ပထမဆုံးအကြိမ် ထုတ်ဝေခဲ့သော “ Harry Potter and the Philosopher’s Stone” စာအုပ် စတာလင်ပေါင် ၂၀ ၀၀၀ ဖြင့် လေလံတင်ရောင်းချသွားမည်

ပထမဆုံးအကြိမ် ထုတ်ဝေခဲ့သော “ Harry Potter and the Philosopher’s Stone” စာအုပ် စတာလင်ပေါင် ၂၀ ၀၀၀ ဖြင့် လေလံတင်ရောင်းချသွားမည်

နယူးယော့ခ်၊ သြဂုတ် ၁၃ ။             ။ ပထမဆုံးအကြိမ် ထုတ်ဝေခဲ့သော “Harrry Potter and the Philosopher’s Stone”စာအုပ်ကို နိုဝင်ဘာလ ၉ရက်တွင် Bonhams လေလံကုမ္ပဏီ၌ စတာလင်ပေါင် ၂၀ ၀၀၀ ဖြင့် လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ပုံနှိပ်ရာတွင် အမှားပါသွားသော  ပထမဆုံးအကြိမ်ထုတ်ဝေခဲ့သည့် “ Harry Potter and the Philosopher’s Stone”  စာအုပ်သည် အုပ်ရေ ၅၀၀ သာထုတ်ဝေခဲ့ပြီး လေလံတင်ရောင်းချမည့်စာအုပ်သည် ထုတ်ဝေခဲ့သည့် အုပ်ရေ ၅၀၀အနက် တစ်အုပ်အပါအဝင်ဖြစ်သည်။

“ Harry Potter and the Philosopher’s Stone” စာအုပ်များတွင်  ဟယ်ရီ၏  Hogwarts ကျောင်းသုံးပစ္စည်းစာရင်းတွင် “ 1 wand” စာသားကို နှစ်ကြိမ်ပုံနှိပ်ထားသည်ကို တွေ့ရသည်။စာမျက်နှာ ၅၃ တွင် “ 1 wand” စာသားကို နှစ်ကြိမ် ပုံနှိပ်ထားသည်ကို မြင်တွေ့ရသည်။

“ ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲရဲ့ ပထမဆုံးစာအုပ် “ Harry Potter and the Philosopher’s Stone” စာအုပ်ဟာ  ကမ္ဘာတစ်ဝန်း စာဖတ်သူသန်းပေါင်းများစွာရဲ့ အားပေးမှုကို ရရှိထားတယ်။ စာအုပ်မှာ “  wand” စာသားနှစ်ကြိမ်ပါတာကို စာပြင်သမားက သတိမပြုမိဘဲ ဖြစ်သွားတယ်။ ဒါကြောင့် စာအုပ်ဟာ ပိုပြီး လူသိများသွားတယ်။”ဟု  Bonhams လေလံကုမ္ပဏီ၏ စာအုပ်နှင့် လက်ရေးမှုဆိုင်ရာ အကြီးအကဲ မက်သရူဟာလေးက ပြောကြားသည်။

“  လူငယ်စာဖတ်ပရိသတ်တွေကို ရည်ရွယ်ထုတ်ဝေတဲ့ စာအုပ်တွေလိုပဲ ဟယ်ရီပေါ်တာ စာအုပ်တွေဟာ လူငယ်များအကြား ကျယ်ကျယ်ပြန့်ပြန့် ကြိုက်နှစ်သက်မှုရရှိခဲ့တယ်။ ပထမဆုံးအကြိမ်ထုတ်ဝေမှုနဲ့ဈေးကွက်မှာ နေရာတစ်ရာ ရရှိလာတယ်”ဟု ၎င်းက ပြောကြားသည်။

“ Harry Potter and the Philosopher’s Stone” စာအုပ်ကို ၁၉၉၇ ခုနှစ်က ထုတ်ဝေခဲ့ပြီး  ကမ္ဘာတစ်ဝှမ်း စာအုပ်ရေ သန်း၄၀၀ကျော်ရောင်းချနိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly