အမ်ပီတီ၊ အူရီးဒူးနှင့် တယ်လီနောဆင်းကတ်ဒ်တို့ ရောင်းရငွေပေါင်း ကျပ်ဘီလီယံ ၁၆၆ကျော်ရရှိ

အမ်ပီတီ၊ အူရီးဒူးနှင့် တယ်လီနောဆင်းကတ်ဒ်တို့ ရောင်းရငွေပေါင်း ကျပ်ဘီလီယံ ၁၆၆ကျော်ရရှိ

နေပြည်တော် (မဇ္ဈိမ) ။ ။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)နှင့် ပြည်ပဆက်သွယ်ရေးအော်ပရေတာ နှစ်ခုဖြစ်သော အူရီးဒူးနှင့် တယ်လီနော ဆင်းမ်ကတ်ဒ်တို့ ရောင်းရငွေ စုစုပေါင်းမှာ ကျပ်ဘီလီယံပေါင်း ၁၆၆ ဒသမ ၁၄၃ (တစ်ဘီလီယံလျှင် ကျပ်သန်းတစ်ထောင်)ရရှိခဲ့သည်ဟု ဆက်သွယ်ရေး သတင်းအချက် နှင့် အလက်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းသန်းက ပြောသည်။
 
ပြီးခဲ့သည့် ၂၀၁၄ခုနှစ်၊ စက်တင်ဘာလမှ ယခုနှစ် ဇွန်လထိ အထက်ပါ ဖုန်းဆင်းမ်ကတ်ဒ် ရောင်းရငွေစာရင်းကို ဇူလိုင် ၁၀ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လှိုင်မြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာဝင်းမြင့်၏ မေးမြန်းချက်အပေါ် ဒုတိယဝန်ကြီး ဦးဝင်းသန်းက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
 
ဒု-ဝန်ကြီး၏ ပြောဆိုချက်အရ အမ်ပီတီဆင်းမ်ကတ်ဒ်များ ရောင်းရငွေမှာ ကျပ်ငွေ ၉ဘီလီယံကျာ်၊ အူရီးဒူးဆင်းမ်ကတ်ဒ်ရောင်းရငွေ ၆၄ဘီလီယံကျော်နှင့် တယ်လီနော်ဆင်းမ်ကတ်ဒ်ရောင်းရငွေ ၉၃ဘီလီယံ ရရှိသည်ဟု ဆိုသည်။
 
ထို့ကြောင့် ရောင်းရငွေများကို နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် အမ်ပီတီဆင်းမ်ကတ်ဒ်ထက် အူးရီးဒူးနှင့် တယ်လီနောကို ပြည်သူများ ပိုမိုသုံးစွဲလာသည့် သဘောဖြစ်သည်။
 
သို့သော် တယ်လီနောနှင့် အူရီးဒူးတို့မှာ “ယခုအချိန်ထိ အရင်းကြေကာလ မရောက်ရှိသေးဘဲ” ကုမ္ပဏီများအနေဖြင့် အရင်းစိုက် လုပ်ကိုင်ဆောင်ရွက်ဆဲကာလသာ ဖြစ်ပါတယ်”  ဟု ဒု-ဝန်ကြီးက ဆိုသည်။
 
ပြည်ပအော်ပရေတာနှစ်ခုဖြစ်သည့် အူရီးဒူးနှင့် တယ်လီနောမှာ ဆက်သွယ်ရေးဥပဒေ၊ နည်းပဒေများအရ ပြီးခဲ့သည့်နှစ် မေလဆန်းပိုင်းကစပြီး လာမည့် ၂၀၂၉ခုနှစ်အထိ ဆက်သွယ်ရေးလုပ်ငန်းဆောင်ရွက်ခွင့်ကို အသီးသီးရရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags