ရန်ကုန်တိုင်းဒေသအချို့ ရေဖုံးလွမ်းခံရနိုင်ခြေ ရှိကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင် သတိပေး

ရန်ကုန်တိုင်းဒေသအချို့ ရေဖုံးလွမ်းခံရနိုင်ခြေ ရှိကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင် သတိပေး

ရန်ကုန်၊ သြဂုတ် ၈ ။             ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့ ရေဖုံးလွမ်းခံရနိုင်ချေရှိကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး ပြောကြားခဲ့သည်။

"အခုလော လောဆယ်ကို အနိမ့်ပိုင်းတွေက ရေဖုံးလွှမ်းနေတာတွေရှိတယ်"ဟု ဒေါက်တာထွန်းလွင်က ရန်ကုန်တိုင်းဒေသနဲ့ ပတ်သက်ပြီး ရေဖုံးလွှမ်းခံရမှုအခြေအနေကို ရှင်းပြသည်။

NASA ဂြိုဟ်တုမှ ယမန်နေ့က နေ့လည် ၁၂း၃၀ အချိန် တိုင်းတာချက်များအရ ရေဖုံးလွှမ်းခံရမှု အလား အလာရှိ နေတဲ့ ဒေသတွေကို ဖေါ်ပြခဲ့ရာတွင် ရန်ကုန်တိုင်းအတွင်း မင်္ဂလာဒုံမြိုနယ် ပတ်ဝန်းကျင် ဒေသများနှင့် သန်လျင်မြိုကနယ် ပတ်ဝန်းကျင်ဒေသများ၊ ပဲခူးတိုင်း ပဲခူးမြို့ အနီးပတ်ဝန်းကျင်ဒေသများ၊ ဧရာဝတီတိုင်း ဖျာပုံမြို့ပတ်ဝန်းကျင် ဒေသများတို့မှာ ရေဖုံးလွှမ်းခံရမှု အလားအလာများ မြင့်မားစွာ ဖြစ်ပေါ်နေ ကြောင်း ဒေါက်တာထွန်းလွင်က သူ၏ လူမှုကွန်ယက်စာမျက်နှာတွင်ဖော်ပြထားသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကလည်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း၊ ရွာရန်ရာခိုင်နှုန်း အပြည့်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

သြဂုတ်လ ၆ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေဘေးဒုက္ခ ရင်ဆိုင်ခဲ့ရသည်မှာ တိုက်ကြီး မြို့ နယ် တစ်ခုတည်းသာ ရှိသော်လည်း သြဂုတ်လ ၇ ရက်နေ့တွင် ဥက္ကံနှင့် အဖျောက်မြို့နယ် များပါ ရေဘေး စတင်ကြုံတွေ့နေရကြောင်း ၊ တစ်နိုင်ငံလုံးတွင် ရေဘေးဒုက္ခသည်ပေါင်း သုံးသိန်းခွဲ အထိ ရှိနေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly