ဝါရင့်နောက်ခံလူ ဒီမစ်ချယ်လီကို အက်စ်ပန်ညိုအသင်း ခေါ်ယူ

ဝါရင့်နောက်ခံလူ ဒီမစ်ချယ်လီကို အက်စ်ပန်ညိုအသင်း ခေါ်ယူ

သြဂုတ် ၁၁၊ ဘာစီလိုနာ။            ။ လာလီဂါကလပ်အက်စ်ပန်ညိုအသင်းသည် ဝါရင့်နောက်ခံလူ ဒီမစ်ချယ်လီကို တစ်နှစ်စာချုပ်ဖြင့်ခေါ်ယူလိုက်ပြီဖြစ်သည်။

အသက် ၃၅ နှစ်အရွယ်ကစားသမားသည် ပြီးခဲ့သည့်ရာသီကုန်တွင် မန်စီးတီးအသင်းမှထွက်ခွာခဲ့ရပြီးနောက် အသင်းလက်မဲ့နေ သူဖြစ်ပြီး နည်းပြဆန်းချက်ဇ်ဖလော်ရက်စ်၏ အက်စ်ပန်ညိုအသင်းသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ဒီမစ်ချယ်လီကို မီဒီယာနှင့်ပရိသတ်ထံမိတ်ဆက်ပွဲကို ကြာသပတေးနေ့တွင် ပြုလုပ်မည်ဖြစ်သည်။ ကစားသမားဘဝကို မွေးရပ်မြေအာဂျင်တီးနားမှ ရေးဗားပလိတ်အသင်းနှင့်စတင်ခဲ့သည့် ဒီမစ်ချယ်လီသည် ဘိုင်ယန်မြူးနစ်၊ မာလာဂါ၊ အက်သလက်တီကိုနှင့် မန်စီးတီးအသင်းတို့တွင် ကစားခဲ့သည်။

ဘွန်ဒက်စ်လီဂါနှင့် ပရီးမီးယားလိဂ်ချန်ပီယံဆုများကိုရရှိခဲ့သော်လည်း ချန်ပီယံလိဂ်နှင့် ကမ္ဘာ့ဖလားပြိုင်ပွဲတို့တွင် ရှုံးနိမ့်သည့် အသင်းမှ ကစားသမားဖြစ်ခဲ့ရသည်။

Ref; goal.com

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly