ဗီယက်နမ်၏ ၂၀၁၆ ခုနှစ်အတွင်း ပြည်ပဆန်တင်ပို့မှု ၂၇ ရာခိုင်နှုန်း လျော့ကျမည်

ဗီယက်နမ်၏ ၂၀၁၆ ခုနှစ်အတွင်း ပြည်ပဆန်တင်ပို့မှု ၂၇ ရာခိုင်နှုန်း လျော့ကျမည်

ဟနွိုင်း၊ သြဂုတ် ၁၅ ။         ။ ဗီယက်နမ်နိုင်ငံ၏  ယခုနှစ်အတွင်း ပြည်ပသို့ ဆန်တင်ပို့မှုသည်  ယမန်နှစ်ပမာဏအောက် ၂၇ ရာခိုင်နှုန်း လျော့ကျကာ တန်ချိန် ၄ ဒသမ ၇၅ သန်းသာ တင်ပို့နိုင်တော့မည်ဟု စားသောက်ကုန် လုပ်ငန်းအသင်း၏ ထုတ်ပြန်ချက်ကို ကိုးကား၍ နိုင်ငံပိုင်သတင်းစာက ဖော်ပြခဲ့သည်။

ယင်းပမာဏသည် ၂၀၀၈ ခုနှစ်နောက်ပိုင်း အနည်းဆုံးပမာဏဖြစ်သည်။ အာရှနှင့် အာဖရိကတိုက်များမှ ဆန်ဝယ်လိုအားကျဆင်းမှုနှင့် ထိုင်းအစိုးရက အရန်ဆန်ထုတ်ရောင်းမှုများ ကြောင့် ဗီယက်နမ်အနေဖြင့်  ယခုကဲ့သို့ ပြည်ပသို့ ဆန်တင်ပို့မှု လျော့ကျနိုင်ခြင်းဖြစ်ကြောင်း ဗီယက်နမ်အီကော်နော်မစ်တိုင်းမ်းသတင်းစာက ဖော်ပြခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags