အစိုးရ၏ ဘတ်ဂျက်ဆိုင်ရာအချက်အလက်များ ရယူနိုင်သည့် စာမျက်နှာသစ်မိတ်ဆက်

အစိုးရ၏ ဘတ်ဂျက်ဆိုင်ရာအချက်အလက်များ ရယူနိုင်သည့် စာမျက်နှာသစ်မိတ်ဆက်

ရန်ကုန်၊ သြဂုတ် ၄ ။  ။ အစိုရ၏ အသုံးစရိတ်များနှင့် ဝင်ငွေများကို အများပြည်သူတွေသိရှိနိုင်ရန်သာမက အစိုးရ နှင့် လွှတ်တော်ကိုယ်စားလှယ်များ ဘတ်ဂျက်ဆိုင်ရာဆုံးဖြတ်ချက် ချမှတ်ရာတွင် အထောက်အကူပြုနိုင်ရန် ရည်ရွယ်ပြီး အင်တာနက်စာမျက်နှာသစ်ကို ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့က မိတ်ဆက်ခဲ့သည်။

''ကာကွယ်ရေးဝန်ကြီးဌာနက အသုံးစရိတ်အများဆုံးဖြစ်တယ်လို့ ပြောကြတယ်။ ဒါပေမယ့် တခြားဌာနတွေနဲ့ယှဉ်ရင် ဘယ်လောက်များလဲဆိုတာ ဘယ်သူမှမသိကြဘူး။ အဲ့တော့ ကျွန်တော်တို့အနေနဲ့ ဒီဝက်ဆိုက် ဝင်ကြည့်လို့ရှိရင် ဘယ်ဌာကကတော့ ဘယ်လောက်သုံးတယ် ဘယ်ဌာနကတော့ ဘယ်လောက်ရတယ်။ ဘယ်လုပ်ငန်းကတော့ ဘယ်လောက်အများဆုံးရတယ် ဥပမာဆိုရင် အောင်ဘာလေထီကနေနှစ်စဉ်ရတဲ့ ငွေပမာနကဘယ်လောက်ရှိတယ်။ အဲ့လိုမျိုးပြည်သူလူထုအများကြီးရရှိနိုင်မယ့် အချက်တွေထည့်သွင်းထားပါတယ်။" လို့ ပွင့်လင်းမြန်မာ့ရှေ့ဆောင်မှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုကျော်သူဟန် ကပြောပါတယ်။

အစိုးရက ဥပဒေလို့ဆိုကာ တိုင်းပြည်ရဲ့ဝင်ငွေ ထွက်ငွေများကို စာရွက်စာတမ်းများဖြင့် အချက်အလက်တွေ ထုတ်ပြန်တာရှိသော်လည်း  အများပြည်သူတွေဆီ အလွယ်တကူရောက်ရှိဖို့ခက်တဲ့အတွက် ၎င်းစာမျက်နှာကိုပြုလုပ်ရခြင်းဖြစ်တယ်လို့ ပွင့်လင်းမြန်မာ့ရှေ့ဆောင်မှ အမှုဆောင်ဒါရိုက်တာ ဦးအေးကျော်က မဇ္ဈိမကိုပြောပါတယ်။

"သတင်းစာမှာဖော်ပြလို့ရှိရင်လည်း အဲ့ဒီ့သတင်းကိုဖတ်မိဦးမှ အဲ့ဒီ့သတင်းစာကို လိုချင်လို့ပြန်ရှာရင်လည်းရှိနေဦးမှ ဒီလိုအခက်ခဲတွေရှိတယ်ပေါ့။ အခုကျွန်တော်တို့ဖော်ပြလိုက်ခြင်းဖြင့် ဘယ်အချိန်မှာပဲဖြစ်ဖြစ် အင်တာနက်အသုံးပြုနိုင်တယ် အသုံးပြုတတ်တယ် ဆိုရင်သုံးလို့ရပါပြီ" ဟု ပွင့်လင်းမြန်မာ့ရှေ့ဆောင်မှ အမှုဆောင်ဒါရိုက်တာ ဦးအေးကျော်ကပြောပါတယ်။

လက်ရှိတွင် ၎င်းဘတ်ဂျက်စာမျက်နှာမှာ အင်္ဂလိပ် ဘာသာဖြင့်သာ ဖတ်ရှုနိုင်သေးပြီး မြန်မာစာဖြင့် ဖော်ပြနိုင်အောင်လည်း ဆက်လက်လုပ်ဆောင်သွားမည်ဟု ကိုကျော်သူဟန်က ပြောသည်။

၂၀၁၃ တွင်လွှတ်တော်နှင့်ပက်သက်သည့် သတင်းအချက်အလက်များကို အများပြည်သူသိရှိနိုင်ရန်ရည်ရွယ်ချက်ဖြင့် ဝက်ဆိုဒ်တစ်ခုပြုလုပ်ခဲ့ပြီး ယခုမိတ်ဆက်သည့် ဘက်ဂျက်စာမျက်နှာမှာလည်း ၎င်းဝက်ဆိုဒ်တွင် အသစ်ပေါင်းထည့်ခဲ့ခြင်းဖြစ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly