ဘင်္ဂလားဒေ့ရှ်တွင် အဝတ်အစားများ ပေးဝေလှုဒါန်းရာမှ လူအုပ်ပြိုမှုဖြစ်ကာ လူပေါင်းများစွာသေဆုံး

ဘင်္ဂလားဒေ့ရှ်တွင် အဝတ်အစားများ ပေးဝေလှုဒါန်းရာမှ လူအုပ်ပြိုမှုဖြစ်ကာ လူပေါင်းများစွာသေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြောက်ပိုင်း မိုင်မန်ဆင်းချ်မြို့တွင် အထည်အဝတ်အစား လှုဒါန်းပေးဝေရာမှ လူများကြိတ်ကြိတ်တိုးလာ ပြီးနောက် လူအုပ်ပြိုမှုဖြစ်၍ အနည်းဆုံး ၂၃ ဦးသေဆုံးကာ ၅၀ ထိခိုက်ဒဏ်ရာရကြောင်း ရဲက ပြောသည်။

အရုဏ်မတက်မီ အထည်အဝတ်အစားများ အခမဲ့ပေးဝေခြင်းဖြစ်ရာ စက်ရုံဝင်းဂိတ်ပေါက်တို့ လူရာပေါင်းများစွာ စုပြုံတိုးခြင်းကြောင့် လူအုပ်ပြိုမှု ဖြစ်ပွားခြင်းဖြစ်သည်။ ယင်းစက်ရုံပိုင်ရှင် အပါအဝင် လူခုနစ်ဦးကို ရဲက ဖမ်းဆီးထားသည်။

ရမဇန်ဥပုသ်ပွဲတော်ကာလအတွင်း ဘင်္ဂလားဒေ့ရှ်တွင် ကြွယ်ဝချမ်းသာသူများက မရှိဆင်းရဲသားများသို့ ရံဖန်ရံခါ အဝတ်အစား များ ပေးလှုဒါန်းခြင်းများပြုတတ်သည်။

ဆေးရွက်ကြီးထုတ်လုပ်စက်ရုံပိုင်ရှင်က အဝတ်အထည်များ ပေးဝေမည်ဟု ကြေညာပြီးနောက် ဒေသစံတော်ချိန် နံနက် ၄ နာရီ ၄၅ မိနစ်တွင် ယင်းစက်ရုံဝတွင် လူပေါင်း ၁၅၀၀ ကျော်ထက်မနည်း စုရုံးရောက်ရှိလာခြင်းဖြစ်ကြောင်း အေအက်ဖ်ပီသတင်း တွင်ဖော်ပြသည်။

" သေဆုံးတဲ့သူအများစုက ဆင်းရဲပြီး ပိန်လှီအားနည်းတဲ့ အမျိုးသမီးတွေဖြစ်ပါတယ်။ ဂိတ်တံခါးစဖွင့်ချင်းမှာ လူတွေက အလုံး လိုက် စုပြုံတိုးကြပြီး လဲသူလဲကျကာ ခုလို လူအုပ်ပြို လူသေဆုံးမှုဖြစ်ခဲ့တာပါ။"ဟု မြို့ရဲမှူး မွိုင်နူဟတ်က အေအက်ဖ်ပီ သတင်း ဌာနသို့ ပြောကြားခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly