ဂျာမနီတွင် သေနတ်ဖြင့် အကြောင်းမဲ့ ပစ်သတ်မှုကြောင့် လူနှစ်ဦး သေဆုံး

ဂျာမနီတွင် သေနတ်ဖြင့် အကြောင်းမဲ့ ပစ်သတ်မှုကြောင့် လူနှစ်ဦး သေဆုံး

အန့်စဘတ်ချ်၊ ဇူလိုင် ၁၀ ။    ။ အန့်စဘတ်ချ်မြို့အနီးတွင် အသက် ၈၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် စက်ဘီးစီးလာသူ တစ်ဦးအား ပစ်သတ်ခဲ့ပြီးနောက် ဂျာမန်အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့သည်ဟု ရဲက ပြောကြားသည်။

သံသယရှိထိုအမျိုးသားက ၎င်း၏ ကားအတွင်းမှနေ၍ အခြားလူနှစ်ဦးကို ထပ်မံပစ်ခတ်ခဲ့သေးသော်လည်း နှစ်ဦးစလုံး ထိခိုက်ဒဏ်ရာ ရခြင်း မရှိဟု သိရသည်။ သေနတ်သမား ထွက်ပြေးသွား သည့်အတွက် တောင်ပိုင်း ဘာဘေးရီးယား ဒေသတစ်လွှားတွင် ထုနှင့် ထည်နှင့် လူသတ်သမားရှာ ပွဲကြီး ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly