Samsung Galaxy Note 7 စတင်မိတ်ဆက်

Samsung Galaxy Note 7 စတင်မိတ်ဆက်

Samsung က နောက်ဆုံးထုတ်လိုက်သည့် ရေစိုခံ Galaxy Note7 ကို မြန်မာဈေးကွက်တွင် ဝယ်ယူနိုင်တော့မည်ဖြစ်သည်။

“Galaxy Note 7 ကို ကုန်ထုတ်စွမ်းအား၊ ဖျော်ဖြေရေး နှင့် အဆင့်မြင့်လုံခြုံရေးစနစ် လုပ်ဆောင်ချက်တွေနဲ့ ပေါင်းစပ်ဖန်တီးထားပါတယ်။ အားကောင်းတဲ့ဂေဟစနစ်ကို အားဖြည့်ရင်း လူနေမှုဘဝမှာ ပိုမိုကောင်းမွန်တဲ့အရာတွေကို ရရှိပိုင်ဆိုင်နိုင်သူတွေအတွက် အသင့်တော်ဆုံး ထုတ်ကုန်ဖြစ်ပါတယ်” ဟု Samsung Electronics ၏ President of Mobile Communiations Business DJ Koh မှ ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောထားသည်။

ရွှေရောင်၊ ငွေရောင် နှင့် အနက်ရောင် သုံးမျိုးရွေးချယ်နိုင်မည့် Galaxy Note 7 ကို သြဂုတ် ၂၁ရက်တွင် စတင်ဝယ်ယူနိုင်မည်ဖြစ်ပြီး ကျပ် ၉၂၀,၀၀၀ဖြင့် ရောင်းချမည်ဖြစ်သည်။

ယင်းအပြင် ကမ္ဘောဇဘဏ်နှင့်လည်းချိတ်ဆက်ကာ အတိုးမဲ့ ၆လပေး အရစ်ကျစနစ်ဖြင့်လည်း ကြိုတင်မှာယူနိုင်သည်ဟု သိရသည်။ ကြိုတင်မှာယူလိုသည် ကမ္ဘောဇဘဏ်တွင် saving account (စုငွေစာရင်း) ဖွင့်၍ ကျပ် ၉၂၀၀၀၀ စုငွေသွင်းကာ ၆ လအရစ်ကျ ဖြင့် အတိုးနှုန်းမဲ့ဝယ်ယူနိုင်သည်ဟု သိရသည်။

Galaxy Note 7၏ စွမ်းဆောင်ရည်များ

Galaxy Note 7 S Pen

အဆင့်မြှင့်တင်ထားသော Galaxy Note 7 S Pen သည် စာရေးကိရိယာတစ်ခုထက် သာလွန်သည့် သုံးစွဲသူများ၏ အလုပ်များကို ပိုမိုထိရောက်စွာ နှင့် တိကျသေချာစွာ စွမ်းဆောင်ပေးနိုင်သော လုပ်ဆောင်ချက်များပါဝင်သည်။ သုံးစွဲသူများအနေနှင့် Screen Off (memo) သုံးပြီး ဖုန်းလောခ်ဖွင့်စရာမလိုဘဲ ရိုးရှင်းစွာ (memo) ကို Always On Display ပြုလုပ်ထားခြင်းဖြင့် စိတ်ကူးစိတ်သန်းများကို ဉာဏ်ကွန့်မြူးချိန်မှာပင် လက်တွေ့ အကောင်အထည်ဖော်နိုင်ပါသည်။ S Pen သည် သုံးစွဲသူများအား Smart Select ဖြင့် GIF animations များကို လွယ်ကူစွာ ဖန်တီးမျှဝေနိုင်ပြီး Magnify နှင့် Translate အပါအဝင် Air Command လုပ်ဆောင်ချက် အသစ်များအား ရိုးရှင်းစွာ လှုပ်ရှားခြင်းဖြင့် မျက်နှာပြင်ချဲ့ခြင်း၊ ဘာသာစကားပြောင်းလဲခြင်းများကို ပိုမိုလွယ်ကူစေပါသည်။

အဆင့်မြင့်လုံခြုံရေးစနစ်

Samsung မှ သုံးစွဲသူများ၏ ဖုန်းအတွင်းရှိကိုယ်ရေးကိုယ်တာအချက်အလက်များအား လုံခြုံစိတ်ချစွာ ကာကွယ်ထားနိုင်မှုသည် အလွန်အရေးကြီးသော အချက်တစ်ခုဖြစ်ကြောင်း နားလည်သဖြင့် ဈေးကွက်အတွင်း ဦးဆောင်လျက်ရှိသော လုံခြုံရေးဆိုင်ရာ ပလက်ဖောင်း တစ်ခုဖြစ်သည့် Samsung Knox နှင့် တွဲဖက်၍ Galaxy Note 7 သည် အဆင်မြင့် လုံခြုံရေးစနစ် နှင့် ကိုယ်ရေးကိုယ်အချက်အလက်များ လုံခြုံစိတ်ချရမှုအတွက် အဆင့်မြှင့်တင်ထားသော လက်ဗွေရာစနစ် နှင့် မျက်လုံး scan စနစ် နည်းပညာသစ်များအား ပံ့ပိုးပေးထားသည်။

အကောင်းဆုံးသော In-Class ဖျော်ဖြေမှု

ဖုန်းဆိုသည်မှာ သုံးစွဲသူများနှင့် အချိန်ပြည့် ရှိနေခြင်းကြောင့် နေ့စဉ်ဘဝတွင် အရေးအပါဆုံးသော မျက်နှာပြင်တစ်ခုပင် ဖြစ်သည်။ Galaxy Note 7 တွင် ကြည်လင်ပြတ်သား၍ စွဲမက်နစ်မျောဖွယ်ရာရုပ်ပုံများကို  ၅.၇ လက်မရှိ သေသပ်လှပသော မျက်နှာပြင်ကွေး QHD Super AMOLED မျက်နှာပြင်ရှိ စမတ်ဖုန်းပေါ်တွင် ကြည့်ရှုခံစားနိုင်စေရန် ဖန်တီးထားသည်။ ရုပ်ရှင်ဖန်တီးသူမှ ပေးစွမ်းချင်သော အတွေ့အကြုံအား အသုံးပြုသူများ အပြည့်အ၀ ရရှိစေရန် တောက်ပသော အရောင်များနှင့် ပိုမိုနက်ရှိုင်းသော အနက်ရောင် အသားပေးထားသည့် ရုပ်ရှင်ရုံအဆင့်မီ HDR ဗီဒီယိုအား တိုက်ရိုက်ကြည့်ရှုနိုင်မည် ဖြစ်သည်။

ဂလက်ဆီ အခြေခံအုတ်မြစ်များဖြင့် အသစ်တစ်ဖန်မွမ်းမံအဆင့်မြှင့်တင်ထားသည့် လက်ရာ

Samsung မှ Galaxy Note7 နှင့်အတူ စက်မှုပညာပိုင်းဆိုင်ရာ ကန့်သတ်မှုများကို တီထွင်ဆန်းသစ်သည့်ဒီဇိုင်း မှ တစ်ဆင့် အကောင်းဆုံးသောသုံးစွဲမှုအတွေ့အကြုံများရရှိပိုင်ဆိုင်နိုင်စေရန် ဆက်လက်ဖန်တီးခဲ့ခြင်းဖြစ်သည်။ အနားစောင်း ၊ မျက်နှာပြင် နှင့် ထုတ်ကုန်၏ ဒီဇိုင်းအသေးစိပ်အား အဆင်ပြေလွယ်ကူစွာ ကိုင်ဆောင်နိုင်ရုံသာမက လက်တစ်ဖက်တည်းဖြင့်   မြဲမြံစွာကိုင်တွယ်နိုင်မည်ဖြစ်သည့်အပြင် နဂိုမူလအတိုင်း ကြာရှည်ခံသော Corning® Gorilla® Glass 5 အားအသုံးပြုထားခြင်းနှင့်အတူ အသစ်တစ်ဖန် ပြန်လည်မွမ်းမံပြင်ဆင်ထားသည်။ Galaxy Note7 သည်ကြီးမားသည့် မျက်နှာပြင်ရှိသော်လည်း အရှေ့မှအနောက်သို့ အချိုးကျစွာ ကွေးသွားသည့် အစွန်းနှစ်ဖက်ကြောင့် ဟန်ချက်ညီ၍ ပေါ့ပါးပြီး သုံးစွဲသူများအနေဖြင့် Galaxy Series များမှအထက်တန်းကျသည့် ခံစားမှုအား ရရှိစေမည်ဖြစ်သည်။ Galaxy Note7 မှ မျက်နှာပြင်ကွေး၏  စွမ်းဆောင်ရည်မြင့် Edge Panel မှတစ်ဆင့် သုံးစွဲသူများအနေဖြင့် တစ်ချက် နှိပ်ရုံဖြင့် အက်ပလီကေးရှင်း၊ သတင်းများ နှင့် လုပ်ဆောင်ချက်များအား ဝင်ရောက်အသုံးပြုနိုင်မည်ဖြစ်သည်။

ဖုန်းတွင်းမှတ်ဉာဏ် 64 GB ပါဝင်သည့်အပြင် Galaxy Note 7 သည် microSD ကဒ် အသုံးပြု၍ 256GB အထိ ထပ်မံတိုးမြှင့် အသုံးပြုနိုင်ရန်လည်း ပံ့ပိုးပေးထားပါသည်။ Galaxy Note7 တွင် 3,500mAh ဘက်ထရီ၊ Smart Manager မှ တစ်ဆင့် ဘက်ထရီအား လွယ်ကူစွာထိန်းချုပ် အသုံးပြုနိုင်သည့် UX နှင့် လွယ်ကူစွာ အားသွင်းနိုင်မည့် USB-C port အသစ်ပါဝင်သည်။ ကြိုးမဲ့အားသွင်းကိရိယာ အထူးသဖြင့် Samsung ၏ လျင်မြန်သော ကြိုးမဲ့အားသွင်းကိရိများအား တွေ့သည့်အခါတိုင်း Galaxy Note 7 အား အလွယ်တကူ အားသွင်းအသုံးပြုနိုင်မည်ဖြစ်သည်။

Other specification

Galaxy Note7 သည် စမတ်ဖုန်းတစ်လုံး ထက်ပိုမိုသာလွန်သည့် စွမ်းဆောင်ရည်များရှိသည့်အပြင် Samsung  ထုတ်ကုန်များ ၏ ဂေဟစနစ် ၊ ဆော့ဖ်ဝဲ နှင့် ဝန်ဆောင်မှုများ ၏ ချိတ်ဆက်ရာနေရာတစ်ခု လည်းဖြစ်သည်။  S Health 5.0 မှ တစ်ဆင့် သုံးစွဲသူများသည် Gear Fit2 နှင့် Gear IconX များကို အသုံးပြုစေနိုင်ပြီး ၎င်းတို့၏ ကိုယ်လက်လှုပ်ရှားမှု များကို စောင့်ကြည့်နိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags