အနုပညာသစ်ပြတိုက်နှင့် Style Plus H သင်တန်းကျောင်း တို့ ပူးပေါင်းပြီး ရန်ပုံငွေဖျော်ဖြေ ပွဲပြုလုပ်မည်

အနုပညာသစ်ပြတိုက်နှင့် Style Plus H သင်တန်းကျောင်း တို့ ပူးပေါင်းပြီး ရန်ပုံငွေဖျော်ဖြေ ပွဲပြုလုပ်မည်
အနုပညာသစ်ပြတိုက် နှင့် Style Plus H သင်တန်းကျောင်း တို့ ပူးပေါင်းပြီး လှုဒါန်းခဲ့သည့် ပထမဆုံးအကြိမ် အလှု။   ဓါတ်ပုံ - လှနုထွန်း ဖေ့စ်ဘွတ်

ရန်ကုန် ၊ ဇူလိုင် ၁၀ ။ ။ အနုပညာသစ်ပြတိုက် နှင့် Style Plus H သင်တန်းကျောင်း မှ မောင်မယ် များ ပူးပေါင်း ပြီး စာရေး ဆရာမ ဒေါ်သန်းမြင့်အောင် တည်ထောင် ထားသည့် သုခရိပ်မြုံ လူငယ် ဖွံဖြိုးရေး ပရဟိတ ဂေဟာမှ ကလေးငယ်များအတွက် ရန်ပုံငွေဖျော်ဖြေပွဲ ပြုလုပ်မည် ဖြစ်ကြောင်း Style Plus H သင်တန်းကျောင်းမှ National Director မလှနုထွန်းက မဇ္ဈိမကိုပြော သည်။

ထိုဖျော်ဖြေပွဲကို ဇူလိုင် ၁၄ရက် နှင့် ၁၅ရက် တို့တွင် Capital Hypermart promotion area တွင် ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး ညနေ ၄နာရီခွဲမှ ၇နာရီ အထိ အလှမောင်မယ် များ၏ Talent showများ ၊ တေးသီချင်း ဖျော်ဖြေမှု များနှင့် ဖက်ရှင်ရှိုးပွဲများဖြင့် ကျင်းပပြုလုပ် မည်ဖြစ်သည်။

မလှနုထွန်း က "ပထမ တစ်ခေါက်ကလည်း အနုပညာသစ်ပြတိုက် နဲ့ တောင်ဒဂုံမှာ သွားပြီး အလှူ လုပ်ဖြစ်ခဲ့တယ်။ အခု ကတော့ ဒုတိယအကြိမ်ပေါ့။ ဒီပွဲမှာ လှနုရဲ့ ကလေးတွေလည်း ပါဝင် ဖျော်ဖြေ မှာပါ။ ရရှိတဲ့ ငွေကြေးကို သုခရိပ်မြုံ လူငယ် ဖွံဖြိုးရေး ပရဟိတ ဂေဟာကို လှူဒါန်း သွားမှာပါ" ဟု ပြောသည်။

အဆိုပါ ဖျော်ဖြေပွဲတွင် Style Plus H သင်တန်းကျောင်းမှ Mini Miss Myanmar 2015 ချစ်ချစ်တုန် ၊ Little Miss Myanmar 2015 ရှင်းသန့်ဖြူစင် ၊ Little Mister Myanmar 2015 ဇွဲသူရိန် ၊ Junior Mister Myanmar 2015 လရောင်လင်း ခေါ် Thomas Tun ၊ Miss Teen Myanmar 2015 မေနန္ဒာကျော် ၊ Miss Bikini Universe 2015 ပြိုင်ပွဲ သို့ ဝင်ရောက် ယှဉ်ပြိုင်မည့် နီနီမင်းသူ ၊ Miss Global International 2015 ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ထက်ထက်ရည်အောင် ၊ Miss Heritage Myanmar 2015 ချောရူပါ သက်တို့အပြင် Style Plue H သင်တန်း ကျောင်းမှ ရွေးချယ်မည့် Jewel Princess လည်း ပါဝင်မည် ဖြစ်သည်။ ယင်းအပြင် Luxury Brand Model Mister Myanmar နှစ်ဦး ဖြစ်သည့် မျိုးဇော်အောင်၊ လင်းနေ တို့လည်း ပါဝင် ကြမည် ဖြစ်သည်။

ထို ရန်ပုံငွေပွဲတွင် အလှမောင်မယ်များမှ ရှိုးလျှောက်ကြမည် ဖြစ်ပြီး ညနေခင်း ဝတ်စုံ ၊ မြန်မာ ဝတ်စုံ တို့ဖြင့် ဝတ်ဆင်ပြသ မည်ဖြစ် သည်။

အလှမယ်လေးများ အတွက် မြန်မာဝတ်စုံကို ဒီဇိုင်နာ ကြည်စိမ်းလန်းမှ တာဝန်ယူ ချုပ်လုပ် ပေးမည် ဖြစ်ပြီး ညနေခင်းပွဲတက် ဝတ်စုံကို ဒီဇိုင်နာ မဇာနည်ဝင်းက ကူညီပေးမည် ဖြစ်သည်။

ထိုပွဲတွင် အလှူငွေများလှူဒါန်းနိုင်သလို အရုပ်များလည်း လှူဒါန်းနိုင်မည်ဖြစ်ကာ ရရှိသည့် အလှူငွေနှင့် ပစ္စည်း များကို ရန်ပုံငွေဖျော်ဖြေပွဲ ပြီးစီးပါက သုခရိပ်မြုံ လူငယ် ဖွံဖြိုးရေး ပရဟိတ ဂေဟာမှ ရင်သွေးငယ် များထံ သွားရောက် လှူဒါန်းမည် ဖြစ်သည်။

အနုပညာသစ်ပြတိုက် နှင့် Style Plus H သင်တန်းကျောင်း မှ မောင်မယ်များနှင့်စီးပွားရေး လုပ်ငန်းရှင် အချို့ ပူးပေါင်းပြီး ပထမဆုံး အကြိမ်အဖြစ် လှုဒါန်းမှုကို ယခုလဆန်းက ပြုလုပ်ခဲ့ပြီး တောင်ဒဂုံ ၇၂ ရပ်ကွက်အတွင်းရှိ ကလေးငယ်များကို ကျောင်းသုံးပစ္စည်းများ လှုဒါန်းပေးခဲ့သေးသည်။

ယင်းအပြင် Style Plus H သင်တန်းကျောင်းမှ National Director များဖြစ်သည့် ကိုဖြိုးပိုင်၊ မလှနုထွန်းတို့နှင့် အတူ ဒီဇိုင်နာ ဖြိုးပြည့် အပါအဝင် အလှမယ်များသည် ရန်ကုန်ဆေးရုံကြီးတွင် ဇူလိုင် ၅ရက် မှ ၁၀ရက် အထိ ပြုလုပ်သည့် ငါးကြိမ်မြောက် မြန်မာ-စင်ကာပူ ချစ်ကြည်ရေး Friendship Medical Mission မှ နိုင်ငံတကာမှ ဆရာဝန်များ Cleft lips and palate ကလေးများ ခွဲစိတ်ရေးသို့ လည်း သွားရောက် ပြီး ကလေးများ အတွက် အရုပ်များ လှူဒါန်း ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly