အီဗရာဟီမိုဗစ်ကို ကစားသမားတစ်ဦးထက်ပိုသူဟု မော်ရင်ဟို ချီးကျူးး

အီဗရာဟီမိုဗစ်ကို ကစားသမားတစ်ဦးထက်ပိုသူဟု မော်ရင်ဟို ချီးကျူးး

သြဂုတ် ၁၅၊ အင်္ဂလန် ။           ။ မန်ယူအသင်းက ဘုန်းမောက်အသင်းကို ၁ ဂိုး ၃ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲအပြီးတွင် မန်ယူနည်းပြမော်ရင်ဟိုက အီဗရာဟီမိုဗစ်ချ်ကို ကစားသမားတစ်ဦးထက်ပိုသူဟု     ချီးကျူးး   ပြောဆိုလိုက်သည်။

မန်ယူအသင်းနှင့် ပထမဆုံးပရီးမီးယားလိဂ်ပွဲဦးထွက်ဖြစ်သည့် ထိုပွဲတွင် အသက် ၃၄ နှစ်ရှိပြီဖြစ်သည့် မိုဗစ်ချ်သည် ပုံမှန်ခြေစွမ်းဖြင့်ကစားနိုင်ခဲ့ပြီး အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ထိုဂိုးကို ၂၅ ကိုက်အကွာအဝေးမှ ကန်သွင်းယူခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် မိုဗစ်ချ်မှာ ပရီးမီးယားလိဂ်၊ စီးရီးအေ၊ လာလီဂါ၊ ပြင်သစ်လိဂ်နှင့် ချန်ပီယံလိဂ်ပြိုင်ပွဲများတွင် ပထမဆုံးပွဲဦးထွက်၌ပင် ဂိုးသွင်းနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ မိုဗစ်ချ်သည် ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ ဘာစီလိုနာ၊ ပီအက်စ်ဂျီ စသည့်အသင်းများတွင် ကစားစဉ်က ပထမဆုံးပွဲဦးထွက်၌ ဂိုးသွင်းနိုင်ခဲ့သလို ယခု မန်ယူတွင်လည်း သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

‘မိုဗစ်ချ်က မန်ယူအသင်းနဲ့ ပရီးမီးယားလိဂ်အတွက် ထူးခြားဆန်းကျယ်သူ ဖြစ်နိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ပရီးမီးယားလိဂ်မှာ သူ့လိုကစားသမားမျိုး ရှိနေတာ ကျေနပ်စရာကောင်းပါတယ်’ ဟု မော်ရင်ဟိုက ပြောသည်။

မိုဗစ်ချ်သည် မန်ယူသို့ မပြောင်းရွှေ့မီက ပီအက်စ်ဂျီအသင်းတွင် လေးနှစ်ကြာကစားခဲ့ပြီး ၁၅၆ ဂိုးသွင်းယူကာ အသင်း၏သမိုင်းတစ်လျှောက်ဂိုးသွင်းအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သူ ဖြစ်သည်။

မိုဗစ်ချ်အနေဖြင့် သူ၏ကစားသမားဘဝတွင် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ရရှိသင့်သည်ဟု မော်ရင်ဟိုက ဆိုခဲ့သေးသည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly