ဇူလိုင်လအတွင်း စုစုပေါင်းယာဉ်တိုက်မှု၏ ထက်ဝက်ခန့်မှာ ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့်ဖြစ်

ဇူလိုင်လအတွင်း စုစုပေါင်းယာဉ်တိုက်မှု၏ ထက်ဝက်ခန့်မှာ ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့်ဖြစ်

 ရန်ကုန်၊ သြဂုတ် ၅ ။             ။ ရန်ကုန်မြို့တွင် ဇူလိုင်လ တစ်လအတွင်း ယာဉ်တိုက်မှုပေါင်း နှစ်ရာကျော်ဖြစ်ပွားခဲ့ပြီး ထက်ဝက်ခန့် မှာ ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့်ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ (ရန်ကုန်) မှ သိရသည်။

 "မြို့ပေါ်မှာ ၁၉၁ မှု ၊ ကျေးရွာမှာ ၂၇ မှု စုစုပေါင်း ၂၁၈ မှု ဖြစ်ပွားခဲ့ပြီးတော့ နေ့အချိန်မှာ ၁၁၇ မှု ညအချိန်မှာ ၁၀၁ မှု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေကတော့ မူးယစ်မောင်းနှင်မှု ၅ မှု ၊ မဆင်မခြင်မောင်းနှင်မှု ၁၁၃ မှုတို့ ဖြစ်ပြီး တခြားအမှုအနည်းငယ်တို့ ပါဝင်ပါတယ်"ဟု အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ ဒုရဲမှူးကြီး အောင်ကိုဦးက ပြော သည်။

 အဆိုပါ ထုတ်ပြန်ချက်တွင် ဇူလိုင်လ တစ်လအတွင်း ရန်ကုန်မြို့တွင် ယာဉ်တိုက်မှုပေါင်း ၂၁၈ မှုဖြစ်ပွားခဲ့ပြီး ယာဉ် မဆင်မခြင် မောင်းနှင်မှု ၁၁၃ မှု၊ လမ်းသွားလမ်းလာပေါ့ဆမှု ၃၁ မှု၊ ယာဉ်မောင်းမကျွမ်းကျင် ၂၇မှု၊ ခရီးသည်ပေါ့ဆမှု ၂၁မှု၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း နားမလည်မှု ၂၀ မှု၊ မူးယစ်မောင်းနှင်မှု ၅မှု၊ အချက်ပြမီးမလိုက်နာမှု ၁မှု ဖြစ် ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူ ၅၄ဦး၊ ဒဏ်ရာရသူစုစုပေါင်း ၂၇၄ဦး ရှိပြီး ဖြစ်ပွားခဲ့သည့် ယာဉ်အမျိုးစားများမှာ ကိုယ် ပိုင်ယာဉ် ၇၂စီး၊ လိုင်းကား ၄၇စီး၊ တက္ကစီ ၃၉စီး ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိမ်းရဲတပ်ဖွဲ့ က ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly