မြန်မာအမျိုးသမီးအသင်းနှင့် ဆက်လက် လက်တွဲလိုသည်ဟု ရော်ဂျာဆို

မြန်မာအမျိုးသမီးအသင်းနှင့် ဆက်လက် လက်တွဲလိုသည်ဟု ရော်ဂျာဆို
မြန်မာအမျိုးသမီးအသင်းနည်းပြ ရော်ဂျာနှင့် ဦးဇော်ဇော်တို့ကို တွေ့ရစဉ်။(ဓာတ်ပုံ- MFF)

သြဂုတ် ၇၊ ရန်ကုန်။                ။ မြန်မာအမျိုးသမီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် နယ်သာလန်လူမျိုးနည်းပြ ရော်ဂျာရိုင်နာက အသင်းနှင့်ဆက်လက်လက်တွဲလိုသည်ဟု သြစတြေးလျကိုအနိုင်ရခဲ့သော တတိယနေရာလုပွဲအပြီးတွင်ပြောခဲ့ သည်။

နည်းပြ ရော်ဂျာရိုင်နာမှာ မြန်မာအမျိုးသမီးအသင်းနှင့် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲအပြီးအထိသာ ကာလတိုစာချုပ် ချုပ်ဆိုထားပြီး လက်ရှိအချိန်တွင် စာချုပ်သက်တမ်းတိုးရန်   မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ညှိုနှိုင်းရမည်ဖြစ်သည်။

“ကျွန်တော်ဒီအသင်းနဲ့ဆက်ပြီး လက်တွဲချင်ပါတယ်။ ဒီနိုင်ငံကိုလည်း ချစ်ပါတယ်။ ကျွန်တော့် အနာဂတ်အတွက်တော့ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့ညှိုမှာပါ။ အသင်းနဲ့ ဆက်လက် လက်တွဲခွင့်ရဖို့မျှော်လင့်ပါတယ် ” ဟု ရော်ဂျာကပြောသည်။

ရော်ဂျာကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းထားပြီး လက်ခံပါက ရက်ပိုင်းအတွင်း စာချုပ် ချုပ်ဆိုဖွယ်ရှိနေသည်။ မြန်မာအမျိုးသမီးအသင်းမှာ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ  ဆီမီးဖိုင်နယ်တွင် ဗီယက်နမ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့်ရှုံးနိမ့်ခဲ့ပြီး တတိယနေရာလုပွဲတွင် သြစတြေးလျကို ၁-ဝဂိုးဖြင့်အနိုင်ရကာ တတိယကြေးတံဆိပ်ရခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly