မုဒွန်းရွာ ကျောက်သင်ပုန်းလုပ်ငန်းခွင်သို့ တစ်ခေါက်ရောက်ရှိခြင်း

13 August 2016
မုဒွန်းရွာ ကျောက်သင်ပုန်းလုပ်ငန်းခွင်သို့ တစ်ခေါက်ရောက်ရှိခြင်း

ကျောက်သင်ပုန်းတွေကတော့ မုဒွန်းရွာရဲ့ လက်မှုလုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။ အရင်တုန်းက မြန်မာတို့ စာပေသင်ကြားရာမှာ ရေးမှတ်မှတ်သားတွက်ချက်ရတဲ့ စာရေးကြိယာပဲဖြစ် ပါတယ်။ ကျောက်သင်ပုန်းကို ကျောက်သားနဲ့ ပြုလုပ်ထားပါတယ်။ ကျောက်သင်ပုန်းပေါ်မှာ ရေးတဲ့အခါ ကျောက်တံနဲ့ရေးရပါတယ်။

ကျောက်သင်ပုန်း စတင်ပေါ်ပေါက်ခဲ့တာကတော့ ၁၉၄၅ ခုနှစ်က ဦးအောင်သိန်းဆိုသူက မုဆိုးမတောင်မှာ စီးဆင်းနေတဲ့ စမ်းချောင်းမှာရှိတဲ့ ကျောက်ပြားတွေကို ကောက်ယူပြီးတော့ သံတွေနဲ့ခြစ်ကာ ကျောက်သင်ပုန်းကို စတင်ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီအချိန်ကတော့ စက်တွေမပေါ်သေးတဲ့အတွက်ကြောင့် လက်ဖြင့်သာ လုပ်ခဲ့ရတာဖြစ်လို့ တစ်နေ့မှာ ကျောက်သင်ပုန်း ၅ ချပ်ပဲ ပြီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အရင်တုန်းကတော့ စလိပ်လို့ခေါ်တဲ့ ကျောက်သင်ပုန်း ကျောက်ချပ်တွေကို အလွယ်တကူ ခွာယူ အသုံးပြုလာခဲ့ကြပါတယ်။ ၁၉၅၀ ခုနောက်ပိုင်းမှာတော့ ကျောက်ပြားတွေကို ခွာယူလို့မရတော့လို့ ပဲ စတင်တူးဖော်ရယူကြရာက ကျောက်တွင်းတွေ ဖြစ်လာခဲ့ပါတယ်။ ကျောက်သင်ပုန်းကျောက်တွေကိုတော့ မုဆိုးမတောင်အနီးနားမှာရှိတဲ့ တောင်များကနေ တူးဖော်ရရှိပါတယ်။ တွင်းတွေကိုလည်း တည့်တည့်မတူးရဘဲ ခပ်စောင်းစောင်းလေး တူးရပါတယ်။ အချို့တွင်းတွေကတော့ ပေ ၂၀၀ အထိ နက်ကြပါတယ်။

ကျောက်သင်ပုန်းလုပ်ဖို့တူးယူရတဲ့ ကျောက်တောင်ကြီးကတော့ ပေ ၂၀၀ လောက်ကို မြင့်ပါတယ်။ ကျောက်သင်ပုန်းကျောက်တစ်ချပ် ရရှိဖို့ကို တော်တော်လေးကို မလွယ်လှပါဘူး။ သင်ပုန်းကျောက်တွေတူးတဲ့ တောင်ပေါ်ကို ရောက်အောင်ကိုပဲ မနည်း ခက်ခက်ခဲခဲ သွားခဲ့ရပါတယ်။

အခုရောက်နေတာကတော့ ဈေးကွက်ထဲမှာ ရောက်ရှိနေတဲ့ ကျောက်သင်ပုန်း ကျောက်တံတွေ ထုတ်လုပ်ဖို့အတွက် ကုန်ကြမ်းရရှိအောင် တူးရတဲ့ သင်ပုန်းကျောက် တွင်းကြီးတွေပါ။ ဒီတွင်းကြီးတွေဟာဆိုရင် ဒီကျောက်တောင်ကြီးရဲ့ အမြင့်တစ်နေရာမှာပဲ တည်ရှိပြီးတော့ ဒီတွင်းပေါက်ကြီးတွေကို ရောက်ရှိဖို့အတွက် ကျောက်တောင်နံရံတွေကို အဆင့်ဆင့် ဖြတ်သန်းလာခဲ့ရပါတယ်။ ဒီကျောက်တောင်တွေကလည်း နဂို မတ်စောက်တဲ့အပြင် ဒီကျောက်သင်ပုန်း ကျောက်ချပ်တွေက အပြည့်ဖြစ်နေတဲ့အတွက် ဒရွတ်ဆွဲပြီးတော့ တက်တဲ့သူကို ပိုပြီးတော့ ဆွဲချသလိုလဲ ဖြစ်စေတယ်။ ကိုယ်လွတ်တက်လာခဲ့တာတောင် တော်တော်ကို ခက်ခက်ခဲခဲ အနေအထားမျိုးမှာ ဒီကကျောက်တုံးကြီးတွေကို အောက်အထိသယ်ပြီးတော့ ကျောက်သင်ပုန်းတွေဖြစ်လာအောင် အဆင့်ဆင့် ပြုလုပ်ခဲ့ရပါတယ်။ ကျောက်သင်ပုန်းလေးတွေ ကျောက်တံလေးတွေရဲ့ တန်ဖိုးက ဈေးမကြီးလှပေမယ့် ကုန်ကြမ်းရဖို့ အဆင့်တစ်ခုတည်းနဲ့တင် ဒီလို အန္တရာယ်များတဲ့နေရာမှာ ခက်ခက်ခဲခဲ တူးဖော်ခဲ့ရတာကိုလည်း တွေ့ခဲ့ရပါတယ်။

ဒီဘက်ဘေးမှာ တွေ့ရတဲ့ကျောက်သားထပ်တွေကတော့ ကျောက်ပြားတူးတဲ့ အလုပ်သမားတွေက ကျောက်ချပ်တွေကို ပုံထားတာပါ။ ဒီဘက်ခြမ်းကတော့ သဘာဝအတိုင်း ကျောက်နံရံကြီးတွေပါ။ အထဲထဲမှာ ဆက်ဝင်သွားရင် တွင်းပေါက်ကြီးတွေရှိပါတယ်။ တွင်းပေါက်ကြီးတွေရဲ့ အောက်ကို ဆင်းသွားပြီးတော့ ဒီကျောက်ပြားတွေကို တူးဖော်ရပါတယ်။ အပေါက်ဝကနေပြီးတော့ တဖြည်းဖြည်းနဲ့တူးလာတာ တွင်းပေါက်ကြီးတွေလည်း တော်တော်ရှည်လာပါပြီ။ ဒီအနောက်ဘက်က တွင်းပေါက်ကြီးတွေမှာဆိုလို့ရှိရင် တချို့နေရာတွေကို ဖယောင်းတိုင်ထွန်းပြီးတော့ သွားရပါတယ်။ မီးချောင်းထွန်းလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီတွင်းပေါက်ထဲမှာ လေရှိမရှိ သိနိုင်ဖို့ ဒီက အလုပ်သမားတွေက တွင်းပေါက်ထဲကို ဖယောင်းတိုင်ထွန်းပြီးသွားရပါတယ်။ ဖယောင်းတိုင်ထွန်းလို့မရတဲ့နေရာမျိုးဆိုရင် လေမရှိတော့တာဖြစ်တဲ့အတွက် သူတို့တွေ သတိထားပြီးတော့ ပြန်ပြီးတော့ တူးဖော်ရတာတွေရှိပါတယ်။

ဂူထဲဝင်သွားတော့ ဂူထဲမှာမှောင်နေတဲ့အတွက် ကျောက်သားတွေရဲ့အနေအထားကို သေသေချာချာမမြင်ရပါဘူး။ အပြင်မှာဆိုလို့ရှိရင်တော့ ကျောက်သင်ပုန်းတူးတဲ့ ကျောက်သားကြီးတွေရဲ့ အနေအထားကို ရှင်းရှင်းလင်းလင်း မြင်ရပါတယ်။ ကျောက်သားတွေရဲ့အထပ်တွေက သူ့သဘာဝအတိုင်း တစောင်းလေးတွေ ရှိနေတာဖြစ်တဲ့အတွက်ကြောင့် ဒီကျောက်တူးတဲ့အခါမှာလည်း တွင်းတွေက တစောင်းဆင်းရမှာဖြစ်သလို ဒီကျောက်တူးသမားတွေက ကျောက်တွေကို နံရံတွေကနေ ဖြတ်တောက်တဲ့အခါမှာလည်း တစောင်းပဲ ဖြတ်တောက်ရပါတယ်တဲ့။ ဒါမှ လိုချင်တဲ့ ဆိုဒ်တွေ ရနိုင်ဖို့အတွက် အလွှာတွေ ကျောက်လွှာအချပ်ကြီးကြီးတွေ ရမှာဖြစ်ပါတယ်။

ကျောက်သင်ပုန်းကျောက်တောင်ကြီးကနေ ကျောက်နံရံတွေက လုပ်သားတွေက  အချပ်လိုက်ကြီးတွေကို တူးဖော်ပြီးတော့ ထုပ်ယူကြပါတယ်။ ပြီးတော့မှ ဒီကျောက်သားတွေမှာ ကြည့်လိုက်ရင် အလွှာလိုက် အထပ်လိုက်မြင်ရတယ်။ အဲဒါတွေကိုမှ တစ်လွှာခြင်း ခွာထုတ်ရတာပါ။ ခွာထုတ်တဲ့အခါမှာတော့ ကျောက်သားရဲ နဂိုမျက်နှာပြင်က ညီညာမှုမရှိပါဘူး။ အဲဒီအတွက် မျက်နှာပြင်ကို ရွေဘော်တွေနဲ့ထိုးတယ်။ ကော်ဘတ်နဲ့စားတယ်။ ပြီးလို့ရှိရင် ဘောင်တွေကို အချောသပ်မယ်။ ပြီးတော့မှ ဒီလိုအနေအထားလေးမျိုးကို ထုတ်ယူထားတာပါ။ ပြီးလို့ရှိရင် ဒီဘောက်ဘက်က အလုပ်ရုံတွေမှာ ဒါလေးတွေကို ပိုပြီးတော့ချောသွားအောင် ကော်ဘတ်တွေထပ်စားမယ်။ ပြီးလို့ရှိရင် သစ်သားဘောင်တွေပြန်တပ်မယ်။ ပြီးမှ လှလှပပ ထုပ်ပိုးပြီးတော့ ဈေးကွက်ကို ပို့ကြမှာပါ။

ကျောက်တွင်းက သယ်ယူလာတဲ့ ကျောက်တွေကို ရေဘော်နဲ့ မျက်နှာပြင် ညီအောင် ပါးအောင် မျက်နှာပြင်နှစ်ဘက်လုံးကို ထိုးပေးရပါတယ်။ ထိုးပြီးသား ကျောက်ပြားတွေကိုတော့ စတုဂံပုံကျအောင် ညီညီညာညာလေးညှပ်ပေးရပါတယ်။  ရွေဘော်ထိုးပြီးရင်တော့ ရေတစ်ည စိမ်ထားပေးရပါတယ်။ ပြီးရင်တော့ အခြောက်လှန်းပြီးတော့ အမဲရောင်သုတ်ပေးရပါတယ်။ 

ကျောက်သင်ပုန်းဘောင်ကို သစ်ဖြူသားနဲ့ လုပ်ပါတယ်။ သစ်ဖြူသားက ပိုးလည်းမစား ခိုင်လည်းခိုင်တယ်လို့ဆိုပါတယ်။ ပြီးတော့ ပေါ့လည်းပေါ့တယ်လို့ သိရပါတယ်။

အခု ဘောင်လေးတွေကို အရာတွေပေးတယ်။ ဖြတ်ကြတယ်။ နောက်ပြီးတော့ တပ်ဖို့အတွက်လည်း အရာတွေထပ်ပေးတယ်။ လွှတွေနဲ့ ဖြတ်ကြတယ်။ ပြီးတော့ ဒီလွှတွေနဲ့တိုက်တာ ဘာလို့လဲဆိုတော့ သူတို့ဒီဘက်အနောက် ဘောင်မှာ ကျောက်သင်ပုန်းဘောင်မှာ စရွေးကိုက်ဖို့အတွက် အရာတွေပေးကြတယ်။ ပြီးတော့ စက်တွေနဲ့ လှီးဖြတ်ကြတယ်ပေါ့နော်။ ပြီးတဲ့အခါကျတော့ အခု က ဘောင်တွေကိုတပ်လိုက်ကြတယ်။ ဒီဘောင်လေးတွေနဲ့ ဒီကျောက်သင်ပုန်း ကျောက်ပြားတွေနဲ့ ကပ်နေတာတာပါ။ ဒါဆိုလို့ရှိရင် အခုမြင်ရသလောက်ကတော့ ကျောက်သင်ပုန်းလေးက ပြီးသလောက်တော့ ရှိသွားပြီပေါ့နော်။ ဘောင်လေးတွေကတော့ တော်တော်လေး ကြမ်းနေသေးတယ်။ မညီမညာတွေလည်း ဖြစ်နေသေးတယ်။ 

အခုဆို ဒီမှာ နဲနဲဟနေတာ တွေ့တယ်မလား အဲဒါလေးတွေကို ညီဖို့အတွက် လွှနဲ့ ပြန်တိုက်ရသေးတယ်။

ထောင့်တွေကို ဝိုင်းဝိုင်းလေးတွေဖြစ်အောင် ဖြတ်ရမယ်။ အချွန်တွေမရှိတဲ့အတွက် ကလေးတွေအတွက်လည်း အန္တရာယ်ကင်းစေပါတယ်။ အများအားဖြင့် ကျောင်သင်ပုန်းကိုသုံးတာ ကလေးတွေဆိုတော့ ကလေးငယ်လေးတွေရဲ့ လက်က နုနုလေးတွေ အနာတရမဖြစ်အောင်လို့တော့ အတတ်နိုင်ဆုံး လုပ်ကြရတယ်လို့ဆိုပါတယ်။

ဒါဆိုလို့ရှိရင် အခု  နောက်ဆုံးတွေ့ရတဲ့အတိုင်းပါပဲ ကျောက်သင်ပုန်းလေးကတော့ အချောပြီးသွားပြီ။ ဆိုတော့ ဘောင်တွေကို စရွေးတွေကိုက်တယ်။ ပြ့ီးတော့ ဘောင်ကို လုံးသွားအောင်ဆိုြ့ပီးတော့ ဖြတ်တယ်။ ပြီးရင် မျက်နှာပြင်တွေ ဘောင်တွေကို ချောသွားအောင် ရွေဘော်လေးနဲ့ စားပြီးသွားတဲ့အခါမှာတော့ အခု နောက်ဆုံး ဈေးကွက်မှာမြင်နေရတဲ့ ကျောက်သင်ပုန်းအရွယ်အစားတိုင်း မြင်နေရပါပြီ။

ဒီကျောက်သင်ပုန်းလေးတွေကို ဘယ်ကို ပို့လဲဆိုရင် အိမ်ရှင်ဆီကို ပို့ပါတယ်တဲ့။ ဟိုဘက်မှာ ပိုင်ရှင်အိမ်ရှိပါတယ်တဲ့။ ပို့ပြီးရင် ပိုင်ရှင်အိမ်မှာ ဒီဘောင်လေးတွေကို သံနဲ့ ရိုက်ပေးပါတယ်တဲ့။ ပြီးရင် ကျောက်သင်ပုန်းဘောင်မှာ တံဆိပ်ကိုကပ်တယ်တဲ့။ ပြီးတော့ စက္ကူဗူးတွေထဲကိုသွင်းတယ်။ ပြီးတော့မှ မော်လမြိုင်ဈေးကွက်ကို ပို့တယ်လို့ ပြောပါတယ်။ 

ကျောင်းသင်ပုန်းလုပ်ငန်းပိုင်ရှင်ဖြစ်တဲ့သူကို အခုလိုမေးကြည့်ပါတယ်။

အဲဒါဆိုလို့ရှိရင် အကိုတို့ ဒီကျောက်သင်ပုန်းတွေကို အရင်တုန်းကတည်းက လုပ်ခဲ့တာပေါ့နော်။ အကိုတို့ ဒီကျောက်သင်ပုန်းလုပ်ခဲ့တာ ဘယ်လောက်လောက် ကြာပြီလဲ။ ပြီးတော့ ဈေးကွက်အခြေအနေလေးလည်းသိပါရစေ။

“ကျွန်တော်လုပ်တာ ၁၀ နှစ်လောက်တော့ ရှိပါပြီ။ ကျွန်တော် ကျောင်းတက်တည်းက လုပ်တာပါ။

ဟိုတုန်းကတော့ အရောင်းအဝယ်ကောင်းတယ်။ ဗမာတစ်ပြည်လုံးလည်း သုံးတယ်။ အခုကျတော့ ကျွန်တေ်ာတို့ ဒီမော်လမြိုင်လောက်ပဲ သုံးတာများတယ်။ ကျန်တဲ့မြို့နယ်တွေက သိပ်ပြီးတော့ မသုံးတော့ဘူးလေ။ နောက်ပြီးတော့ လုပ်ရတာလည်း လွယ်တယ်လေ။ အရင်းအနှီးကလည်း နည်းတယ်။ ကျောက်ကလည်း ဈေးတော်တယ်။

အခုနောက်ပိုင်းမှာတော့ ကျောက်သင်ပုန်းဈေးကွက်က အရင်ကလို အသုံးမများတော့တာကြောင့်လည်း ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ကျောက်ပြားတွေ အထွက်နည်းလာမှုကလည်း သုံးစွဲသူနဲ့ မျှတစေပါတယ်။ အချို့ ကျေးရွာ မူလတန်းကျောင်းတွေနဲ့ မြန်မာနိုင်ငံ အထက်ပိုင်းတွေမှာတော့ အခုချိန်ထိ ကျောက်သင်ပုန်းကို သုံးစွဲလျက် ရှိနေပါသေးတယ်။ ကျောက်သင်ပုန်းတွေကို သုံးစွဲမှု နည်းသွားပေမယ့် မွန်တို့ရဲ့ လက်မှုပညာတစ်ခုဖြစ်တဲ့ ကျောက်သင်ပုံးလုပ်ငန်းကတော့ တည်ရှိနေဦးမှာ ဖြစ်ပါတယ်။”

 

Mizzima Weekly