ဧရာဝတီတိုက်စစ်မှူး ခရစ္စတိုဖာ သွင်းဂိုးအများဆုံး ကစားသမားဖြစ်လာ

ဧရာဝတီတိုက်စစ်မှူး ခရစ္စတိုဖာ သွင်းဂိုးအများဆုံး ကစားသမားဖြစ်လာ
မြန်မာနေရှင်နယ်လိဂ် ဂိုးအများဆုံး သွင်းသူများ စာရင်းကို ဦးဆောင်နေတဲ့ ဧရာဝတီတိုက်စစ်မှူး ခရစ္စတိုဖာ။ (ဓာတ်ပုံ- AUFC)

သြဂုတ် ၇၊ ရန်ကုန်။              ။ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၂၀) အပြီးတွင် ဧရာဝတီယူနိုက်တက်အသင်းမှ နိုက်ဂျီးရီးယားတိုက်စစ်မှူး ခရစ္စတိုဖာမှာ သွင်းဂိုး ၁၄ဂိုးဖြင့် ဂိုးအများဆုံး သွင်းသူများစာရင်းကို ဦးဆောင်ခဲ့သည်။

ခရစ္စတိုဖာမှာ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၂၀)တွင် ဆောက်သမ်းအသင်းကို ငါးဂိုးပြတ်အနိုင်ရခဲ့ရာ၌ ဟက်ထရစ်သွင်းယူနိုင်ခဲ့သည်။ ယင်း ဟက်ထရစ်မှာ ယခုနှစ်မြန်မာနေရှင်နယ်လိဂ်တွင် ၎င်းသွင်းယူ နိုင်ခဲ့သော ဒုတိယမြောက် ဟက်ထရစ်သွင်းဂိုးလည်းဖြစ်သည်။ ခရစ္စတိုဖာ၏ နောက်တွင် ဒုတိယမြောက် သွင်းဂိုးအများဆုံးအဖြစ် ရတနာပုံအသင်းမှ လိုက်ဘေးရီးယားတိုက်စစ်မှူး ကိသ်က ၁၃ဂိုးဖြင့် ဒုတိယ၊ ရတနာပုံတိုက်စစ်မှူး ဝင်းနိုင်စိုးက ၁၂ဂိုးဖြင့် တတိယ၊ ရန်ကုန်တိုက်စစ်မှူး ကျော်ကိုကိုက ၁၁ဂိုးဖြင့် တတိယ၊ ရခိုင်အသင်းမှ ဘရာဇီးတိုက်စစ်မှူး အန်ဒရေက ၁၀ဂိုးဖြင့် စတုတ္ထနေရာများတွင် အသီးသီးရပ်တည်နေသည်။

အသက် ၂၅နှစ်အရွယ်ရှိ နိုက်ဂျီးရီးယားတိုက်စစ်မှူး ခရစ္စတိုဖာမှာ အိန္ဒိယဒုတိယတန်းကလပ် လုံးစတားကာရှီမာ အသင်းမှ ဧရာဝတီယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့လာသူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly