လီဗာပူးလ်နောက်ခံလူ ဆာခိုကို ဘက်ဆစ်တပ်အသင်းခေါ်ယူလို

လီဗာပူးလ်နောက်ခံလူ ဆာခိုကို ဘက်ဆစ်တပ်အသင်းခေါ်ယူလို

သြဂုတ် ၁၄၊ လီဗာပူးလ်။        ။  ဘက်ဆစ်တက်အသင်းသည် လီဗာပူးလ်တွင် အနာဂါတ်မရေမရာဖြစ်နေသည့် နောက်ခံလူ မာမာဒူ ဆာခိုကို ပစ်မှတ်ထားနေ သည်။

စည်းကမ်းပိုင်းဆိုင်ရာ  ပြ ဿ     နာတက်ခဲ့သော  ပြင်သစ်ဗဟိုနောက်ခံလူကို တူရကီထိပ်တန်းကလပ်က ကမ်းလှမ်းရန် ပြင်ဆင်နေ ခြင်းဖြစ်သည်။

အသက် ၂၆ နှစ်အရွယ်ဆာခိုသည် တားမြစ်ဆေးနှင့်ပတ်သက်၍လည်း ပြီးခဲ့သည့်ရာသီနှောင်းပိုင်းက ပွဲကစားခွင့်ပိတ်ခံခဲ့ရသေး သည်။

ယူအီးအက်ဖ်အေမှပြန်လည်ပယ်ဖျက်ပေးခဲ့သော်လည်း ယူရိုပါလိဂ်ဗိုလ်လုပွဲနှင့် ယူရို ၂၀၁၆ ပြိုင်ပွဲကို လွဲချော်ခဲ့ရသည်။ လီဗာပူးလ်အသင်း၏ရာသီကြို အမေရိကန်ခြေစမ်းခရီးစဉ်တွင် စည်းကမ်းလိုက်နာခြင်းမရှိဟုဆိုကာ နည်းပြကလော့ပ်က စောစီးစွာအိမ်ပြန်လွှတ်ခဲ့ဖူးသည်။

အန်ဖီးလ်တွင်အနာဂါတ်မရေမရာဖြစ်နေသည့် ဆာခိုအတွက်ပြောင်းရွှေ့ကြေးကို လီဗာပူးလ်အသင်းက ပီအက်စ်ဂျီအသင်းထံမှ ခေါ်ယူစဉ်ကပေးခဲ့ရသည့် ပေါင် ၁၈ သန်းနီးပါး ပြန်လိုချင်နေသည်။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly