ရုပ်မြင်သံကြားဇာတ်လမ်းတွဲတွင် အမှုဆောင်ထုတ်လုပ်သူအဖြစ် လုပ်ဆောင်သွားမယ့် ဇေယန်မာလစ်ခ်

ရုပ်မြင်သံကြားဇာတ်လမ်းတွဲတွင် အမှုဆောင်ထုတ်လုပ်သူအဖြစ် လုပ်ဆောင်သွားမယ့် ဇေယန်မာလစ်ခ်

လော့စ်အိန်ဂျလိစ် ၊ သြဂုတ် ၃ ။                ။ One Direction အဖွဲ့ဝင်ဟောင်း ဇေယန်မာလစ်ခ်သည် အလားအလာရှိသော ရည်ရွယ်ချက်ကြီးမားသည့် အမျိုးသားတေးဂီတအဖွဲ့အကြောင်းကို ရိုက်ကူးမည့် ရုပ်မြင်သံကြားအစီစဉ်တွင် အကူညီပေးရန် ၎င်း၏ကျွမ်းကျင်မှုများကို  အသုံးချသွားမည်ဖြစ်သည်။

Emmy ဆုရ အမေရိကန် ဇာတ်လမ်းတွဲ Entourage ဖန်တီးသူများနှင့် ပူးပေါင်းကာ ဇေယန်သည် အမှုဆောင်ထုတ်လုပ်သူ အဖြစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  The Sun တွင် ဖော်ပြထားသည်။

အဆိုပါ ဒရမ်မာ ဇာတ်ကား၏ ဇာတ်လမ်း ဇာတ်ကွက်အပြင် အရေးပါသော သရုပ်ဆောင်များကို ရွေးချယ်ခြင်းအထိ အနုပညာရှင်များ နှင့် အနုပညာအဖွဲ့သားများကို အကြံဉာဏ်ပေးရန် ဇေယန်သည် အတွေ့အကြုံရှိသူတစ်ဦးဖြစ်သည်။

“ဒါဟာ ဇေယန်အတွက် ကြီးမားတဲ့ သဘောတူညီမှုတစ်ခုပါပဲ။ဇေယန်ဟာ တေးဂီအပြင် တစ်ခြား အနုပညာလုပ်ငန်းတွေမှာ စိတ်ဝင်စားမှုရှိတယ်။ဒါဟာ ပြီးပြည့်စုံတဲ့ ပြောင်းရွှေ့မှုဖြစ်တယ်။တေးဂီတဟာ သူတော်တော်များများသိရှိထားတဲ့ အရာတစ်ခုဖြစ်တယ်။ ဒီအစီစဉ်နဲ့ပတ်သက်လို့ ဇာတ်ညွှန်းရေးဆရာတွေကို အကြံဉာဏ်ပေးဖို့ သူ့ရဲ့အတွေ့အကြုံတွေကို ပေးသွားမှာပါ”ဟု သတင်းအရင်းမြစ်တစ်ခုက  The Sun ကို ပြောကြားခဲ့သည်။

အဆိုပါ ဒရမ်မာဇာတ်ကားသည် ရည်ရွယ်ချက်ကြီးမားသော အမျိုးသားတေးဂီတအဖွဲ့ ကမ္ဘာတစ်ဝန်းကျော်ကြားသော အဖွဲ့တစ်ဖွဲ့ဖြစ်လာပုံအကြောင်းကို ရိုက်ကူးသွားမည်ဖြစ်သည်။ လာမည့်လတွင် လော့စ်အိန်ဂျလိစ်မြို့၌  သရုပ်ဆောင်လူရွေးပွဲကို စတင်မည်ဖြစ်သောကြောင့် သရုပ်ဆောင်ရွေးပွဲအတွင်း  ဇေယန်သည် ဇာတ်ညွှန်းရေးဆရာ ၊ ထုတ်လုပ်သူများနှင့် ညှိနှိုင်းတိုင်ပင်မှုများလုပ်ဆောင်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags