ပြည်သူ့ကဏ္ဍ ဖွံ့ဖြိုးမှုလုပ်ဆောင်ရန် အစိုးရအနေဖြင့် အခွန်စနစ်ကို စနစ်တကျလုပ်ဆောင်သင့်

ပြည်သူ့ကဏ္ဍ ဖွံ့ဖြိုးမှုလုပ်ဆောင်ရန် အစိုးရအနေဖြင့် အခွန်စနစ်ကို စနစ်တကျလုပ်ဆောင်သင့်

ရန်ကုန်၊ သြဂုတ်လ ၁၆၊ ။               ။ ပြည်သူ့ ကဏ္ဍများကို ဖွံ့ဖြိုးတိုးတက်ရန်အတွက် အစိုးရသစ်အနေဖြင့် အခွန်စနစ်ကို စနစ်တကျလုပ်ဆောင်သင့်ကြောင်း မြန်မာ့စီးပွားရေး လေ့လာစောင့်ကြည့်သူ ပါမောက္ခ ရှောင်တန်နဲ ပြောသည်။

ပါမောက္ခ ရှောင်တန်နဲ နှင့် သတင်းမီဒီယာများသည် သြဂုတ်လ ၁၆ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဗိုလ်အောင် ကျော် လမ်းရှိ နယူးဧရာ ဟိုတယ်တွင် အလွတ်သဘော တွေ့ဆုံကာ အစိုးရသစ်၏ စီးပွားရေးမူဝါဒနှင့် ပတ်သက်၍ ဆွေးနွေး ပွဲ တွင် သုံးသပ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အခွန်ရရှိမှုပမာဏ အနိမ့်ဆုံးအနေအထားတွင်တွေ့ရကြောင်း လည်း ၎င်းကဆိုသည်။

"ဘယ်သူမှတော့ ကိုယ့်ကို အခွန်ကောက်တာ၊ ကိုယ့်ဆီကနေပိုက်ဆံယူတယ်ဆိုတာ မကြိုက်ကြပါဘူး၊ ဒါပေမယ့် တစ် ဖက်မှာ ကျတော့လည်း ပြည်သူတွေက ပြန်ပြီးတော့ အစိုးရကသုံးရမယ့် အပိုင်းတွေမှာမျှော် လင့်ချက်တွေရှိတယ်၊ အ ထူးသဖြင့် လမ်းတွေကောင်းရမယ်၊ ဆိပ်ကမ်းတွေကောင်းရမယ်၊ ကျောင်းဆောက်ရ မယ်၊ ကျန်းမာရေးစောင့် ရှောက်မှု နေရာတွေ ကောင်းရမယ်ဆိုတဲ့ ဒီလိုမျှော်လင့်ချက်တွေ ရှိကြတယ်၊ ဒီလိုမျိုး သုံးစွဲမှုတွေ လုပ်နိုင်ဖို့ဆိုရင် တစ်ဖက်က လည်း အစိုးရရဲ့ ဝင်ငွေအတွက် အခွန်အကောက်တွေကို အချိုးညီညီနဲ့ မျှတအောင်လုပ်ဖို့လိုတယ်၊ "ဟု မစ္စတာ ရှောင်တန်နဲက ပြောသည်။

အခွန်ကောက်မည်ဆိုပါကလည်း ပြည်သူအများစုကို ဝန်ထုပ်ဝန်ပိုး တစ်ခုအနေဖြင့်မဖြစ်စေသင့်ဘဲ  လုပ်ငန်းရှင်များ၊ ဝင် ငွေပိုကောင်းသူများကို အခွန်ပို၍ ကောက်သင့်ကြောင်း ၎င်းက ဆိုသည်။

"တစ်ဖက်မှာလည်း ဝင်ငွေကောင်းတဲ့သူတွေ၊ လုပ်ငန်းတွေကို အခွန်ပိုကောက်ခဲ့မယ်ဆိုရင် သူတို့ရဲ့ လုပ်ငန်း ခွင်မှာ ငွေ ထည့်ပြီး လည်နေတဲ့ အတွက်ကြောင့်မို့လို့ အရမ်း ကောက်ချလိုက်လို့ရှိရင် သူတို့က ရင်းနှီးမြုပ်နှံမှုတွေ မလုပ်တော့ ဘူး၊ လုပ်ငန်းတွေကိုရပ်ပစ်လိုက်တယ်၊ ရပ်ရတယ်ဆိုရင် တိုင်းပြည်စီးပွား ရေးပေါ်မှာ အကျိုး သက်ရောက်မှုတွေ ဖြစ် လာနိုင် သေးတယ်၊ အဲ့ဒီအတွက်ကြောင့် ဒါကိုလည်း သတိထားဖို့လိုတယ်၊"ဟု ပါမောက္ခ ရှောင်တန်နဲ (Sean Turnell) ကပြော သည်။

မြန်မာနိုင်ငံ၏ အခွန်ကောက်သည့်စနစ်မှာ ကျယ်ပြန့်ပြီး အပိုင်းပိုင်းဖြစ်နေသည့်အတွက် လုပ်ငန်းရှင်များအနေ ဖြင့်လည်း အခွန်နှုန်းထားများမှာ ပေးဆောင်ရမည့် ပမာဏထက်များနေခြင်းနှင့် အခွန်စနစ် ရှုပ်ထွေးနေသည့်အတွက် အခွန်ရှောင် ရန်လည်း ပိုမိုလွယ်ကူစေသည် ဟု ပါမောက္ခ ရှောင်တန်နဲ (Sean Turnell) က သုံးသပ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly