နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကို UNFC တက်ရောက်မည်

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကို UNFC တက်ရောက်မည်
နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကို ကျင်းပနေသည်ကို သြဂုတ်လ ၁၁ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ - စိုးသူအောင်

ရန်ကုန်၊ သြဂုတ် ၁၁ ။                ။ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးကို တက်ရောက်သွားမည်ဖြစ်ကြောင်း ညီညွတ် သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ယနေ့မနက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ သြဂုတ်လ ၁၂ ရက်နှင့် ၁၃ ရက်တွင် ကျင်းပမည့် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာမူဘောင် (Framework for Political Dialogue) ပြန် လည်သုံးသပ်ခြင်း အစည်းအဝေးကို တက်ရောက်ရန် အစိုးရက ဖိတ်ကြားလာသောကြောင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN)အဖွဲ့ကို   စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအပါအဝင် အာမခံချက်ရှိပြီး အဓိပ္ပါယ်ပြည့်ဝသော နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့်သို့ တက်လှမ်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ၎င်းထုတ်ပြန်ချက်အရ သိရသည်။

UNFC အဖွဲ့သည် အစိုးရနှင့် အပစ်အခတ်လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့ဖြစ်ပြီး ၎င်းအဖွဲ့ကို လက်နက်ကိုင် အဖွဲ့ အစည်း ၉ ဖွဲ့ဖြင့် ဖွဲ့စည်းထားကာ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (MNDAA)နှင့် ရက္ခိုင့်တပ်မတော် (AA) တို့လည်း ပါဝင်သည်။

 နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာမူဘောင် ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးကို အမျိုးသားပြန်လည် သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ သြဂုတ်လ ၁၁ရက်နေ့မှ စတင်ကာ သုံးရက်ကြာ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
 အစည်းအဝေးပထမနေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ကော်မ တီ နှင့် နိုင် ငံရေးပါတီအစုအဖွဲ့များ၊ ဒုတိယနေ့တွင် ကော်မတီနှင့် လက်နက်ကိုင်အဖွဲ့များ၊ တတိယနေ့တွင် ကော်မတီ၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေးပါတီအစုအဖွဲ့များက သုံးပွင့်ဆိုင် ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ဆိုင်ရာ သုံးသပ်ခြင်းအစည်းဝေး တက်ရောက်ရန် ပြင်ဆင်နိုင်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း များမှ နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(DPN)နှင့် ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ (CT)တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သြဂုတ်လ ၉ ရက်နှင့် ၁၀ရက်တို့တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသေးသည်။

၂၁ ရာစု ပင်လုံညီလာခံကို သြဂုတ်လ ၃၁ရက်နေ့တွင် စတင်ကျင်းပသွားမည်ဟု အစိုးရက ထုတ်ပြန်ထားပြီး လက်ရှိ အချိန်ထိ UNFC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့ဖြစ်သည့် AA, TNLA နှင့် MNDAA အဖွဲ့တို့ ၂၁ရာစု ပင် လုံညီလာခံတွင် ပါဝင်နိုင်ရေး ဆွေးနွေးမှုမှာ အော်မြင်မှုမရရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags