နာဂသူပုန်ခေါင်းဆောင်ကို ခုံရုံးတင်နိုင်ရေး လက်လွှဲပေးအပ်ရန် အင်တာပိုမှ တစ်ဆင့် မြန်မာအာဏာပိုင်များအား အိန္ဒိယတောင်းဆိုမည်

နာဂသူပုန်ခေါင်းဆောင်ကို ခုံရုံးတင်နိုင်ရေး လက်လွှဲပေးအပ်ရန် အင်တာပိုမှ တစ်ဆင့် မြန်မာအာဏာပိုင်များအား အိန္ဒိယတောင်းဆိုမည်
(NSCN) နာဂသူပုန်ခေါင်းဆောင် S.S. Khaplang

ပြီးခဲ့သည့် လက မဏိပူရ်တွင် အိန္ဒိယစစ်သား ၁၈ ဦး သေဆုံးခဲ့သည့် ချုံခိုတိုက်ခိုက်မှုအတွက် Nationalist Socialist Council of Nagaland (NSCN) နာဂသူပုန်ခေါင်းဆောင် S.S. Khaplang ကို ခုံရုံးတင်စစ်ဆေးသွားနိုင်ရေး လက်လွှဲပေးအပ်ရေး အတွက် မြန်မာအာဏာပိုင်များအား အင်တာပိုကတစ်ဆင့် အိန္ဒိယ အမျိုးသားထောက်လှမ်းရေးအေဂျင်စီ NIA ကတောင်းဆိုသွား မည်ဖြစ်သည်။

Khaplang သည် ဇွန် ၄ ရက်က ချုံခိုတိုက်ခိုက်မှုတွင် အဓိက တရားခံတစ်ဦးဖြစ်သည်ဟု NIA ကသတ်မှတ်ထားပြီး ၎င်းအား တရားစွဲဆိုနိုင်မည့် အချက်အလက်များကို မြန်မာအစိုးရသို့ ပေးအပ်နိုင်ရန်အတွက် ပြင်ဆင်လျက်ရှိနေကြောင်း သတင်းရင်းမြစ် များကပြောသည်။

ယခုကိစ္စရပ်အား မြန်မာတပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မကြာမီ အိန္ဒိယနိုင်ငံသို့ လာရောက်လည်ပတ်ချိန် တွင် ဆွေးနွေးသွားဖွယ်ရှိကြောင်းလည်း သတင်းရင်းမြစ်များက ပြောသည်။

မကြာသေးမီက Khaplang ကို ဆေးကုသမှုပေးကာ ဆေးရုံတွင် တင်ထားရှိကြောင်း မြန်မာနိုင်ငံဖက်က အိန္ဒိယနိုင်ငံ ကိုပြော ခဲ့ကြောင်းလည်း ယင်းသတင်းရင်းမြစ်က ဖြည့်စွက်ပြောသည်။

မြန်မာတိုင်းရင်းသားတစ်ဦးဖြစ်သည့် NSCN(K) ခေါင်းဆောင်ကို NIA က နိုင်ငံရင်းသို့ ပြန်လည်ပို့ဆောင်မည့် မဟုတ်ကြောင်း လည်း ယင်းသတင်းရင်းမြစ်များက ပြောသည်။ အိန္ဒိယစစ်တပ်များ၏ နယ်စပ်ရှိ သောင်းကျန်းသူချေမှုန်းရေး စစ်ဆင်ရေးများနှင့် ပတ်သက်ပြီး မြန်မာအစိုးရနှင့် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိကြောင်းလည်း ဆိုထားသည်။

အဆိုပါစစ်ဆင်ရေးများကြောင့် မြန်မာနိုင်ငံသား တစ်စုံတစ်ဦးမှ ထိခိုက်မှုမရှိစေရန်အတွက် မြန်မာဖက်က အိန္ဒိယနိုင်ငံ အား တောင်းဆိုထားသည်။

Ref: The Asia Age

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags