မုန်တိုင်းအဝါရောင်အဆင့် သတိပေးချက်ထုတ်ပြန်

မုန်တိုင်းအဝါရောင်အဆင့် သတိပေးချက်ထုတ်ပြန်

ရန်ကုန်၊ သြဂုတ် ၁၀ ။  ။ အနောက် ဘင်္ဂလားကမ်းခြေအနီးတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေ မရှိသေးသော်လည်း ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတို့မှာ မုန်တိုင်း၏ အဝန်းအဝိုင်းအတွင်းသို့ ရောက်ရှိနေသဖြင့် လက်ရှိအခြေအနေအား လိမ္မော်ရောင် အဆင့်ဟု သတ်မှတ်ထားသည် ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီဌာနမှ သတိပေးချက်ထုတ်ပြန်ထားပါသည်။ 

လက်ရှိတွင် အဆိုပါမုန်တိုင်းငယ်သည် အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဂျက်ဆောမြို့သို့ဦးတည်နေတယ်လို့ ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီဌာနမှ သိရပါသည်။

အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတို့ တွင် ဒေသအလိုက် မိုးကြီးနိုင်ပြီး ရခိုင်ကမ်းရိုးတန်းတစ်လျှာက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းလည်းကြီးနိုင်သည်ဟုအဆိုပါ သတိပေးချက်တွင်ပါရှိသည်။ 

ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်း အတွင်း နေထိုင်ကြသူများအနေဖြင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတ‌ူမြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပြီး ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းနှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများသည်လည်း ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်နိုင်သည်ဟှ သတိပေးနှိုးဆော်ထားပါသည်။ 

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ် နိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီဌာနမှ ယနေ့ ညနေ ၄နာရီအချိန်တိုင်းတာချက်အရသိရပါသည်။

သြဂုတ်လ ၁၀ရက် နေ့လယ် ၁၂ ခွဲခန့်တွင် မိုးလေဝသပညာရှင် ဦးထွန်းလွင်က မိုးရေများ၊ ချောင်းရေများ၊ တောင်ကျရေးများ၊ မြစ်ရေများ စီးဆင်းမှုကြောင့် ပဲခူးတိုင်း (ပဲခူးမြို့နယ်)၊ ဧရာဝတီတိုင်း (ပုသိမ် နဲ့ မအူပင်မြို့နယ်)၊ ရန်ကုန်တိုင်း(ရန်ကုန်-မင်္ဂလာဒုံမြို့နယ်)၊ မွန်ပြည်နယ် (သထုံမြို့နယ်) တွေမှာ ရေဖုံးလွှမ်းခံရမှု အလားအလာရှိသောဒေသများဖြစ်ပေါ်နေပါတယ် လို့လည်းထုတ်ပြန်ထားပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly