ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၈၉) သန်းနဲ့ ပေါ့ဂ်ဘာကို အပြီးသတ်ခေါ်ယူလိုက်တဲ့ မန်ယူ

ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၈၉) သန်းနဲ့ ပေါ့ဂ်ဘာကို အပြီးသတ်ခေါ်ယူလိုက်တဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းဟာ အီတလီကလပ် ဂျူဗင်တပ်စ်အသင်းမှ ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကို အပြီးသတ် စာချုပ်ချုပ်ဆိုခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

"မန်ယူက ပေါလ်ပေါ့ဂ်ဘာကို  အပြီးသတ်စာချုပ်ချုပ်ဆိုခေါ်ယူနိုင်ခဲ့ပြီကြောင်း ဝမ်းမြောက်ဝမ်သာစွာ ကြေငြာပါတယ်"လို့ အသင်းရဲ့တရားဝင်ထုတ်ပြန်ချက်မှာ သြဂုတ်လ (၉) ရက်နေ့က ဖော်ပြထားပါတယ်။

မန်ယူအသင်းက အသက် (၂၃) နှစ်အရွယ် ပေါ့ဂ်ဘာကို စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၈၉) သန်းနဲ့ ပြန်လည်ခေါ်ယူခဲ့တာကြောင့်  ပြောင်းရွှေ့ကြေးသမိုင်းမှာ ၂၀၁၃ ခုနှစ်က ရီးယဲလ်က ဘေးလ်ကို ပေးရတဲ့ ပေါင် (၈၅) သန်း ကြေးထက် မြင့်သွားပြီး ဈေးအကြီးဆုံး ကစားသမားဖြစ်လာပါတယ်။

"ပေါ့ဂ်ဘာဟာ မန်ယူအသင်းနဲ့ (၅) နှစ်စာချုပ်ချုပ်နဲ့အတူ နောက်ထပ်သက်တမ်းတိုးနိုင်တဲ့ အချက်ကိုပါ ထည့်သွင်း ချုပ်ဆိုခဲ့ပါတယ်။"

ပေါ့ဂ်ဘာဟာ (၅) နှစ်စာ လုပ်ခအတွက် အခွန်မဆောင်မီ ပေါင် (၁၀၄) သန်းခန့် ရရှိမှာဖြစ်ပါတယ်။ ဒါဟာ ရီးယဲလ်မဒရစ်အသင်းက ရော်နယ်ဒိုတစ်ဦးသာ သူ့ထက်လုပ်ခများတဲ့သူ ဖြစ်နေပါတယ်။

မန်ယူအသင်းက ပေါ့ဂ်ဘာအတွက် ဂျူဗင်တပ်စ်ကို ယူရို (၁၀၅) သန်းအပြင် စွမ်းဆောင်မှုနဲ့ ဆက်ဆိုင်တဲ့ အပိုကြေးငွေအပြင် အခြားကုန်ကျမှုများအပါအဝင် ယူရို (၅) သန်း (ပေါင် ၄.၅ သန်း) ထပ်ဆောင်း ပေးချေရမှာဖြစ်ပါတယ်။

ပေါ့ဂ်ဘာဟာ ပရီးမီးယားလိဂ်မှာ မန်ယူနည်းပြဟောင်း ဖာဂူဆန်လက်ထက် မန်ယူအသင်းနဲ့အတူ (၇) ပွဲသာ ကစားခဲ့ပြီး မိနစ် (၉၀) အပြည့်အောင် ကစားရတဲ့ပွဲ တစ်ပွဲမှ မရှိခဲ့ပါဘူး။

ကွင်းလယ်ကစားသမားဟာ ပေါ့ဂ်ဘာဟာ ပြင်သစ်လက်ရွေးစင်အသင်းမှာ ၃၈ ပွဲကစား၊ ၆ ဂိုး သွင်းထားနိုင်ခဲ့ပြီး မကြာသေးမီက ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ပြစ်သင်အသင်းနဲ့အတူ ဗိုလ်လုပွဲထိ တက်ရောက်နိုင်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်က မန်ယူကနေ ထွက်ခွာသွားတဲ့ ပေါ့ဂ်ဘာဟာ ဂျူဗင်တပ်စ်နဲ့အတူ (၄) ရာသီအတွင်း (၁၂၄) ပွဲကစားထားပြီး (၂၈) ဂိုး သွင်းယူထားခဲ့ပါတယ်။

Ref; BBC, Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags