အရှေ့အလယ်ပိုင်းတွင်ထောက်ခံမှုကျ၍ အရှေ့တောင်အာရှသို့ အိုင်အက်စ်တို့က ပစ်မှတ်ထားလာ

အရှေ့အလယ်ပိုင်းတွင်ထောက်ခံမှုကျ၍ အရှေ့တောင်အာရှသို့ အိုင်အက်စ်တို့က ပစ်မှတ်ထားလာ

ကွာလာလမ်ပူ၊ သြဂုတ် ၃ ။                ။ အမှန်တကယ် အန္တရာယ်ရှိနေသည်မှာ စစ်ပွဲတိုက်ခိုက်ရေးအတွေ့အကြုံရ အိုင်အက်စ်တိုက်ခိုက်ရေးသမားများ မူရင်းဒေသရင်းသို့ ပြန်ဝင်လာနေခြင်းဖြစ်ကြောင်း ဖမ်းဆီးထားသူ ၅၀ ကျော်ထက်မနည်းနှင့် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့သူ မလေးရှားနိုင်ငံမှ အာမတ်မိုဟာမတ်ဒီက ပြောသည်။

အီရတ်နှင့် ဆီးရီးယားတို့၌ နယ်မြေဆုံးရှုံးမှုများ ရင်ဆိုင်နေရသည့် အိုင်အက်စ်တို့က အရှေ့တောင်အာရှတွင် ကြီးထွားလာလျက်ရှိကြောင်း အစွန်းရောက်သမားများ ဖမ်းဆီးထိန်းသိမ်းရေး တော်ဝင်မလေးရှားရဲဌာန အကြံပေးဖြစ်သူ မိုဟာမတ်ဒီက ပြောသည်။

မေလအတွင်းက အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများက အိုင်အက်စ်တို့ သိမ်းပိုက်ထားသည့် အီရတ်က နယ်မြေ ၄၅ ရာခိုင်နှုန်းနှင့် ဆီးရီးယားက ၁၀ ရာခိုင်နှုန်း ဆုံးရှုံးလက်လွှတ်လိုက်ရပြီဖြစ်ကြောင်း ကြေညာချက်ထုတ်ထားသည်။

“အိုင်အက်စ်တွေ သိမ်းပိုက်နယ်မြေက တစ်ဖြည်းဖြည်း နည်းပါးကျဉ်းမြောင်းလာတယ်။ စိတ်ဓာတ်စစ်ဆင်ရေးလုပ်နေလည်း အိုင်အက်စ်ဆိုက်ဘာတပ်သားတွေကြားမှာ လက်ရှိဆုံးရှုံးမှုအခြေအနေတွေက မေးခွန်းထုတ်စရာဖြစ်လာနေတယ်။”ဟု အပြည်ပြည်ဆိုင်ရာအစ္စလာမ်မစ်တက္ကသိုလ်မှ သင်ကြားရေးဆရာလည်းဖြစ်သည့် မိုဟာမတ်ဒီက ပြောသည်။

“အိုင်အက်စ်တွေအနေနဲ့ ထောက်ခံမှုတွေကို ဘယ်လိုဆက်ရရှိအောင် လုပ်မလဲ။ ဒါက မေးခွန်းပဲ။ သူတို့အနေနဲ့ ပဋိပက္ခဒုတိယနယ်မြေဆီ သွားနေပါပြီ။ ဒါက အိမ်နီးချင်းနိုင်ငံတွေပါ။ ဒါမှမဟုတ်လည်း သူတို့အတွက် တတိယနယ်မြေကို ချဲ့ထွင်နေပါတယ်။ ဒါကတော့ အရှေ့တောင်အာရှပါ။ ဒီဒေသမှာ အိုင်အက်စ်တွေ ပစ်မှတ်ထားလာနေပါတယ်။”ဟု မိုဟာမတ်ဒီက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly