မြိတ်မြို့မှ (၆)လ လုပ်ငန်းရပ်ဆိုင်းခံ ငါးအမှုန့်ကြိတ်စက်ရုံ(၂)ရုံကိစ္စ ၀န်ကြီးချုပ်၏ စာထုတ်မှသာ အတည်ဖြစ်မည်

မြိတ်မြို့မှ (၆)လ လုပ်ငန်းရပ်ဆိုင်းခံ ငါးအမှုန့်ကြိတ်စက်ရုံ(၂)ရုံကိစ္စ ၀န်ကြီးချုပ်၏ စာထုတ်မှသာ အတည်ဖြစ်မည်

မြိတ်၊ သြဂုတ် -၃ ။                ။ တနင်္သာရီတိုင်း မြိတ်မြို့ရှိ ငါးအမှုန့်ကြိတ် စက်ရုံ (၂)ရုံကို တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်း လည်ပတ်ခွင့် (၆) လ ရပ်ဆိုင်းလိုက်သည်ဟု သတင်းထွက်ပေါ်နေသော်လည်း ဝန်ကြီးချုပ်၏ တရားဝင်စာထုတ်ပြန်မှသာ အတည်ပြုနိုင် မည် ဖြစ်ကြောင်း စီမံ၊ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းက သြဂုတ် (၃)ရက်တွင် မဇ္ဈိမ ကို ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သြဂုတ်(၂)ရက်တွင် RFA သတင်းဌာနက" မြိတ်မှာ စက်ရုံ ၂ ရုံကို ရပ်ဆိုင်းဖို့ ညွှန်ကြား" ဟု ဖော်ပြခဲ့သော်လည်း လက်ရှိအချိန်အထိ ဝန်ကြီးချုပ်၏ တရားဝင်ထုတ်ပြန်ချက်မရှိသေးကြောင်း ဝန်ကြီး ဦးဖြိုးဝင်း ထွန်းက ပြောသည်။

“အခုလောလောဆယ်တော့ ရပ်နားတယ်လို့ပြောပေမယ့် ဘယ်စက်ရုံနားတယ်ဆိုတာ ပြောလို့ တော့မရသေးဘူး။ ဝန် ကြီးချုပ် စာကမှ အတည်ပြုလို့ရမယ်။ လောလောဆယ်စာ မထွက်သေးပါဘူး။ တ ရားဝင်စာထုတ်ဖို့ရှိပါတယ်။ ဝန်ကြီး ချုပ် အနေနဲ့ လက်ရှိကတော့ စာကမထုတ်သေးဘူး ။အချိန်အနည်းငယ်စောသေးတယ်။ အခုဝန်ကြီးချုပ်က ခရီးသွား နေတယ်။ ခရီးမသွားခင် လက်မှတ်ထိုးပြီး စာထုတ် ထားခဲ့လား။မထားခဲ့ဘူးလားဆိုတာ မသိရသေးပါဘူး” ဟု ၎င်းက ပြောသည်။

ယင်းသတင်းထွက်ပေါ်မှုနှင့် ပတ်သက်၍ မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာန အနေ ဖြင့်လည်း မသိရှိရသေးကြောင်း ပြော ဆိုသည်။

“တိုင်းငါးဦးစီးကို လှမ်းမေးတော့ ညွှန်ကြားချက်တော့ မထုတ်ရသေး ဘူးလို့ပြောပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အ နေနဲ့ ဒီသတင်းအပေါ်မှာ မသိသေးဘူးလို့ပြောရမှာပါ” ဟု မြိတ်ခရိုင်ငါးဦးစီးမှူး ဦးစိန်သောင်း က ပြောသည်။

မြိတ်မြို့ အင်းလေးမြိုင် စက်မှုဇုန်ရှိ ရပ်နားခံရသည်ဟုသတင်းထွက်ပေါ်နေသော အဆောင်ကောင်း ငါးအမှုန့် ကြိတ် စက်ရုံ တာဝန်ရှိသူတို့ ကလည်း မြိတ်ခရိုင် ငါးဦးစီးဌာနသို့ သွားရောက်မေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး ၎င်းတို့ထံသို့ ထုတ် ပြန်စာ တစ်စုံတစ် ရောက်ရှိမလာသေးကြောင်း သိရသည်။

အလားတူ မင်းဇာနည် ငါးအမှုန့်ကြိတ်စက်ရုံ တာဝန်ရှိသူအနေဖြင့်လည်း သတင်းကို ကြားရသော်လည်း ၎င်း တို့အနေဖြင့် မည်သည့် အကြောင်းကြားစာမျှ မရရှိသေးကြောင်း ပြော ဆိုခဲ့ သည်။

ယင်းကဲ့သို့ သတင်းများထွက်ပေါ်နေသော်လည်း သြဂုတ်(၃)ရက်နေ့ ညနေပိုင်းအထိ စက်ရုံများ ဆက်လက် လည်ပတ်နေသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly