ဂျူဗင်တပ်စ်က ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာကို ဆေးစစ်ဖို့ သဘောတူခွင့်ပြု

ဂျူဗင်တပ်စ်က ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာကို ဆေးစစ်ဖို့ သဘောတူခွင့်ပြု
(ဓာတ်ပုံ - အီးပီအေ)

ကမ္ဘာ့စံချိန်တင် ပြောင်းရွေ့ကြေး ပေါင် (၈၉) သန်း သဘောတူညီချက်နဲ့ ဂျူဗင်တပ်စ် ကွင်းလယ်လူ ပေါ့ဘာဟာ မန်ချက်စတာယူနိုက်တက်ကို ပြန်လည်ရောက်ရှိဖို့ သေချာနေပြီဖြစ်ပါတယ်။

မန်ယူဟာ ပေါ့ဘာအတွက် ပြောင်းရွှေ့ကြေး ယူရို (၁၀၅) သန်းအပြင် စွမ်းဆောင်ရည်နဲ့ ဆက်ဆိုင်တဲ့ ဆုကြေးငွေနှင့် တခြားသော ကုန်ကျစရိတ်များကြောင့် ကိန်းဂဏန်းများ မြင့်တက်လာတာကို မြင်ရဖွယ်ရှိပါတယ်။

ပေါ့ဘာရဲ့ ဆေးစစ်ဖို့ ခွင့်ပြုမှု ကြေငြာချက်ကို တနင်္ဂနွေနေ့က ကွန်မြူနတီဒိုင်းပွဲစဉ်မကစားခင်အချိန်က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းက ပေါ့ပ်ဘာကို မန်ယူအသင်းနဲ့ အပြောင်းအရွှေ့ကိစ္စ အပြီးသတ်ရန်အတွက် လာရောက် ဆေးစစ်ဖို့ သဘောတူခွင့်ပြုလိုက်ပြီဖြစ်ကြောင်း မန်ယူအသင်း ဝက်ဘ်ဆိုက်ကနေ သြဂုတ်လ (၇) ရက်နေ့က တရားဝင် ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

အသက် (၂၃) နှစ်အရွယ်ရှိ ပေါလ်ပေါ့ဘာဟာ ၂၀၁၂ ခုနှစ်က ပေါင် (၁.၅) သန်းနဲ့ မန်ယူကနေ ထွက်ခွာခဲ့ပြီး ၂၀၁၃ ခုနှစ်က ရီးယဲလ်အသင်းဆီ ရောက်ရှိလာတဲ့ ဂါရတ်ဘေးလ်ရဲ့ ပေါင် (၈၅) သန်း စံချိန်ကို ကျော်လွန်ပြီး ဂျူဗင်တပ်အသင်းကနေ မန်ယူကို ပြန်လည် ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

Ref; BBC, Manutd

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags