ရေကြီးမှုကြောင့် ပျက်စီးသွားသည်များ ပြန်လည်ပြုပြင်ရန် စက်ယန္တရားကြီးများ ပြည်ထောင်စုအစိုးရ ထောက်ပံ့

ရေကြီးမှုကြောင့် ပျက်စီးသွားသည်များ ပြန်လည်ပြုပြင်ရန် စက်ယန္တရားကြီးများ ပြည်ထောင်စုအစိုးရ ထောက်ပံ့

မကွေးတိုင်း ဒေသကြီးအတွင်း ရေဘေးသင့်ဒေသများ ပျက်စီးနေမှုကို ပြန်လည်ပြုပြင်ရန် ပြည်ထောင်စု အစိုးရမှ ထောက်ပံပေးသည့် ယာဉ်ယန္တရားကြီးများ  သြဂုတ်လ(၁၁)ရက်တွင် မကွေးတိုင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာနသို့ ရောက်ရှိနေပြီဖြစ်သည်။

နယ်စပ်ရေးရာဝန်ကြီးဌာနမှ Dump Truck (၃)စီး၊ Dozer (၁)စီး၊ Back hoe (၂)စီး၊ စုစုပေါင်း ယာဉ်ယန္တရား(၆)စီးအား မကွေးတိုင်းအစိုးရအဖွဲ့သို့ ပို့ဆောင်ပေးခဲ့ပြီး အဆိုပါယာဉ်ယန္တရားများ အားလုံးသည် မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနသို့ ရောက်ရှိနေခြင်းဖြစ်သည်။

မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး (နည်းပညာ)ဦးဇော်လင်းနိုင်က "အခုကျွန်တော်တို့ဆီကို ယာဉ်ယန္တရား(၆)စီးလုံး အစုံရောက်နေပါပြီ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အရ Dozer (၁)စီး၊ Back hoe (၁)စီးနဲ့ Dump Truck (၃)စီးကို ပွင့်ဖြူမြို့နယ် ကုန်းဇောင်း - သံကိုင်းတာဘောင် ဆည်ဖို့ခြင်းလုပ်ငန်းများ အမြန်ဆောင်ရွက်နိုင်ဖို့ လုပ်ငန်းခွင်ကို ဒီနေ့မှာပဲ ပို့ဆောင်မှာဖြစ်ပါတယ်" ဟု ပြောသည်။

မကွေးတိုင်းရေဘေးသင့်ဒေသများမှ ပျက်စီးခဲ့သော လမ်းများ၊မြေသားရေလှောင်ကန်များ၊တာဘောင် များနှင့် ဆည်ဖို့ပြုပြင်ခြင်း လုပ်ငန်းများအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အမြန်ဆုံး   ဆောင်ရွက်ပေးသွားမည် ဟုလည်း ဦးဇော်လင်းနိုင်က ပြောသည်။

သြဂုတ်လ(၇)ရက်နေ့က မကွေးတိုင်းသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရောက်ရှိခဲ့ပြီး ရေဘေးသင့်ဒေသများ အား ပြန်လည်ပြုပြင်ထူထောင်ရေးလုပ်ငန်းစဉ် အတွက် ယင်းယာဉ်ယန္တရားကြီးများ   ထောက်ပံ့နိုင်ရန် မကွေးတိုင်း ဒေသကြီးအစိုးရနှင့် ဆွေးနွေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly