နှစ်ပေါင်း ၄၀ကြာ တာဝန်ထမ်းဆောင်ခဲ့ သည့်ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အသက်ရ၅နှစ်အရွယ်တွင် ကွယ်လွန်

နှစ်ပေါင်း ၄၀ကြာ တာဝန်ထမ်းဆောင်ခဲ့ သည့်ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အသက်ရ၅နှစ်အရွယ်တွင် ကွယ်လွန်

ရီယာ့ဒ်၊ ဇူလိုင်-၁၀ ။        ။ ဘုရင့်နိုင်ငံ၏ အာဏာရမိသားစုနှင့် နီးစပ်သည့် သတင်းရင်းမြစ်နှင့် မီဒီမယာများ ၏ပြောကြားချက် အရ ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီးဟောင်း မင်းသားကြီး ဆောက် အယ်လ် ဖိုင်ဆယ်မှာ နှစ်၄၀ကြာ တာဝန်ထမ်းဆောင် ပြီးနောက် ၎င်းအား အစားထိုးဖယ်ရှားခံရပြီး နှစ်လအကြာ ဇူလိုင်လ ၉ရက်နေ့တွင် သေဆုံးသွားခဲ့သည်ဟု ဆိုသည်။

မင်းသားကြီးဆောက်မှာ ၎င်းအား ဧပြီလ ၂၉ရက်နေ့က အမေရိကန်နိုင်ငံဆိုင်ရာ ဆော်ဒီသံအမတ်ကြီးဖြစ်သည့် အဒဲ အယ် ဂျူဘာနှင့် အစားထိုးချိန်တွင် အသက် ၇၅နှစ်ရှိပြီဖြစ်ပြီး ကမ္ဘာပေါ်တွင် သက်တမ်းအကြာဆုံး တာဝန်ထမ်းဆောင် ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးတစ်ဦးပင်ဖြစ်သည်။

မင်းသားကြီးဆောက်မှာ ၎င်း၏နေရာကို အစားထိုးဖယ်ရှားခံရပြီးနောက်တွင်လည်း ဆော်ဒီ နိုင်ငံခြားရေးရာမူဝါဒ အသိုင်းအဝိုင်းတွင် ကြဇာကြီးမားဆဲဖြစ်ပြီး၊ ဇန်နဝါရီလက ထီးနန်းဆက်ခံခဲ့သည့် ဘုရင် ဆယ်မန်၏ အကြံပေးအဖြစ် တာဝန်ထမ်းဆောင်နေဆဲဖြစ်ကာ ဘုရင်က နိုင်ငံခြားခေါင်းဆောင်များအား လက်ခံတွေ့ဆုံသည့်ပွဲများတွင်လည်း မကြာခဏတွေ့ရမြဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly