ကလေးအသေနှင့် မွေးဖွားလာသည့် ကလေးကို လဲကာ ခိုးယူရောင်းချသည့် ဆေးရုံဝန်ထမ်းများပါသော ဂိုဏ်းအား ပါကစ္စတန်တွင် ဖမ်းဆီး

ကလေးအသေနှင့် မွေးဖွားလာသည့် ကလေးကို လဲကာ ခိုးယူရောင်းချသည့် ဆေးရုံဝန်ထမ်းများပါသော ဂိုဏ်းအား ပါကစ္စတန်တွင် ဖမ်းဆီး

ပတ်ရှ်ဝါ၊ သြဂုတ် ၁၃ ။             ။ ပါကစ္စတန်နိုင်ငံ ပတ်ရှ်ဝါတွင် မွေးကင်းစကလေးငယ်များအား ရောင်းချမည့် အစီအစဉ်ဖြင့် ဆေးရုံဝန်ထမ်းတစ်ချို့ကို ပါကစ္စတန်ရဲများက ဖမ်းဆီးရသည်။

ယင်းကလေးခိုးဂိုဏ်းသည် ဆေးရုံသားဖွားဆောင်များတွင် မွေးစကလေးများကို သေဆုံးကလေးများနှင့် လဲလှယ်ပြီး မိဘဖြစ်သူများအား ကလေးက အဖတ်မတင်ကြောင်း ပြောကာ ခိုးယူခြင်းဖြစ်ကြောင်း ရဲက ဘီဘီစီသို့ပြောသည်။

ထိုခိုးယူသည့်က ကလေးများအား ကလေးမရနိုင်သည့် စုံတွဲများသို့ ရူပီး ၇၀၀၀၀ မှ ၃၀၀၀၀၀ ကြားဖြင့် ရောင်းချနေခြင်းဖြစ်သည်။

ပါကစ္စတန်နိုင်ငံအတွင်း ပြီးခဲ့သည့် ကာလများအတွင်းကလည်း ကလေးခိုးယူမှု မြင့်တက်ခဲ့သည်။

ကလေးခိုးယူခံ၍ တိုင်ကြားမှုများ မြင့်တက်နေကြောင်း ရဲက ပြောသည်။

တစ်ချို့သော မိခင်များက ကျန်းမာသည့်ကလေးများ မွေးဖွားသော်လည်း နာရီပိုင်းအတွင်း ကလေးက သေဆုံးသည်ဟု အပြောခံရကာ ကလေးအဖတ်မတင်ဖြစ်ရကြောင်း ပြောသည်။
ယခုဖမ်းမိသူများတွင် အမျိုးသမီးငါးဦးနှင့် သူနာပြုတစ်ဦးအပါအဝင် အမျိုးသားနှစ်ဦး၊ ကျန်းမာရေးဝန်ထမ်းနှစ်ဦးနှင့် ကလေးမရသည့် စုံတွဲများနှင့် ချိတ်ဆက်ပေးကာ အရောင်းအဝယ်လုပ်သူတစ်ဦးတို့ ပါဝင်သည်။

ယင်းဂိုဏ်းအဖွဲ့ ခိုးယူထားသည့် မိန်းကလေးတစ်ဦးကိုလည်း ကယ်တင်နိုင်သည်။

အဆိုပါ ဂိုဏ်းက ကလေးကိုးဦးအား ခိုးယူကာ ရောင်းချထားခဲ့ကြောင်း ရဲက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly