မီးတောင်ပြာများကြောင့် အင်ဒိုနီးရှားတွင် လေဆိပ် ငါးခုပိတ်

မီးတောင်ပြာများကြောင့် အင်ဒိုနီးရှားတွင် လေဆိပ် ငါးခုပိတ်
အင်ဒိုနီးရှား ရောင်မီးတောင်မှ ပြာများ မှုတ်ထုတ်နေစဉ်။ ဓာတ်ပုံ-အေအေပီ

ဒင်ပါဆာ၊ ဇူလိုင် ၁၀ ။      ။ အင်ဒိုနီးရှားမီးတောင်တစ်ခုမှ မျောပါနေသည့် ပြာများကြောင့် အားလပ်ရက် အပန်းဖြေသည့် ဘာလီကျွန်း ပေါ်မှ လေဆိပ်တစ်ခု အပါအဝင် လေဆိပ်ငါးခုကို ဇူလိုင် ၁၀ ရက်က ပိတ်လိုက်ရပြီး ပျံသန်းမှု ၂၅၀ ခန့် ဖျက်သိမ်း လိုက်ရသည့်အတွက် အားလပ်ရက် အပန်းဖြေသူ ထောင်ပေါင်းများ စွာမှာ သောင်တင်လျက်ရှိသည်။

အရှေ့ ဂျာဗားပြည်နယ်ရှိ ရောင်တောင်မှ မီးတောင်ပြာများ မှုတ်ထုတ်နေသည့်အတွက် လူကြိုက်များသည့် လွမ်ဘော့ကျွန်းပေါ် မှ နိုင်ငံတကာ လေဆိပ်မှာလည်း ဇူလိုင် ၉ ရက်နောက်ပိုင်းက ပိတ်သည့် လေဆိပ်များထဲတွင် ပါဝင်သွားခဲ့သည်ဟု သယ်ယူ ပို့ဆောင်ရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဂျေအေဘာရာတာက ပြောကြားသည်။  

မွတ်စလင်အများစုရှိသော အင်ဒိုနီးရှားတွင် ဟိန္ဒူကွက်ကွက်လေးသာရှိသော ဘာလီကျွန်းတွင် အားလပ် ရက် ခရီးထွက်သူ အများဆုံးရှိသော ကာလတွင် လေဆိပ်များ ပိတ်လိုက်ခြင်းဖြစ်သည်။ ယင်းနေရာရှိ အုန်းထန်းပင် များ ပေါများလျက်ရှိသော ကမ်းခြေများက ပြည်ပခရီးသည် သန်းပေါင်းများစွာကို နှစ်စဉ်ဆွဲဆောင်လျက်ရှိသည်။

ဂါရူဒါလေကြောင်းလိုင်းက လေယာဉ်ခရီးစဉ် ၁၁၂ ခုကို ဖျက်သိမ်းကြောင်း ဇူလိုင် ၁၀ က ပြောကြားသည်။ AirAsia၊ Virgin Australia ၊ jetstar, နှင့် Air New Zealand တို့ကလည်း ဘာလီသို့ သွားမည့် လေယာဉ်ခရီးစဉ် များကို ဖျက်သိမ်းလိုက်ကြောင်း အတည်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly