တောင်ကိုရီးယားတွင် မားစ်ကြောင့် ၃၆ ဦးမြောက် သေဆုံး

တောင်ကိုရီးယားတွင် မားစ်ကြောင့် ၃၆ ဦးမြောက် သေဆုံး

ဆိုးလ်၊ ဇူလိုင် ၁၀ ။    ။ တောင်ကိုရီးယားတွင် လွန်ခဲ့သည့် ငါးရက်အတွင်း မားစ် ကူးစက်မှုအသစ် မရှိသော်လည်း မားစ်ကြောင့် ၃၆ ဦးမြောက် လူနာမှာ သေဆုံးခဲ့ကြောင်း တောင်ကိုရီးယားက ဇူလိုင် ၁၀ ရက်တွင် ပြောကြားသည်။

နောက်ဆုံး သေဆုံးသူမှာ အဆုတ်ကင်ဆာရောဂါရှိသူဖြစ်ပြီး ဆိုးလ်ရှိ ဆေးရုံ တစ်ခုတွင် ကုသမှုခံယူစဉ် သေဆုံး သွားခြင်း ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနကို ကိုးကား၍ ယွန်ဟပ်သတင်း အေဂျင်စီက ဖော်ပြသည်။

တောင်ကိုရီးယားတွင် မားစ်ကူးစက်ခံရသူ ၁၈၆ ဦး အထိရှိပြီး လူ ၅၆၀ ကို ရောဂါခြေချုပ်ဖြင့် စောင့်ကြည့်နေရသည်။

ကူးစက်ခံရသူ ၁၂၅ ဦးမှာ ပြန်လည် ကျန်းမာလာ၍ ဆေးရုံမှ ဆင်းသွားပြီ ဖြစ်သည်။

အသက် ၆၈ နှစ်အရွယ် အမျိုးသားတစ်ဦး ဆော်ဒီအာရေးဘီးယားမှ ပြန်လာပြီးနောက် မေ၂၀ ကရောဂါကူးစက်ခံ ရကြောင်းတွေ့ ရှိရာမှ မားစ် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မားစ်ရောဂါအတွက် ကာကွယ် ကုသဆေး မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly