နိုင်ငံတကာဆုရ ဓာတ်ပုံများ စာအုပ်ထွက်ရှိ

နိုင်ငံတကာဆုရ ဓာတ်ပုံများ စာအုပ်ထွက်ရှိ

ရန်ကုန်၊ သြဂုတ် ၃ ။               ။ လက်ရှိမြန်မာနိုင်ငံတွင် နိုင်ငံတကာ ဓာတ်ပုံဆု အများဆုံးရရှိထားသည့် ဓာတ်ပုံဆရာတစ်ဦး၏ ဆုရဓာတ်ပုံများနှင့် ၎င်း ဓာတ်ပုံများကိုမည်ကဲ့သို့ ရိုက်ကူးခဲ့သည်ကိုပါ ဖော်ပြထားသည့် "နိုင်ငံတကာဆုရဓာတ်ပုံများ၏ နောက်ကွယ်" စာအုပ်ကို ထုတ်ဝေလျက်ရှိကြောင်း ထုတ်ဝေသူ ကို Cyra က မဇ္ဇျိမကို ပြောသည်။

ယင်း စာအုပ်တွင် ဆုရဓာတ်ပုံပေါင်း ၅၀ ပါဝင်ပြီး ၄၅ ပုံခန့်မှာ ပြည်တွင်းတွင် ရိုက်ကူးထားသည့် ပုံများဖြစ်ပြီး မြန်မာ ပြည်အန့ှံ အပြားနှင့် လူသူအရောက်ပေါက်နည်းသည့် နိုင်ငံတစ်နိုင်ငံဖြစ်သော ရှန်ဂရီလာရှိ ပုံများလည်း ပါဝင်သည် ဟု၎င်းက ပြောသည်။

စာအုပ်ထဲတွင် ရှမ်းပြည်နယ်၊ မြောက်ဦး၊ ကရင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးစသည့် စသည့် ဒေသများတွင်  ရိုက် ကူး ထားသော ပုံများပါဝင်သည်ဟုလည်း သိရသည်။

“ ဓာတ်ပုံဝါသနာရှင်တွေအတွက် ဘယ်လိုပုံတွေကပြိုင်ပွဲဝင်သင့်တယ် ဆိုတာကိုသိဖို့ရည်ရွယ်တယ်’’ ဟု စာအုပ်ထုတ် ဝေရသည့်အကြောင်းရင်းကို ဓာတ်ပုံဆရာ ဦးကျော်ကျော်ဝင်းက ပြောသည်။

ဓာတ်ပုံဝါသနာရှင်များအနေဖြင့် နိုင်ငံတကာတွင် မည်သည့်ပုံများက ဆုရနေသည်ကို သိရှိနိုင်မည်ဖြစ်ပြီး ပြိုင်ပွဲခေါင်း စဉ် နှင့် ကိုက်ညီသည့်ပုံများကို မည်ကဲ့သို့ ရွေးချယ်မည်၊  ပြိုင်ပွဲတွင် ဆုရသည့် ပုံများကို မည်သို့ ဖန်တီးရိုက်ကူးသည်နှင့် ကင်မရာ (Settings) မှ အစ အသေးစိတ်ပါဝင်သည်ဟု ထုတ်ဝေသူ ကို Cyra က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly