ခန္ဓာကိုယ်အစိတ်အပိုင်း တရားမဝင်အစားထိုးပေးမှုဖြင့် မွမ်ဘိုင်းဆေးရုံမှ ဆရာဝန်များ တရားစွဲခံရ

ခန္ဓာကိုယ်အစိတ်အပိုင်း တရားမဝင်အစားထိုးပေးမှုဖြင့် မွမ်ဘိုင်းဆေးရုံမှ ဆရာဝန်များ တရားစွဲခံရ

ရိုက်တာ၊ သြဂုတ် ၁၁ ။          ။ အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့ရှိ ပုဂ္ဂလိကပိုင်ဆေးရုံ ဟီရာနန်ဒါနီမှ အမှုဆောင်အရာရှိဆရာဝန်၊ ကုသရေးဌာန ဒါရိုက်တာဆရာဝန်နှင့် ဆရာဝန်သုံးဦးတို့အား ခန္ဓာကိုယ်အစိတ်အပိုင်း တရားမဝင် အစားထိုးပေးမှုဖြင့် တရားစွဲဆိုထားကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကျောက်ကပ်မှောင်ခိုဂိုဏ်းတစ်ခုအား ဖော်ထုတ်ပြီးနောက် ယခုကဲ့သို့ အရေးယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဆင်းရဲသော ရွာသားများက ၎င်းတို့၏ ကျောက်ကပ်များကို ကြားခံပွဲစားများမှတစ်ဆင့်   ရောင်းချနေကြောင်း  သတင်းပေးတိုင်းကြားမှုတစ်ခု ရရှိပြီးနောက်  ဇူလိုင်လအတွင်း ဆေးရုံသို့ ဝင်ရောက် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အစိုးရ၏ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် သြဂုတ် ၉ ရက်တွင် ရဲများက ဆရာဝန်ငါးဦး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း လက်ထောက်ရဲမင်းကြီးအာရွတ်ဒူဒီက  ပြောကြားသည်။

"လွန်ခဲ့တဲ့ နှစ်ရက်က မွမ်ဘိုင်းမြို့ ကျန်းမာရေးအရာရှိဆီက အစီရင်ခံစာ ရရှိခဲ့ပါတယ်။ သူတို့ကို ၁၉၉၄ခုနှစ်၊ ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးမှုဆိုင်ရာ ဥပဒေအရ အရေးယူထားပါတယ်" ဟု ဒူဒီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

"သူတို့အနေနဲ့ လုပ်ထုံးလုပ်နည်းကို မလိုက်နာတဲ့အတွက် သူတို့ကို တရားစွဲရတာဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။ အလှူရှင်တစ်ဦး၊ လက်ခံသူတစ်ဦးနှင့်  ကြားလူများအပါအဝငင် လူ ၁၄ ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။

ဇွန်လအတွင်းကလည်း နယူးဒေလီမြို့ရှိ နာမည်ကျော် အင်ဒရာပရက်စသာ အပိုလိုဆေးရုံတွင်  ကျောက်ကပ်တရားမဝင် ရောင်းဝယ်သည့် အဖွဲ့တစ်ဖွဲ့အား ရဲများက ဖော်ထုတ်ခဲ့သည်။

အိန္ဒိယတွင် ခန္ဓာကိုယ်အစိတ်အပိုင်းများ စီးပွားဖြစ်ရောင်းချမှုကို ပိတ်ပင်ထားပြီး ဆွေမျိုးများကသာ လှူဒါန်းနိုင်သည့်အပြင် သက်ဆုံရာဆေးရုံမှ အထူးကော်မတီတစ်ရပ်၏ ထောက်ခံမှုကို ရရှိရန် လိုအပ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags