မြောက်ကိုရီးယားဘက်မှ ပစ်လွှတ်လာသည့် ဒုံးကျည်များကို ပစ်ချရန် ဂျပန်ကာကွယ်ရေးဝန်ကြီးက စစ်တပ်ကို ညွှန်ကြား

မြောက်ကိုရီးယားဘက်မှ ပစ်လွှတ်လာသည့် ဒုံးကျည်များကို ပစ်ချရန် ဂျပန်ကာကွယ်ရေးဝန်ကြီးက စစ်တပ်ကို ညွှန်ကြား

သြဂုတ်  ၉ ။               ။ မြောက်ကိုရီးယားတို့ဘက်မှ ပစ်လွှတ်လာသည့် မည်သည့်ဒုံးကျည်ကိုမဆို ပစ်ချဖျက်ဆီးပစ်ရန် ဂျပန်ကာကွယ်ရေး ဝန်ကြီးသစ်က  စစ်တပ်ကို အမိန့်ပေးထားကြောင်း ပြည်တွင်းသတင်းများတွင် ဖော်ပြသည်။

ဂျပန်ကာကွယ်ရေးဝန်ကြီးသစ်ဖြစ်လာသူ မစ္စ တိုမိုမီ အိုင်နာဒါက အဆိုပါ အမိန့်ကို ထုတ်ပြန်ထားခဲ့ခြင်းဖြစ်ကြောင်း NHK သတင်းဌာနက ထုတ်လွှင့်ဖော်ပြသည်။

ပြီးခဲ့သည့် သီတင်းပတ်က မြောက်ကိုရီးယားတို့ဘက် ပစ်လွှတ်လိုက်သော ပဲ့ထိန်းဒုံးကျည်တစ်စင်းသည် တိုကျိုအစိုးရပိုင် စီးပွားရေးဇုန် ရေပြင်သို့ ကျရောက်ခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ နိုင်ငံကို ခြိမ်းခြောက်လာနိုင်သော ဒုံးကျည်များကို အချိန်မဆိုင်းဘဲ ကြားဖြတ်ပစ်ချရန် အမျိုးသမီးကာကွယ်ရေး ဝန်ကြီးသစ်က စစ်တပ်ကို ညွှန်ကြားထားခြင်းဖြစ်သည်။

ယခု ညွှန်ကြားချက်အရ နိုင်ငံပိုင်နက်အတွင်း ပျံသန်းလာသော မည်သည့် ဒုံးလက်နက်ကိုမဆို ပစ်ချဖျက်ဆီးသွားရမည်ဖြစ်ကြောင်း ပြည်တွင်းသတင်းတစ်ရပ်တွင် ဖော်ပြသည်။

လက်ရှိအချိန်တွင် ဂျပန် စစ်တပ်သည်လည်း ဒုံးကျည် ကာကွယ်ရေး စနစ်ကိုလည်း တပ်ဆင်ထားရှိပြီးပြီဖြစ်ကြောင်း သိရသည်။

အလားတူ မြောက်ကိုရီးယားတို့ဘက်က ဒုံးကျည်ပစ်လွှတ်နိုင်သည့်အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်မပြတ်စောင့်ကြည့်စုံစမ်းရန်လည်း ကာကွယ်ရေးဝန်ကြီးက ညွှန်ကြားထားသေးကြောင်း သတင်းများအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly