BIGBANG အဖွဲ့ ကိုရီးယားနိုင်ငံ၏ “ Creative Icon” အဖြစ် သတ်မှတ်ခံရ

BIGBANG အဖွဲ့ ကိုရီးယားနိုင်ငံ၏ “ Creative Icon” အဖြစ် သတ်မှတ်ခံရ

ဆိုးလ်၊ သြဂုတ် ၄ ။               ။ တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့  BIGBANG အဖွဲ့ကို  တောင်ကိုရီးယားယဉ်ကျေးမှု ၊ အားကစား နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက “ Creative Icon” အဖြစ် သတ်မှတ်ခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယဉ်ကျေးမှု  ၊ အားကစား နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက  BIGBANG အဖွဲ့ကို “ Creative Korea” သံတမန်အဖြစ် ခန့်အပ်သွားမည်ဖြစ်ကြောင်း သြဂုတ် ၂ရက်က ထုတ်ပြန်ကြေညာခဲ့သည်။BIGBANG အဖွဲ့သည် ကမ္ဘာတစ်ဝန်းတွင် အောင်မြင်မှုရရှိခဲ့ပြီး ကိုရီးယားတေးဂီတနှင့်ယဉ်ကျေးမှုကို ပျံ့နှံ့အောင် လုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့် “ Creative Icon” အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားသည်။

ဖန်တီးမှုသံတမန်  BIGBANG အဖွဲ့သည်  သြဂုတ်လတွင်ကျင်းပပြုလုပ်မည့် ရီအိုနွေရာသီ အိုလံပစ်ပြိုင်ပွဲတွင် ပါဝင်သွားမည်ဖြစ်သည့်အပြင် ၂၀၁၈  PyeongChang ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲတွင်လည်း ပါဝင်သွားမည်ဖြစ်သည်။

“ Creative Icon”  BIGBANG အဖွဲ့၏ လုပ်ဆောင်မှုများမှတစ်ဆင့် နေရာအနှံ့အပြားတွင် “ Creatvie Korea” ကို မြှင့်တင်ရန် လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ဝန်ကြီးဌာနက ပြောကြားသည်။  BIGBANG အဖွဲ့သည် ကိုရီးယားနိုင်ငံ၏ ပုံရိပ်ကို မြှင့်တင်ရာတွင် ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags