးပြုတဲ့နေရာမှာ စနစ်တကျ စီမံခန့်ခွဲ ပြီး သုံးတတ်ဖို့လိုတယ်။ ပြောချင်တာကတော့ ဒီအရင်းအမြစ်တွေကို ဘယ်နေရာမှာ အသုံးချမှာလဲ ဥပမာ စိုက်ပျိုးရေးကဏ္ဍထဲကို ဘယ်လောက် ရင်းနှီးမှာလဲ၊ ကုန်သွယ်ရေးမှာ ဘယ်လောက်ရင်းနှီး မှာလဲ၊ ကျောင်းတွေမှာ ဘယ်လောက်ရင်းနှီးမှာလဲ၊ ကျန်းမာရေးမှာ ဘယ်လောက်ရင်းနှီးမှာလဲ ဒါက စီမံခန့်ခွဲတဲ့ပုံစံပေါ့။ ဘဏ်လောကအနေနဲ့ပြောရင် ဘဏ်လောကဟာ ဆရာတို့ ဘဏ်လောကတစ် ခုလုံးက နိုင်ငံခြားနဲ့ယှဉ်ကြည့်ရင် ဥပမာ ကမ္ဘောဇက ဘဏ်ခွဲပေါင်း ၄၀၀ ကျော်ရှိတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံက ဘဏ်သေးသေးလေးနဲ့ ယှဉ်ကြည့်ရင် သူက ဘဏ်ခွဲပေါင်း ၄၀၀ ကျော်မက ရှိတယ်။ အဲတော့ ဆရာတို့နိုင်ငံမှာ ဘဏ်ခွဲတွေ အားလုံးပေါင်းရင်တောင်မှ တခြားနိုင်ငံရဲ့ ဘဏ်အကြီးကြီး တစ်ခုကိုတောင် မမှီဘူးပေါ့။

ဟုတ်ကဲ့ ဒီ ငွေကြေးအဖွဲ့အစည်းတွေနဲ့ ဝန်ကြီးဌာနတွေဘက်ကနေပြီးတော့ အထူးပြုမူဝါဒတွေ ရေးဆွဲဖို့ လိုနေပြီလားရှင့်။ ဒါဆိုရင် လက်ရှိအခြေအနေမှာပေါ့နော်။

  အဲတော့ အပြင်လောကမှာ ပြောနေတဲ့စကားကို လက်ခံပါတယ်။ လက်မခံတာမဟုတ်ပါဘူး။ ဒါပေမယ့် ရေးထားတဲ့စကားလုံးက Law တစ်ခုလိုပဲ။ Law သည် အကုန်လုံး လွှမ်းခြုံပြီးတော့ ရေးရ တာပါ။ Rule and Reculation ကျမှသာ အသေးစိတ် နည်းဥပဒေတွေ စည်းမျဥ်းဥပဒေတွေကျမှ ဒါကြီးကို အကောင်အထည်ဖော်နိုင်အောင် ဘာလုပ်မှာလဲဆိုတာ အဲတော့ ခုနက မဇ္ဈိမက မေးသလိုပဲ ဝန်ကြီးဌာနမှာလည်း တာဝန်ရှိတယ်။ အကောင်အထည်ဖော်ဖို့က အဲတော့ အရင်မှာ အရင်တုန်းက ရှိခဲ့တဲ့ပုံစံမျိုးနဲ့ သွားလို့မရဘူးပေါ့နော်။ ပြောချင်တာက Special ပြင်ထားတဲ့အတွက် နည်းပညာအ သစ်တွေနဲ့ နိုင်ငံတကာ စံချိန်တွေလိုက်ဖို့ လုပ်ဖို့လိုတယ်။ အဲဒါကတော့ ဝန်ကြီးဌာနတိုင်းမှာ သူ့ဟာနဲ သူ ရှိပါတယ်။

ပြီးတော့ ဒီ ပြည်တွင်းဘဏ်တွေအနေနဲ့ကလည်း အနှောင်အဖွဲ့တွေ ရှိနေသေးတာတွေ နောက်ပြီးတော့ ဈေးကွက်က လူတိုင်းဆီမရောက်နိုင်တာတွေ အများကြီးရှိနေတာပေါ့နော်။ အဲတော့ ဆရာ ဒီ မြန်မာ့စီးပွားရေး မူဝါဒအတွက် အထူးပြုဖို့အတွက်ပေါ့နော် ဒီ လိုအပ်ချက်က ပြောပါဆိုရင် အဲဒါက အသေးစားနဲ့ အလတ်စားတွေအတွက်က ဘာဖြစ်မလဲ အဲဒီအပေါ်မှာကော ဆရာ ဘာများ ဆက်ဆွေးနွေးချင်သလဲ။

ဆရာတို့ နိုင်ငံတကာကို လေ့လာလိုက်တဲ့အခါကျရင် ဥပမာ ဂျာမနီတို့ ဂျပန်တို့ ဒီ ဖွံ့ဖြိုးပြီးနိုင်ငံ တွေမှာ သူတို့နိုင်ငံက လူတစ်ယောက်အပေါ်မှာ ပိုက်ဆံချေးတယ်ဆိုတာက ယုံကြည်စိတ်ချမှုအပေါ် မှာ ချေးတာ။ သူ့စီးပွားရေးက ငွေလိုအပ်တဲ့ တစ်ရာမှာ သုံးဆယ်ပဲ ပေးနိုင်တယ်။ ခုနှစ်ဆယ် ပံ့ပိုးမယ်။ ဒါမှမဟုတ်လည်း ဥပမာအနေနဲ့ ပြောမှာနော် ဂျပန်နိုင်ငံကို ရောက်သွားတဲ့ ကျောင်းသားတစ်ယောက် အလုပ်မရှိဘူးလေ အလုပ်မရှိတဲ့ကျောင်းသားတစ်ယောက် ပက်ဆံချေးချင်တယ်ဆိုရင် ဘဏ်က ပက်ဆံချေးပေးတာပဲ။ ဘာကြောင့် ချေးလဲ။ ကျွန်တော် အိုင်တီရှိတယ်။ ကျွန်တော် ဘယ်ကျောင်းမှာ လာတက်တာ။ ကျောင်းသားဖြစ်တယ်။ ကျွန်တော်ကို ပိုက်ဆံ ဒေါ်လာ ၁၀၀ လောက် ချေးပါ။ ချေးပေး တယ်။ ဘာကြောင့်လဲ ဒီကျောင်းသားကိုယုံလို့ချေးတာ ဂျပန်က တစ်လကြာပြီးတော့ ပြန်ထိုးဆပ်လိုက် တယ် ပြီးသွားပြီပေါ့။ နောက်တစ်ခါ ဒီလိုမျိုး အခက်အခဲဖြစ်ရင် သွားချေးပြန်ရော ဒီတစ်ခါ ကျွန်တော် ၂၀၀ လိုချင်တယ် မချေးဘူးလား။ ချေးတယ်ပေါ့။ ဘာကြောင့်ချေးလည်း ယုံကြည်လို့ပေါ။ သူဟာ သတ်မှတ်တဲ့အချိန်မှာ သတ်မှတ်ထားတဲ့အတိုင်း လာပေးတဲ့အတွက် သူ့ရဲ့ ယုံကြည်မှုရှိတယ်။ ဆရာတို့နိုင်ငံမှာ ဖြစ်နေတာက အသေးစား အလတ်စား သမီးခုနကပြောသလိုပဲ သူတို့မှာ အာမခံတင် ဖို့လည်း အားမရှိဘူး။ ပြည်တွင်းဘဏ်မှာ ပက်ဆံချေးတယ်ဆိုတာ မြေကြီးတွေ အိမ်တွေ ခြံတွေရှိမှ ဒီအပေါ်မှာ တန်ဖိုးဖြတ်ပြီး ချေးတာ။ စက်မှုလုပ်ငန်း အလတ်စားလုပ်ငန်းတွေမှာ ပိုင်ရှင်တွေက ချမ်းသာတဲ့သူတွေ မဟုတ်ဘူးလေ။ အဲဒီအခါကျတော့ သူ့မှာ စက်ရုံတော့ရှိတယ်။ လူအင်အားလည်း ၅၀ လောက်ရှီတယ်။ သို့သော် အာမခံတင်ဖို့ကျတော့ အခက်အခဲရှိတယ်ပေါ့။ ဒီအပေါ်မှာ ဖြေလျော့ပြီး ရင် ဘယ်လိုချေးမလဲဆိုတာကိုပဲ ဘဏ်တွေက စဉ်းစားမယ်။

ဟုတ်ကဲ့ပါ ဒေါက်တာလှညွှန့်ရှင့် အခုလိုမျိုး 7 Minutes အစီအစဉ်ကို အချိန်ပေးပြီး ဖြေပေးတာ ကျွန်မတို့ အစီအစဉ်က ကျေးဇူတင်ပါတယ်ရှင့်။

ကျေးဇူးတင်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly