အဲအေးရှားလေကြောင်းလိုင်းမှ အာဆီယံနေ့ကို ဂုဏ်ပြုသောအားဖြင့် အာဆီယံနိုင်ငံများကို စရိတ်သက်သာစွာ ဖြင့် ပျံသန်းဝန်ဆောင်မှုပေးနေပါပြီ

အဲအေးရှားလေကြောင်းလိုင်းမှ အာဆီယံနေ့ကို ဂုဏ်ပြုသောအားဖြင့် အာဆီယံနိုင်ငံများကို စရိတ်သက်သာစွာ ဖြင့် ပျံသန်းဝန်ဆောင်မှုပေးနေပါပြီ

အာဆီယံနိုင်ငံများရဲ့စိတ်လှုပ်ရှားဖွယ်ရာဒေသများနှင့် အခြားခရီးစဉ်များကို စရိတ်သက်သာစွာ သွားရောက်လည်ပတ်နိုင်မည့်အခွင့်အရေး

၂၀၁၆ သြဂုတ်လ ၇ရက်နေ့။ စီပန်း။

သြဂုတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ အာဆီယံနေ့မှာ အာဆီယံနိုင်ငံရဲ့ခရီးစဉ်များကို အထူးနှုန်းထားဖြင့် အဲအေးရှားမှ ပျံသန်းဝန်ဆောင်ပေးလျှက်ရှိပါတယ်။

အရှေ့တောင်အာရှနိုင်ငံများရဲ့အဖွဲ့အစည်းတည်ထောင်မှုကို ၁၈၆၇ သြဂုတ်လ ၈ရက်နေ့ တွင် ဘန်ကောက်မြို့၌

 တရားဝင် လက်မှတ်ရေးထိုးခဲ့ပြီး အာဆီယံနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။

ခရီးစဉ်တစ်ကြောင်းလျှင် အမေရိကန် ဒေါ်လာ ၂၇ဒေါ်လာမှသာ စတင်၍ ရန်ကုန် နှင့် မန္တလေး မှ ဘန်ကောက်( ဒွန်းမောင်းလေဆိပ်) ၊ ကွာလာလမ်ပူ နှင့် ပီနန်းသို့ သွားရောက်နိုင်သည့်အပြင် ခရီးသွားပြည်သူများအနေဖြင့် ကျွန်တော်တို့ အဲအေးရှားရဲ့ ချိတ်ဆက်ပျံသန်းဝန်ဆောင်မှု ဖြင့် အင်ဒိုနီးရှား ၊ ဖိလစ်ပိုင် ၊ စင်္ကာပူ ၊ ဘရူနိုင်း ၊ ဗီယက်နမ် ၊ ကမ္ဘောဒီးယား နှင့် လာအို အစရှိသော ခရီးစဉ်များကိုလည်း သွားရောက်လည်ပတ်နိုင်ပါလိမ့်မည်။

တစ်ချိန်တည်းမှာပဲ ခရီးသွားပြည်သူများသည် အာဆီယံနိုင်ငံများအပြင် အဲအေးရှား နှင့် အဲအေးရှား X ရဲ့ ကွန်ရက် ဖြန့်ကျက်မှု ဖြင့် အာရှတိုက်တောင်ပိုင်း ၊ အာရှတိုက်မြောက်ပိုင်း ၊ အရှေ့အလယ်ပိုင်း ၊ သြစတျေးလျ နှင့် အာဖရိကနိုင်ငံများကိုပါ စရိတ်သက်သာနှုန်းထားများဖြင့် ခရီးသွားနိုင်နေပါပြီ။

ခရီးဝေးပျံသန်းပြေးဆွဲပေးနေသော အဲအေးရှား X သည် ဝေးလံသောခရီးစဉ်တစ်လျှောက် သက်တောင့်သက်သာမှုကို ပြိုင်စံရှား ခံစားနိုင်သော စရိတ်သက်သာလေကြောင်းလိုင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အပြင် ဆု ရရှိထားတဲ့ အဆင့်မြင့် အိပ်ရာအပြင်အဆင် ခုံ အား အဆင့်မြှင့်တင် စီးနှင်းနိုင်ပါတယ်။

ယခုအထူးနှုန်းထားများကို၂၀၁၆ သြဂုတ်လ ၈ ရက်နေ့ (0000, GMT +8) မှ ၂၀၁၆ သြဂုတ်လ ၁၄ ရက်နေ့  (2400, GMT +8) အထိ ကြိုတင်ဝယ်ယူနိုင်ပြီး ခရီးသွားနိုင်မည့်ကာလမှာ၂၀၁၆ သြဂုတ်လ ၉ ရက်နေ့ မှ ၂၀၁၇ ဧပြီလ ၆ ရက်နေ့အထိ ဖြစ်ပါတယ်။

ယခုအထူးပရိုမိုးရှင်းတွင် အဲအေးရှားအဖွဲ့အစည်းရဲ့အဲအေးရှား မလေးရှား ( flight code AK) ၊ အဲအေးရှား ထိုင်း (FD) ၊ အဲအေးရှား အင်ဒိုနီးရှား (QZ) ၊ အဲအေးရှား ဖိလစ်ပိုင် (Z2) ၊ မလေးရှား အဲအေးရှား X (D7) ၊ ထိုင်း အဲအေးရှား X (XJ) နှင့် အင်ဒိုနီးရှား အဲအေးရှား X (XT) တို့မှ ပျံသန်းဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။

ဒီကာလအတွင်း အဲအေးရှား BIG မန်ဘာများသည် ခရီးစဉ်များ ကြိုတင်ဝယ်ယူသည့်အခါ မလေးရှား အဲအေးရှား X (D7)ရဲ့ ခရီးစဉ်များမှအပ အခြားခရီးစဉ်များကိုဝယ်ယူရာတွင် အဲအေးရှား BIG Points များကို အကျိုးကျေးဇူး ၂ဆ ခံစားခွင့်ရရှိမှာဖြစ်ပါတယ်။

အဲအေးရှား၏ အမှုဆောင်အရာရှိချုပ် Tony Fernandes မှ “အာဆီယံမရှိလျှင် အဲအေးရှားလေကြောင်းလိုင်းသည် အဲအေးရှားဖြစ်တော့မည်မဟုတ်ပေ။ ကျွန်တော်တို့ရဲ့အောင်မြင်မှုမှာ အာဆီယံနိုင်ငံများနှင့် သက်ဆိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ကွန်ယက်ဖြန့်ကျက်မှုတွေကို အာရှ ပစိဖစ် ၊ အရှေ့အလယ်ပိုင်း နှင့် အခြားနေရာများကိုပါ တိုးချဲ့နေပေမယ့်လည်း ကျွန်တော်တို့ရဲ့ အသည်းနှလုံးကတော့ အာဆီယံဒေသများမှာ ကျန်ရှိနေပါတယ်။ ယခုပရိုမိုးရှင်းကလည်း ကျွန်တော်တို့ရဲ့ လူတိုင်းလေယာဉ်စီးနိုင်ရမည့် အိမ်မက်ကို အကောင်အထည်ဖော်ပေးပြီး ခရီးသွားပြည်သူများကို ကျေးဇူအနည်းငယ် တုံ့ပြန်တာပဲဖြစ်ပါတယ်။”

ဒါ့အပြင် “ အဲအေးရှားဟာ အာဆီယံ၁၀နိုင်ငံကို တိုက်ရိုက်ပျံသန်းခွင့်ရသည့် တစ်ခုတည်းသော လေကြောင်းလိုင်းဖြစ်တဲ့အတွက် ဂုဏ်ယူမိပါတယ်။ Asean Pass ကိုင်ဆောင်နိုင်တဲ့ တစ်ခုတည်းလေကြာင်းလိုင်း ဖြစ်ရုံသာမက ၎င်း Asean Pass သည် ကျွန်တော်တို့ ခရီးသွားပြည်သူများကို အာဆီယံဒေသအတွင်း စိတ်ဝင်စားစရာ အတွေ့အကြုံများ နှင့် ထူးဆန်းအံ့ဖွယ် ယဉ်ကျေးမှု အမွေ အနှစ်များကို ကျွန်တော်တို့နဲအတူ သက်တောင့်သက်သာလွယ်ကူစွာဖြင့် ပျော်ရွှင်ဖွယ်ရာခရီးစဉ်များကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

AirAsia Asean Pass နှင့် AirAsia Asean Pass+ ကိုင်ဆောင်ထားသူများသည် အာဆီယံဒေသအတွင်းခရီးစဉ် ၁၂၀ကျော်ကို တိကျတဲ့ပုံသေနှုန်းထားဖြင့် ခရီးသွားနိုင်ပါတယ်။ ငွေကြေးလဲလှယ်နှုန်းသည်တစ်ခုတည်းဖြစ်သဖြင့် အာဆီယံဒေသအတွင်း ၎င်းတို့၏ ခရီးစဉ်များ အစီအစဉ်ဆွဲနိုင်ရန် လေယာဉ်လက်မှတ် ဝယ်ယူရာတွင် နိုင်ငံခြားငွေ လဲလှယ်မှုပမာဏကွာခြားခြင်းကို လျော့ပါးစေပါတယ်။

ခရီးသွားပြည်သူများအနေဖြင့် AirAsia Asean Pass နှင့် Asean Pass+ များအသုံးပြုပြီး ခရီးသွားခြင်းနှင့် ပတ်သတ်သော အသေးစိတ် နှင့် အခြားလိုက်နာရမည့်အချက်အလက်များကို အဲအေးရှား၏ website ဖြစ်တဲ့ www.airasia.com တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

အဲအေးရှားမှ ပျံသန်းပေးနေတဲ့ ခရီးစဉ်တွေရဲ့ပုံရိပ်များကို တော့ အဲအေးရှားရဲ့ URL (သို့မဟုတ်) Youtube Channel (www.youtube.com/user/airasia)မှာ “Think Asean, Think AirAsia” ဟုရိုက်၍ ဝင်ရောက်ရှာဖွေလေ့လာနိုင်ပါတယ်။

AirAisa ၏  အထူးပရိုမိုးရှင်းအစီအစဉ်များနှင့် ဆောင်ရွက်မှု တွေကို AirAsia ၏ Twitter (twitter.com/AirAsia) နှင့် Facebook (facebook.com/AirAsia) တွင်လည်း အချိန်နှင့် တပြေးညီ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

All in fare ခရီးစဉ်တစ်ကြောင်းလျှင် လေဆိပ်ခွန်နှင့် အခြားစရိတ်များပါဝင်ပြီးဖြစ်သည်။ အခြားလိုအပ်သော ဝန်ဆောင်မှုစရိတ် ထပ်ဆောင်းပေးဆောင်ရမည်။ AirAsia မှ ချမှတ်ထားသော အခြားသောစည်းကမ်းသတ်မှတ်ချက်များကို လိုက်နာရန်လိုအပ်ပါသည်။

အဲအေးရှား နှင့် အဲအေးရှား X အဖွဲ့အစည်းအကြောင်း တစေ့တစောင်း

အဲအေးရှားနှင့် အဲအေးရှား X သည် အာရှတွင် ဦးဆောင်နေသော အကြီးဆုံး စရိတ်သက်သာလေကြောင်းလိုင်းများဖြစ်ပြီး များပြားလှသော ကွန်ရက် ဖြန့်ကျက်မှု ကိုပေးစွမ်းနိုင်သောကြောင့် အာရှ ၊ သြစတျေးလျ နှင့် အရှေ့အလယ်ပိုင်းကို ဖြတ်သန်း၍ နေရာပေါင်း ၁၂၀ကျော်အထိ ဖြန့်ကျက် ပျံသန်းဝန်ဆောင်ပေးလျှက်ရှိပါတယ်။ အဲအေးရှားကို ၂၀၀၁ ခုနှစ် တွင် စတင်တည်ထောင်ခဲ့ပြီး အဲအေးရှား X ကို ၂၀၀၇ ခုနှစ်  မှစတင်တည်ထောင်ခဲ့ပါတယ်။ ၎င်းအဖွဲ့အစည်းသည် ခရီးသည်ပေါင်း သန်း၃၃၀ကျော်ကို ပျံသန်းဝန်ဆောင်ပေးခဲ့ပါသည်။ အဲအေးရှားလေကြောင်းလိုင်းသည် လေယာဉ် ၂ စင်း မှသည် A320s လေယာဉ်အစင်းပေါင်း ၁၇၀ကျော်အထိ တိုးတက်ပြေးဆွဲပေးနိုင်ခဲ့ပါသည်။အဲအေးရှားလေကြောင်းလိုင်းသည် အာဆီယံနိုင်ငံများအသင်း ကိုယ်စားပြု လေကြောင်းလိုင်းအဖြစ် ဂုဏ်ယူစွာရပ်တည်ခဲ့ပြီး မလေးရှား ၊ အင်ဒီုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင် နှင့် အိန္ဒိယ နှင့် ဂျပန်တို ့တွင် အခြေစိုက်ကာ အခြား နိုင်ငံများသို့လည်း ပျံသန်းနိုင်ခဲ့ပါသည်။ အဲအေးရှား X သည် လေယာဉ် A330-300s ၃၁စင်းကို ဦးစီးပြီး လေယာဉ်တစ်စင်းတိုင်းတွင် Premium flatbed ၁၂ ခံ ုနှင့် economy ထိုင်ခုံ ၃၆၅ခုံ တပ်ဆင်ထားပါတယ်။ အဲအေးရှား X သည် ၎င်း၏ဒေသအတွက် ထိုင်းအဲအေးရှား X ကို ချဲ့ထွင်းပြီး ထိုင်းနိုင်ငံ ဒွန်းမောင်လေဆိပ်တွင် ပျံသန်းပြေးဆွဲလျှက်ရှိပါတယ်။ အဲအေးရှားသည် Skytrax မှ နှစ်စဉ်ချီးမြင့် တဲ့ ကမ္ဘာ့အကောင်းဆုံး စရိတ်သက်သာ လေကြောင်းလိုင်းဆု ကို ၂၀၀၉ ခုနှစ် မှ ၂၀၁၆ခုနှစ် ထိ ၈နှစ်ဆက်တိုက် ရရှိခဲ့ပြီး အဲအေးရှား X သည် ကမ္ဘာ့အကောင်းဆုံး Premium Cabin ဆု နှင့် ကမ္ဘာ့အကောင်းဆုံး စရိတ်သက်သာ Premium Seat ဆုကို ၂၀၁၃ ခုနှစ် မှ ၂၀၁၆ခုနှစ်အထိ ၄နှစ်ဆက်တိုက်ရရှိခဲ့ပါတယ်။ အဲအေးရှား နှင့် အဲအေးရှား X သည်ကမ္ဘာ့ ခရီးသွား ခိုးမှုပျောက်မှု အချက်အလက်များ (SLTD) ဖြင့် သံသယရှိသူများ၏ passports များကို စစ်ဆေးသည့် I-checkit စနစ်ကို အသုံပြု၍ ပထမဆုံး နိုင်ငံတကာရဲတပ်ဖွဲ့နှင့်ပူပေါင်းဆောင်ရွက်နေသော ပထမဆုံးသော နိုင်ငံတကာလေကြောင်းလိုင်းများဖြစ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags