ဒီဇယ်လောင်စာများ တင်ဆောင်လာသည့် မလေးရှားသင်္ဘောတစ်စင်း ပြန်ပေးဆွဲခံရ

ဒီဇယ်လောင်စာများ တင်ဆောင်လာသည့် မလေးရှားသင်္ဘောတစ်စင်း ပြန်ပေးဆွဲခံရ

ကွာလာလမ်ပူ၊ သြဂုတ် ၁၇ ။           ။ ဒီဇယ်လီတာ ၉၀၀၀၀၀ တင်ဆောင်လာသည့် မလေးရှားရေနံတင် သင်္ဘောတစ်စင်း ပြန်ပေးဆွဲခံရပြီး အင်ဒိုနီးရှားရေပိုင်နက်အတွင်းသို့ ခေါ်ဆောင်သွားကြောင်း မလေးရှား ရေကြောင်းအာဏာပိုင်များက သြဂုတ် ၁၆ ရက်တွင် ထုတ်ပြန်လိုက်သည်။

Vier Harmoni အမည်ရှိ အဆိုသင်္ဘောကို ယခုအခါ အင်ဒိုနီးရှားရေပိုင်နက်အတွင်းရှိ ဘာတန်ရေပြင်တွင် ခြေရာခံမိထားကြောင်း မလေးရှားရေကြောင်း ထိန်းသိမ်းရေးအေဂျင်စီ (MMEA) က ကြေညာချက်တစ်စောင် ထုတ်ပြန်ထားသည်။

သို့သော် ပြန်ပေးဆွဲသွားသည့်အဖွဲ့အစည်းကို မသိရှိရသေးကြောင်း MMEA က ဖော်ပြသည်။ ယခုသင်္ဘောသည် မလေးရှားနိုင်ငံ တန်ဂျွန်းပီလီပက်စ် ဆိပ်ကမ်းမှ သြဂုတ် ၁၅ ရက်တွင် ၁ ဒသမ ၅၇ ဘီလျံရင်းဂစ်တန်ဖိုးရှိ ဒီဇယ်များကို တင်ဆောင်ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly