အပြင်တွင် ခြေရှုပ်နေသည်ထင်သည့် မယားဖြစ်သူကို လင်ဖြစ်သူက မြို့လယ်ကောင် အတွင်းခံဖြင့် လှည့်လည်ခိုင်း၍ ကိုယ်ကိုကို ရောင်းချခိုင်း

အပြင်တွင် ခြေရှုပ်နေသည်ထင်သည့် မယားဖြစ်သူကို လင်ဖြစ်သူက မြို့လယ်ကောင် အတွင်းခံဖြင့် လှည့်လည်ခိုင်း၍ ကိုယ်ကိုကို ရောင်းချခိုင်း

တရုတ်နိုင်ငံ ကျန်ကျီပြည်နယ်အတွင်း မြို့ထဲလမ်းများတွင် မိန်းမငယ်တစ်ဦးသည် လည်ပင်းတွင် "ကျွန်မ ခန္ဓာကိုယ်အား ရောင်း လိုသည်" ဟူသောစာတမ်း ချိတ်ဆွဲကာ အတွင်းခံ အဝတ်အစားသာ ဝတ်လျက် ငိုယိုလှည့်ပတ်သွားလာသည့် ဖြစ်ရပ်တစ် ခုဖြစ်ပွားသွားခဲ့သည်။

ထိုစိတ်တုန်လှုပ်ဖွယ် အရှက်တကွဲဖြစ်စေသည့် ဖြစ်ရပ်သည် အဆိုပါ အမျိုးသမီး၏ လင်ယောက်ကျားဖြစ်သူကိုယ်တိုင်က ရိုက်နှက်ကာ အတင်းပြုလုပ်ခိုင်းခြင်းဖြစ်သည်။  

၎င်းလင်ယောက်ကျားဖြစ်သူ အသက် ၃၇ နှစ်အရွယ် ကျန်းသည် သူ့၏ ဇနီးသည် အသက် ၃၃ နှစ် ဝန်နီသည် အပြင်တွင် ဇာတ်လမ်းရှုပ်နေသည်ဟု စွပ်စွဲကာ ယခုလို မညှာမတာ စေခိုင်းနေခြင်းဖြစ်သည့်အပြင် ဝန်နီ ယခုကဲ့သို့ ရှက်ရွံတုန်လှုပ်စွာ သွားနေသည်ကို နောက်ပါးက ကားကို ဖြေးဖြေးမောင်းနှင်လျက် လိုက်ကာ လူမဆန်စွာ ကြည့်ရှုနေခဲ့သည်ဟု ဆိုသည်။

ထိုသို့ ဖြစ်ပွားပြီး မကြာမတင်မှာပင် ယခုကဲ့သို့ လူမဆန်စွာစေခိုင်းခဲ့သည့် အိမ်ထောင်ဦးစီး ကျန်းကိုယ်တိုင်က ဒေသတွင်း သတင်းစာတစ်စောင်တွင် တောင်းပန်သည့် စာကို ရေးသားခဲ့ပြန်သည်။

ကျန်းနှင့် ဝန်နီတို့ လင်မယားသည် အိမ်ထောင်သက် ၁၀ ကျော်ရှိပြီး သမီးနှစ်ဦးထွန်းကားကြောင်း ဒေသတွင်း မီဒီယာသတင်း များတွင် ဖော်ပြသည်။

ကျန်း၏ အလုပ်သည် အချိန်များစွာပေးရသည့် အိမ်ယာမြေကုမ္ပဏီလုပ်ငန်းဖြစ်ပြီး အခြားတစ်မြို့တွင် ကလေးများနှင့် အတူ နေထိုင်သည့် ဇနီးဖြစ်သူနှင့်တွေ့ချိန် အလွန်နည်း သူဖြစ်သည်။

၎င်းတို့ လင်မယား၏ မိတ်ဆွေဖြစ်သူများက ကျန်းသည် ဇနီးသည်က သားယောက်ကျားလေး မမွေးဖွားပေးနိုင်သဖြင့် အပြစ်မြင် လျက် ရှိနေကြောင်းပြောသည်။

ကျန်းရေးသည့် သတင်းစာပါ စာမှာ လင်မယားကြား မပြေလည်မှုများကို အဆင်ပြေအောင် ပြန်လည်ကြိုးစားဟန်ရှိ သည့် တောင်းပန်စာဖြစ်သော်လည်း ၎င်းတို့ အိမ်ထောင်ရေး မည်သို့ ဆက်လက်စခန်းသွားနေသည်ကိုမူ သေချာမသိရှိပေ။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly