၂၀၁၆ ရီယိုအိုလံပစ် မီတာ (၁၀၀) အပြေးပြိုင်ပွဲမှာ အူစိန်ဘော့ အနိုင်ရခဲ့ပြီး အိုလံပစ် ရွှေ (၃) ကြိမ်ဆက် ဆုရှင်ဖြစ်လာ

၂၀၁၆ ရီယိုအိုလံပစ် မီတာ (၁၀၀) အပြေးပြိုင်ပွဲမှာ အူစိန်ဘော့ အနိုင်ရခဲ့ပြီး အိုလံပစ် ရွှေ (၃) ကြိမ်ဆက် ဆုရှင်ဖြစ်လာ
(ဓာတ်ပုံ - အီးပီအေ)

ကမ္ဘာ့အမြန်ဆုံးလူသားအဖြစ် အသိအမှတ်ပြုခံထားရတဲ့ အူစိန်ဘော့ဟာ ရီယိုနွေရာသီ အားကစားပြိုင်ပွဲမှာ အမျိုးသားမီတာ (၁၀၀) ပွဲစဉ်မှာ အနိုင်ရရှိပြီးနောက် အိုလံပစ်ပြိုင်ပွဲ နောက်ဆုံး သုံးကြိမ်ဆက်တိုက် ရွှေတံဆိပ်ဆုရှင်ဖြစ်လာပါတယ်။

ဘော့ဟာ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာပြဿနာများရှိခဲ့ပေမယ့် ပြိုင်ဘက်ကစားသမာများက ယှဉ်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘဲ နောက်ဆုံးဖိုင်နယ်ပွဲစဉ်မှာ စံချိန် (၉.၈၁) စက္ကန့်နဲ့ ပန်းဝင်ခဲ့ပါတယ်။ အမေရိကန် အပြေးသမား ဂျတ်စတင်းဂတ်လင်းက (၉.၈၉) စက္ကန့်နဲ့ ငွေတံဆိပ်၊ ကနေဒါမှ အန်ဒရူးဒီ ဂရက်စ်က (၉.၉၁) စက္ကန့်နဲ့ တတိယ ရရှိခဲ့ပါတယ်။

အူစိန်ဘော့က ကမ္ဘာ့ချန်ပီယံရှစ် ရွှေတံဆပ် (၁၁) ခုကို ဆွတ်ခူးထားနိုင်ပြီး အိုလံပစ် ရွှေတံဆပ်ဆု (၇) ခု ပိုင်ဆိုင်ထားပါတယ်။

အူစိန်ဘော့ဟာ အင်္ဂါနေ့မှာ ယှဉ်ပြိုင်မယ့် မီတာ (၂၀၀) မှာ ရွှေတံဆိပ်ဆု ရရှိဖို့ ပစ်မှတ်ထားနေပြီး ဒါက သူ့ရဲ့ အနှစ်သက်ဆုံးပြိုင်ပွဲဖြစ်ပါတယ်။

အူစိန်ဘော့ဟာ ၂၀၀၈ ဘေဂျင်းအိုလံပစ်ပြိုင်ပွဲမှာ စတင်ယှဉ်ပြိုင်ခဲ့ပြီး စံချိန် (၉.၉၆) စက္ကန့်နဲ့ ရွှေ၊ ၂၀၁၂ လန်ဒန်အိုလံပစ်မှာ စံချိန် (၉.၆၃) စက္ကန့်နဲ့ ရွှေတံဆိပ်တို့ကို ဆွတ်ခူးထားခဲ့ပြီး လက်ရှိ သူရရှိထားတဲ့ ကမ္ဘာ့စံချိန်မှာ (၉.၅၈) စက္ကန့်ဖြစ်ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags