နား၊ နှာခေါင်း လည်ချောင်းဆေးရုံး တိုးချဲ့အဆောက်အအုံ ပြိုကျ၊ လူတစ်ဦးသေဆုံး

နား၊ နှာခေါင်း လည်ချောင်းဆေးရုံး တိုးချဲ့အဆောက်အအုံ ပြိုကျ၊ လူတစ်ဦးသေဆုံး

ရန်ကုန်၊ သြဂုတ် ၁၃ ။          ။ ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံ ဆောက်လက်စတိုးချဲ့ ၅ ထပ်ဆောင် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အဆောက်အဦးမြိုကျမှုတစ်ခု သြဂုတ်လ ၁၃ ရက် နံနက် ၁၁ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့ရာ အသက် ၃၂ နှစ်အရွယ် အလုပ်သမားတစ်ဦး သေဆုံးခဲ့သည်။

ဆေးရုံ၏ တိုးချဲ့ ၅ ထပ်ဆောက်ဆောက်လုပ်နေရာမှ ၅ လွှာမှာ ၄ လွှာသို့ တစ်လွှာပြိုကျခဲ့ခြင်းဖြစ်ပြီး အလုပ်သမားတစ် ဦး သေဆုံးမှုအပြင် အခြားအလုပ် သမားနှစ်ဦး လည်း ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းအေဆောက်အအုံမှာ မင်းလွင် ဆောက် လုပ်ရေးလုပ်ငန်းမှ တာဝန် ယူဆောက် လုပ်နေခြင်းဖြစ်ကြောင်း တာမွေမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကျော် လွင်ဦးက မီဒီယာများကို ပြောသည်။

"ဆောက်လုပ်ရေးလောကအကြောင်း ကျွန်တော်တို့လည်းမသိပါဘူး၊ သို့သော် စံချိန်စံညွှန်းနဲ့ အညီဆောက် လုပ်ရင် တော့ ဘေးအန္တရာယ်ပို ကင်းရှင်းမယ်ပေါ့၊ နောက်တစ်ခုက ရာသီဥတုအနေအထားတွေဘာတွေ ထည့်သွင်း တွက် ချက်ပြီးတော့မှ ဒါတွေကို ဆောက်လုပ်ရင်တော့ အကောင်းဆုံးဖြစ်မှာပေါ့" ဟု ၎င်းက မဇ္ဈိမသို့ပြောသည်။

အဆိုပါ အဆောက်အဦးပြိုကျမှု ဖြစ်ပွားရာသို့ တာမွေမြို့နယ် မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့နှင့် ရှင်သန်ရေး ကူညီမှုအသင်းတို့မှ အင်အား ၃၀ ကျော်ဖြင့် ရှာဖွေကယ်ဆယ်ရေး ဆောက်ရွက်ခဲ့ပြီး ပြိုကျမှုနှင့် ပတ်သတ်၍လည်း ဆောက်လုပ် ရေးပိုင်းကို စစ်ဆေးဆောင်ရွက်သွားမည်ဟု တာမွေမြို့နယ်ခေတ္တ ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ဦးမျိုးမြင့်ကြိုင် ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly