၈၈၈၈ ပြတိုက်ကို နိုင်ငံတော်မှ တာဝန်ယူထိန်းသိမ်းပေးရန်လိုအပ်

၈၈၈၈ ပြတိုက်ကို နိုင်ငံတော်မှ တာဝန်ယူထိန်းသိမ်းပေးရန်လိုအပ်

ရန်ကုန်၊ သြဂုတ် ၈ ။  ။  ၈၈ ပြတိုက်ဟာ သဘာဝသမိုင်းပြတိုက်၊ ယဉ်ကျေးမှုပြတိုက်တွေလိုမျိုး ပြည်သူလူထုရဲ့ အရေးတာ်ပုံကြီးဖြစ်တဲ့အတွက် နိုင်ငံတော်မှ တာဝန်ယူထိမ်းသိမ်းပေးရန် လိုအပ်ကြောင်း ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူ့အဖွဲ့အစည်း) မှ ခေါင်းဆောာင်တစ်ဦးဖြစ်သူ ဦးမင်းကိုနိုင်က ပြောပါတယ်။ 

နိုင်ငံတော်အနေနဲ့ လုံခြုံရေးကို အပြည့်အဝ တာဝန်ယူဆောင်ရွက်ရန်လိုအပ်ပြီး ပြတိုက်ရဲ့မြေနေရာ၊ အဆောက်အအုံ ကအစ တာဝန်ယူပြီး စနစ်တကျနိုင်ငံတကာမှာ သင်တန်းတတ်ထားတဲ့ ဝန်ထမ်းတွေနဲ့လည်ပတ်နေတာမျိုး ဖြစ်သင့်ကြောင်း ကိုမင်းကိုနိုင်က ဆက်ပြောပါတယ်။

"တစ်ရက်တည်း တစ်ညတည်းမှာ မသမာသူတွေလက်ထဲရောက်သွားမယ်၊ ပျက်ဆီးသွားမယ်ဆိုလို့ရှိရင် ကျွန်တော်တို့အားလုံး ရင်ကျိုးရမှာပေါ့။ အာ့ဒါကြောင့် နိုင်ငံတော်အဆင့် လုံခြုံရေးဆိုတာပြောတာ အဲ့ဒါကြောင့် နိုင်ငံတော်က တာဝန်ယူတဲ့ ပြတိုက်မျိုးဖြစ်သင့်တယ်လို့ ပြောတာပေါ့၊ အခုတော့ ဒါကလွှတ်တော်မှာစပြီး ကြိုးပမ်းမယ်ဆိုတော့ ကျွန်တော်တို့လည်း ဒီကြားထဲမှာ ယာယီစောင့်ရှောက်ပြီးထိမ်းသိမ်းနေရတာပေါ့" လို့ ကိုမင်းကိုနိုင်ကပြောပါတယ်။

ဒီမိုကရေစီအစိုးရဖြစ်တဲ့အတွင် ၈၈၈၈ပြတိုက်ကြီးအပေါ်မှာ အာရုံထားမယ်ဆိုတာ သေချာပြီး ဖြစ်လည်းဖြစ်စေချင်ကြောင်း အခုလက်ရှိမှာပြတိုက် ဥပဒေမရှိသေးတာကြောင့် ဥပဒေကိုအရင်ပြဌာန်းဖို့လိုအပ်တယ်လို့ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူ့အဖွဲ့အစည်း) မှ ခေါင်းဆောာင်တစ်ဦးဖြစ်သူ ကိုဂျင်မီက ပြောပါတယ်။ 

"နိုင်ငံတော်အဆင့် တရားဝင်ပြတိုက်ကြီးဖြစ်ဖို့ကတော့ လွှတ်တော်ရဲ့အတည်ပြုချက်ကိုယူပြီးတော့ လုပ်နိုင်ရင်ပိုကောင်းတာပေါ့။ အဲ့အတွက်က ကျွန်တော်တို့ အစိုးရဘက်ကနေ တာဝန်ယူပြီးဆောင်ရွက်ပေးရမယ့် တာဝန်ရှိတာပေါ့ " ဟု ကိုဂျင်မီကပြောပါတယ်။

၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးက ပြည်သူလူထုတစ်ရပ်လုံးက ပိုင်ဆိုင်တာဖြစ်လို့ ပြတိုက်ကြီးကို အမှန်တကယ် ဖော်ဆောင်ပြီဆိုလို့ရှိရင် ပြည်သူလူထုတစ်ရပ်လုံးပါဝင်နိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကိုဂျင်မီက ဆက်လက်ပြောပါတယ်။ 

၈၈၈၈ သမိုင်းပြတိုက်(ယာယီ) ကို မနှစ်က စတင်အကောင်အထည်ဖော်ခဲ့ပြီး ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူ့အဖွဲ့အစည်း) ရုံးရှိရာ သင်္ဃန်းကျွမ်းမြို့နယ် သုမင်္ဂလာလမ်းတွင် ဖွင့်လှစ်ထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly