ဆန်းတို့စ်တိုက်စစ်မှူးဘာဘိုဆာကို ပေါင် ၂၃ သန်းဖြင့်လက်စတာကမ်းလှမ်း

ဆန်းတို့စ်တိုက်စစ်မှူးဘာဘိုဆာကို ပေါင် ၂၃ သန်းဖြင့်လက်စတာကမ်းလှမ်း

သြဂုတ် ၁၀၊ လက်စတာ။             ။ လက်စတာအသင်းသည် ဂါဘီဂိုးဟုလူသိများသည့် ဆန်းတို့စ်တိုက်စစ်မှူး ဂါဘရီယယ် ဘာဘိုဆာကို ပေါင် ၂၃ သန်းဖြင့် ကမ်းလှမ်းထားသည်။

အိုလံပစ်ပြိုင်ပွဲတွင် ဘရာဇီးအသင်းနှင့်အတူကစားနေသော အသက် ၁၉ နှစ်အရွယ်တိုက်စစ်မှူးကို အင်တာမီလန်၊ ဂျူဗင်တပ် နှင့် ဘာစီလိုနာတို့ကလည်း စိတ်ဝင်စားနေသည်။

လက်စတာအသင်းအနေဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆုကိုကာကွယ်ရန်ကြိုးပမ်းနေရာ ဘရာဇီးတိုက်စစ်မှူးကိုခေါ်ယူအားဖြည့် လိုခြင်းဖြစ်သည်။

ဂါဘီဂိုးအနေဖြင့် လက်စတာသို့ရောက်လာခဲ့လျှင် တိုက်စစ်ပိုင်းတွင် ပြိုင်ဆိုင်မှုများပြုလုပ်ရမည်ဖြစ်သည်။ လက်ရှိတွင် ဗာဒီနှင့် အိုကာဇာကီတို့အတွဲက တိုက်စစ်တွင်ခြေစွမ်းပြနေပြီး အရန်ခုံတွင် အူလိုအာရှိနေသည်။

ထို့ပြင် ယခုနှစ်နွေရာသီတွင်မှ စီအက်စ်ကေအေမော်စကိုမှ ပေါင် ၁၈ သန်းဖြင့်ပြောင်းလာသည့် မူဆာလည်းရှိနေသည်။

Ref; Daily Mail
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly