မန်ယူနှင့် စစ်ဆေးရန် ကာရင်တန် လေ့ကျင့်ရေးကွင်းသို့ ပေါ့ဂ်ဘာ ရောက်ရှိ

မန်ယူနှင့် စစ်ဆေးရန် ကာရင်တန် လေ့ကျင့်ရေးကွင်းသို့ ပေါ့ဂ်ဘာ ရောက်ရှိ

ဂျူဗင်တပ်စ်မှ ကမ္ဘာ့စံချိန်တင် ပေါင် (၈၉) သန်းနဲ့ ပြောင်ရွှေ့မှု မပြုလုပ်ခင် ပြင်သစ်ကွင်းလယ်လူ ပေါလ်ပေါ့ဂ်ဘာဟာ ဆေးစစ်ဖို့ မန်ချက်တာယူနိုက်တက်သို့ ရောက်ရှိနေပါတယ်။

ပေါ့ဂ်ဘာဟာ မန်ယူအသင်းနှင့် ဆေးစစ်ဆေးရန် ကာရင်တန် လေ့ကျင့်ရေးကွင်းကို နိုက်စ်မြို့ကနေ မန်ချက်စတာလေဆိပ်ဆီ တနင်္လာနေ့က ရောက်ရှိခဲ့ပါတယ်။

မန်ယူအသင်းက ပေါ့ဂ်ဘာအတွက် ဂျူဗင်တပ်စ်ကို ယူရို (၁၀၅) သန်းအပြင် စွမ်းဆောင်ရည်နဲ့ဆိုင်တဲ့ အပိုဆုကြေးနှင့် အခြားစရိတ်များပါ ပေးချေရမှာဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်က မန်ယူကနေ ဂျူဗင်တပ်စ်ဆီ ပေါင် (၁.၅) သန်းနဲ့ သွားရောက်ခဲ့တဲ့ ပေါ့ဂ်ဘာရဲ့ အပြောင်းအရွှေ့စာချုပ်ကို ယခုအပတ်အတွင်း အပြီးသတ်ဖွယ်ရှိနေပါတယ်။

ဂျူဗင်တပ်စ်အသင်းက ပေါ့ပ်ဘာကို မန်ယူအသင်းနဲ့ အပြောင်းအရွှေ့ကိစ္စ အပြီးသတ်ရန်အတွက် ဆေးစစ်ဖို့ သဘောတူခွင့်ပြုလိုက်ပြီဖြစ်ကြောင်း မန်ယူအသင်း ဝက်ဘ်ဆိုက်ကနေ သြဂုတ်လ (၇) ရက်နေ့က တရားဝင် ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

နည်းပြ မော်ရင်ဟိုက ပေါ့ဂ်ဘာရဲ့ အေပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး "ပေါ့ဂ်ဘာလို ကစားသမားမျိုး ကျွန်တော်တို့အသင်းကို ရောက်လာမယ်ဆိုတာက တကယ်ကို အံ့အားသင့်ဖွယ်ရာကောင်းပါတယ်။ နောက်ဆုံးတော့ ကျွန်တော်တို့ သူYကို ရရှိခဲ့ပါပြီ။ ချန်ပီယံအသင်းကို သူရောက်လာတော့မှာပါ။ ပေါ့ဂ်ဘာ မန်ယူကိုရောက်လာဖို့ အလုပ်တွေအများကြီး ကြိုးစားလုပ်ခဲ့ရပါတယ်"လို့ ဆိုပါတယ်။

၂၀၁၃ ခုနှစ်က အကြီးမားဆုံး အပြောင်းအရွှေ့ဖြစ်တဲ့ ဂါရတ်ဘေးလ်ရဲ့ ပေါင် (၈၅) သန်းကို အသက် (၂၃) နှစ်အရွယ် ပေါ့ဂ်ဘာရဲ့ ပြောင်းရွှေ့ကြေးက ဖြတ်ကျော်သွားမှာဖြစ်ပါတယ်။

Ref; BBC, Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags