မက်စီကို ပြေးခိုင်းမယ့် ‘Messi Runner’ ဂိမ်းအသစ်

မက်စီကို ပြေးခိုင်းမယ့် ‘Messi Runner’ ဂိမ်းအသစ်

ဘာစီလိုနာကြယ်ပွင့် မက်ဆီရဲ့ ပရိသတ်တွေအတွက် မိုဘိုင်းဖုန်းပေါ်မှာ "Maze Runner" ဂိမ်းပုံစံမျိုးလို မက်စီကို ထိန်းချုပ်ပြီး ပြေးခိုင်းမယ့် အခွင့်အရေးဖြစ်တဲ့ ဂိမ်းအအသစ်တစ်ခု ထွက်ရှိလို့လာပါတယ်။

အာဂျင်တီးနား ကုမ္ပဏီ QB9 Entertainment မှ Messi Runner ဆိုတဲ့  ဘောလုံးလှည့်ကွက် ကစားဟန်လေးတွေ ထည့်သွင်းထားတဲ့ ဂိမ်းတစ်ခုနဲ့ စတင်မိတ်ဆက်ပေးလိုက်ပါတယ်။

ဂိမ်းကစားတဲ့သူက မက်စီကို ထိန်းချုပ် ပြေးခိုင်းရမှာဖြစ်ပြီး ပြေးလမ်းမှာ ကွဲပြားခြားနားတဲ့ အခြေအနေတွေ၊ အတားအဆီးတွေကို ခုန်ကျော် ပြေးလွှားပြီး အကောင်တွေကို ကန်ပြီး နှိမ်နင်းရမှာဖြစ်ပါတယ်။

 ဒီဂိမ်းကို iOS နှင့် Android ပလက်ဖောင်း နှစ်ခုလုံးမှာပါ ကစားနိုင်မှာဖြစ်ပြီး ဒေါင်းလုတ်ရယူနိုင်ပြီဖြစ်ပါတယ်။

ဒေါင်းလုတ်လင့်

iOS: https://itunes.apple.com/us/app/messi-runner/id1081447117?mt=8

Android: https://play.google.com/store/apps/details?id=com.qb9.messigamesearthrun...

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly