ဘရစ်တနီစပီးယား၏ တေးသီချင်းအယ်လ်ဘမ်သစ် “ Glory” ထွက်ရှိတော့မည်

ဘရစ်တနီစပီးယား၏ တေးသီချင်းအယ်လ်ဘမ်သစ် “ Glory” ထွက်ရှိတော့မည်

လော့စ်အိန်ဂျလိစ်၊ သြဂုတ် ၄ ။              ။ ကမ္ဘာကျော် အဆိုတော် ဘရစ်တနီစပီးယားက ၎င်း၏ တေးသီချင်းအယ်လ်ဘမ်သစ် “ Glory” ကို သြဂုတ် ၂၆ရက်တွင် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သြဂုတ် ၃ရက်က တရားဝင် ကြေညာခဲ့သည်။

အသက် ၃၄နှစ်အရွယ်ရှိ ဘရစ်တနီစပီးယားသည် “ Glory” တေးအယ်လ်ဘမ် မျက်နှာဖုံးကို မျှဝေခဲ့ပြီး  သြဂုတ် ၂၆ရက်တွင် AppleMusic တွင် ရရှိနိုင်ကြောင်းနှင့်  သြဂုတ် ၃ရက်ည အရှေ့စံတော်ချိန် ည၁၂နာရီအချိန်တွင် ကြိုတင်မှာယူမှုများ ပြုလုပ်နိုင်ကြောင်း ဘရစ်တနီစပီးယားက ပြောကြားခဲ့သည်။

၂၀၁၃ ခုနစ်က နောက်ဆုံးထွက်ရှိခဲ့သော ဘရစ်တနီစပီးယား၏ “ Britney Jean” တေးအယ်လ်ဘမ်သည် ဘေလ်ဘုတ် ၂၀၀ စာရင်းတွင် နံပါတ် ၄ နေရာမှ ရပ်တည်ခဲ့သည်။ ဘရစ်တနီစပီးယားသည် “ Glory” တေးအယ်လ်ဘမ်သစ်မှ   တေးသီချင်း “Make Me ”ကို ဇူလိုင်လက ထုတ်လွှင့်ခဲ့ကြောင်း နှင့် အဆိုပါ တေးသီချင်းတွင် featuring ကို ရက်ပ်အဆိုတော် G-Eazyက သီဆိုပေးထားသည်။

“ ကျွန်မ ဒီတေးအယ်လ်ဘမ်ကို လုပ်ဆောင်နေတာ အခုဆိုရင် တစ်နှစ်ခွဲ  နှစ်နှစ်နီးပါးရှိနေပါပြီ။ ဒါကြောင့် ဒါဟာ ကျွန်မ အချိန်အများကြီးပေးပြီး လုပ်ဆောင်ထားတာပါ”ဟု ဘရစ်တနီစပီးယားက ပြီးခဲ့သည့်လက  E! News ကို ပြောကြားခဲ့သည်။

“ ဒီတေးအယ်လ်ဘမ်ဟာ တေးသွားတွေ နည်းနည်းပိုပြီး ပါဝင်တယ်။သီချင်းအေးအေးလေးတွေဖြစ်တယ်။ သီချင်းအေးအမျိုးအစားဖြစ်တယ်”ဟု ဘရစ်တနီက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags