မြန်မာပြည်ကို ပြုပြင်ရန် အကောင်းဆုံးလက်နက်မှာ စာပေသာဖြစ်မည်ဟု ယုံကြည်ကြောင်း ထူးချွန်လူငယ်ဆုရ ကိုသိန်းဇော်ပြော

မြန်မာပြည်ကို ပြုပြင်ရန် အကောင်းဆုံးလက်နက်မှာ စာပေသာဖြစ်မည်ဟု ယုံကြည်ကြောင်း ထူးချွန်လူငယ်ဆုရ ကိုသိန်းဇော်ပြော

ရန်ကုန် ၊ သြဂုတ် ၁၇ ။              ။ မြန်မာပြည်ကို ပြုပြင်ရန် အကောင်းဆုံးလက်နက်မှာ စာပေဟု ယုံကြည်ထားသည့်အတွက် မြန်မာပြည်အနံှ့ စာကြည့် တိုက်များ ဖွင့်လှစ်သွားချင်ကြောင်း ထူးချွန်လူငယ်ဆုရ မန္တလေးအခမဲ့စာကြည့်တိုက်ထူထောင်သူ ကိုသိန်းဇော်(ခ) ကို ဇော်ဇော်က မဇ္ဈိမကို ပြောသည်။

"မြန်မာပြည်ကို ပြုပြင်ဖို့ အကောင်းဆုံးလက်နက်က စာပေလေ ၊ စာပေဆိုတာကို ယုံကြည်ထားတဲ့အတွက် ကျွန်တော် မြန်မာပြည်ကို စာပေနဲ့ ပြုပြင်မှာ ဖြစ်တဲ့အတွက် မြန်မာပြည်အနံှ့ စာပေဝါးပင်တွေကို စိုက်သွားမယ်" ဟု ကိုသိန်းဇော်(ခ) ကိုဇော်ဇော်က ပြောသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်မှ ၂၀၁၆ ခုနှစ် ဇူလိုင်လအတွက် ချီးကျူး ဂုဏ်ပြုထိုက်သူ ထူးချွန်လူငယ်ဆု ရအဖြစ် ကို သိန်းဇော်(ခ) ကိုဇော်ဇော်ကို သြဂုတ်လ ၁၆ ရက်နေ့ နေ့စွဲဖြင့် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

မန္တလေးအခမဲ့ စာကြည့်တိုက် ထူထောင်သူ ကိုဇော်ဇော်သည် အတန်းပညာကို စတုတ္ထတန်းအထိသင်ယူခဲ့ပြီး ရန်ကုန် မြို့တွင် ငါးကင်ရောင်းချကာ တစ်ပိုင်တစ်နိုင်စာကြည့်တိုက် ထူထောင်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေ သကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် “မန္တလေးအခမဲ့ စာကြည့်တိုက်” (၆)ခုအထိ တည်ထောင်ဖွင့် လှစ်နိုင်ခဲ့ သူ လည်း ဖြစ်သည်။

ထို့ပြင် ကိုသိန်းဇော်(ခ) ကိုဇော်ဇော်သည် ၂၀၁၅ ခုနှစ်က ချီးမြှင့်ခဲ့သည့် ပြည်သူ့ဂုဏ်ရည် အထူးဆုကို ရရှိထားသူလည်း ဖြစ် သည်။

စာအုပ်စာပေများမှ ရရှိသောခွန်အားဖြင့် ဘဝကို ခိုင်ခိုင်မာမာရပ်တည်နိုင်သည့်အပြင် မျိုးဆက်သစ်လူငယ်များ စာပေ လေ့လာဖတ်ရှုနိုင်ရန် ကြိုးပမ်းအားထုတ်ခြင်းသည် အသိပညာလူ့ အဖွဲ့အစည်းဖြစ်ပေါ်လာရေးကို တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုခြင်းဖြစ်သလို နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် တတ်နိုင်သမျှ ပါဝင်ဆောင် ရွက်နေခြင်း ကြောင့် ဆုချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း အတိုင်ပင်ခံရုံးမှာ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly