နည်းပညာခေတ်ကြီးထဲမှာ IT နဲ့ပါတ်သက်တာ လက်မလွှတ်စေချင်ဘူးလို့ ဆိုတဲ့ IT ပညာရှင် မခင်စန္ဒာဝင်း

03 August 2016
နည်းပညာခေတ်ကြီးထဲမှာ IT နဲ့ပါတ်သက်တာ လက်မလွှတ်စေချင်ဘူးလို့ ဆိုတဲ့ IT ပညာရှင် မခင်စန္ဒာဝင်း

နိုင်ငံတကာမှာတော့ အမျိုးသမီးတွေရဲ့ဘဝ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် Mobile Software တွေ အသုံးပြုပြီး လုပ်ဆောင်နေကြပါပြီ။

အခုဆိုရင် မြန်မာနိုင်ငံမှာလည်း I Women ဆိုတဲ့ Software တစ်ခု ရေးဆွဲပြီး ကျေးလက်ဒေသက အမျိုးသမီးဘဝ တိုးတက်မှုအတွက် စတင်လာပါပြီ။ ဒီ Software ကို ရေးဆွဲသူကလည်း အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ နာမည်က ခင်စန္ဒာဝင်း ဖြစ်ပါတယ်။

I Women Mobile Software ရေးဆွဲသူ မခင်စန္ဒာဝင်း က I Women စတင်ပေါ်ပေါက်လာပုံနဲ့ ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီ  Software ကို ရေးဆွဲခဲ့သလဲဆိုတာ အခုလို စတင်ရှင်းပြပါတယ်။

I Women က ဘယ်လိုကနေ စပေါ်ပေါက်လာတာလဲ။ ပြီးတော့ အဓိက ဘယ်လိုရည်ရွယ်ချက်တွေနဲ့  ရေးဆွဲဖြစ်တယ်ဆိုတာကိုလဲ ပြောပြပေးပါဦးအမ။

I Women က UNDP ကုလသမဂ္ဂ ရန်ပုံငွေနဲ့ ဒီ ကျေးလက်က အမျိုးသမီးတွေအတွက် စိတ်ဓာတ်ခွန်အားပေးတဲ့ Software ရေးဖို့ စတင်ခဲ့တာပါ။ ကျေးလက်ကအမျိုးသမီးတွေက ခေါင်းဆောင်မှုသင်ခန်းစာတွေ ရရှိမယ်။ ဗဟုသုတ သင်ခန်းစာတွေ ရရှိပြီးတော့ မိမိရဲ့ ကျေးလက်မှာ ဦးဆောင်နိုင်အောင်လို့ အချင်းချင်း ကူညီနိုင်အောင်လို့ အမတို့က အဲဒီ ရည်ရွယ်ချက်တွေနဲ့ သူတို့ကို စိတ်ဓာတ်ခွန်အား ပြည့်စေမယ့် စာတွေ အသံဖိုင်တွေ၊ ဒီ အောင်မြင်ပြီးတော့ ကြိုးစားနေတဲ့ အမျိုးသမီးတွေရဲ့ ဘဝအကြောင်းတွေကို စာတွေ၊ အသံဖိုင်တွေ၊ ဗီဒီယိုဖိုင်လေးတွေနဲ့ လွှင့်ပေးတာပါ။

အမကရော I Women ကဏ္ဍမှာ ဘယ်လို အခန်းကဏ္ဍကနေ အဓိက ပါဝင်နေတာလဲရှင့်။

အမကတော့ မိုဘိုင်း ဒီပလိုမာပေါ့။ နောက်ပြီးတော့ Project Management ကိုလည်း ဝင်ပြီးတော့ ထိန်းပေးရတယ်ပေါ့။

ဟုတ်ကဲ့ပါ။ လက်ရှိမှာ I Women က လုပ်ဆောင်နေတဲ့ အပိုင်းတွေကျတော့ ဘယ်လိုအပိုင်းကဏ္ဍတွေ လုပ်ဆောင်ပေးပြီးပြီလဲရှင့်။

I Women စလုပ်ကတည်းက ကျေးလက်က အမျိုးသမိးတွေနဲ့ သွားစမ်းတာ။ အမက Application တင်တယ်။ ကျိုက်လက်မှာ သွားစမ်းရတယ်။ ကျိုက်လက်က အမျိုးသမီး Network က တစ်နိုင်ငံလုံးမှာ အမတို့က ၃၃ ဖွဲ့ ရှိတယ်ပေါ့နော်။ အဲဒီ အမျိုးသမီးအဖွဲ့တွေနဲ့ သွားတွေ့တယ်ပေါ့နော်။ သွားတွေ့ပြီးတော့ စမ်းရတယ်ပေါ့နော်။ နောက်ပြီးတော့ သူတို့ရဲ့ လိုအပ်ချက်တွေကို အမတို့က မေးတယ်။ ဒီ Application က အမတို့ဆီကို ဒီအတိုင်းလာမှာ။ အဆင်ပြေပါသလား။ ဘာတွေထပ်ထည့်ချင်လဲ။ ဘာတွေကြိုက်လဲပေါ့။ သူတို့ကိုယ်တိုင်လည်း ပါဝင်ပြီးတော့ အကြံဉာဏ်ပေးတယ်။ ကဗျာတွေရေးပေးတယ်။ အမျိုးသမိးတွေ ပါဝင်ကြတယ်ပေါ့နော်။ ဒီ ကျေးလက်အမျိုးသမီးတွေက အရမ်း စိတ်အားထက်သန်ကြတယ်ပေါ့နော်။

အခုဆို အရှိန်အဟုန်က တိုးတက်မှုက တော်တော်မြင့်တယ်လို့ ပြောလို့ရမယ်လေ။ အမတို့အနေနဲ့ဆိုရင်ရော ဘယ်လို သုံးသပ်မိလဲ။ အစပိုင်းတုန်းက သုံးစွဲခဲ့တဲ့သူနဲ့ အခု လက်ရှိမှာ ဘယ်လောက်ထိ ကွာခြားလာပြီလဲ။

အမတို့ စကတည်းက ကျေးလက်အမျိုးသမိးကို ရန်ကုန်မြို့ပေါ်ကိုခေါ်တယ်။ ဒီ မန္တလေးမှာ အစည်းအဝေးလုပ်တယ်။ ကျေးလက်အမျိုးသမီးတွေ ခေါင်းဆောင်တွေကိုခေါ်တယ်။ ပြီးတော့ သူတို့ကို ဒီ မိုဘိုင်း နည်းပညာတွေနဲ့ မိတ်ဆက်ပေးတယ်ပေါ့နော်။ မိတ်ဆက်ပေးပြီးတဲ့အခါမှာ အမတို့က ဘားကန့်တွေပေါ့။ ရန်ကုန်ဘားကန့်သွားတယ်။ လားရှိုးဘားကန့်သွားတယ်။ ဘားကန့်တွေမှာ အမတို့က အမျိုးသမီးတွေအတွက် မိုဘိုင်းအက်ကလေး ရှိတယ်။ အားလုံးကို အသိပညာပေး ဗဟုသုတလေးတွေ ပေးမယ်ဆိုတဲ့ အက်ကလေးရှိတယ်။

ဒီ I Women မှာ ကူညီနေတဲ့ အဖွဲ့အစည်းတွေက အများကြီးပါ။ ကျောင်းသူ ကျောင်းသားတွေ အများကြီးပေါ့နော်။ အမတို့က အဓိက အမျိုးသမီးတွေကို ဦးစားပေးတယ်ပေါ့နော်။   ကျေးလက်ဆိုတဲ့အတိုင်း အမတို့ သွားနိုင်သမျှ ကျေးလက်တိုင်းကို သွားတယ်။ အဖွဲ့ထဲက အမျိုးသမီးတွေကလည်း အမတို့ကို ခေါ်တယ်ပေါ့နော်။ ကျေးလက်တွေမှာ လာပြီးတော့ မိုဘိုင်းပညာနဲ့ ပတ်သက်ပြီးတော့ ဗဟုသုတတွေကို မျှဝေပေးဖို့အတွက် ဒီ မိုဘိုင်းအက်ကလေးကို သူတို့ကျေးရွာထဲက အမျိုးသမီးတွေကို မျှဝေတဲ့အခါမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာလေးတွေကအစပေါ့။ အခက်အခဲတွေကတော့ နဲနဲလေးမဟုတ်ဘူး။ အများကြီးပဲပေါ့။

အဓိကအားဖြင့် I Women ကို သုံးစွဲတဲ့အခါမှာ အမျိုးသမီးတွေအနေနဲ့ အထူးသဖြင့် ကျေးလက်နေ အမျိုးသမီးတွေအနေနဲ့ သူတို့ ရရှိနိုင်တဲ့ အဓိက အကျိုးကျေးဇူးတွေက ဘာတွေလဲလို့ အမ ပြောပြနိုင်မလား။ နောက်တစ်ခုကကျတော့ အဲဒီ I Women  ကို သုံးဆွဲဖို့အတွက် လွယ်ကူအောင် အမတို့အနေနဲ့ကရော ဘယ်လိုမျိုး စွမ်းဆောင်ပေးထားသလဲ။

ဒီ Mobile Application လေးက ဘယ်လောက် အသုံးဝင်သလဲဆိုရင် အမတို့က Internet နဲ့ ယှဉ်ပြိုင်နေရတာပေါ့။ သူတို့မှာ အင်တာနက် အခက်အခဲရှိတယ်။ ရှိတဲ့အတွက် အမတို့ Mobile အက် ကလေးမှာ Online Off ဖတ်လို့ရအောင် အမတို့ လုပ်ပေးထားတယ်။ ပထမဦးဆုံးအကြိမ်မှာ ဒီ အက် ကလေးကို သုံးတယ်ဆိုရင် အင်တာနက်ရှိတယ်ဆိုရင် Data တွေ ဆွဲရတယ်။ နောက် အင်တာနက် မရှိတော့ရင်လည်း နောက်ပိုင်း စာပြန်ဖတ်လို့ရတယ်။ စာဆိုတာ အမတို့ စိတ်ဓာတ်ခွန်အား ပြည့်စေတဲ့ စာလေးတွေ ခေါင်းဆောင်မှု စာလေးတွေ International က အမျိုးသမီးတွေအတွက်ကော Local က အမျိုးသမီးတွေအတွက်ကော ရေးထားတဲ့ ဗဟုသုတ အချက်အလက်ကလေးတွေပေါ့နော်။ အဓိက အမ အကြိုက်ဆုံးကတော့ ဥပဒေများ ပေးတာပေါ့။ အမျိုးသမီးနဲ့ဆိုင်တဲ့ အမျိုးသမီးတွေကို ကာကွယ်ထားတဲ့ ဥပဒေတွေရှိတယ်။ အဲဒါကို အမတို့ အက္ခရာ အမျိုးသမီး အဖွဲ့အစည်းတို့ကနေ ရယူပြီးတော့ နောက် တရားဥပဒေဖွဲ့စည်းရေး Center ရှိတယ်။ အဲဒီအဖွဲ့က သတင်းအချက်အလက်တွေကို ပေးတယ်။

အဲတော့ အမတို့ ဒီမှာ အမျိုးသမီးတွေနဲ့ဆိုင်တဲ့ အရေးအခင်းတွေ ဖြစ်လာပြီဆိုရင် အမတို့ ဥပဒေတွေကို ဒီထဲကနေ လေ့လာလို့ရတယ်။ ဘယ်ကို ဆက်သွယ်လို့ရမယ် ဘယ်ကို တိုင်ကြားလို့ရမယ်ဆိုတာကို ဒီ Rule of Law Center ရဲ့ ဖုန်းနံပါတ်တွေ ပေးထားတယ်။ အဲဒီအထဲကနေမှ သူတို့တွေ ဗဟုသုတတွေ အများကြီး ရတယ်ပေါ့နော်။ အဲတော့ ဒီ အက်ကို သူတို့ သုံးရတာ ကြိုက်တယ်။ မြန်မာနိုင်ငံက အမျိုးသမီးတွေလည်း ပါတယ်။ Now မဂ္ဂဇင်းက Women Issue က အမျိုးသမီးတွေနဲ့ပါ အမတို့ ဆက်သွယ်ထားတယ်။ Now မှာ အင်တာဗျူးထားတဲ့ အမျိုးသမီးတွေ အောင်မြင်ကျော်ကြားနေတဲ့ အမျိုးသမီးတွေအကြောင်းကလည်း ဖတ်ရတာ အရမ်းကောင်းတယ်။ နောက်ပြီးတော့ အရှေ့ရော အနောက်ရော အမျိုးသမီးတွေက သူတို့ ဘယ်လိုကြိုးစားထားတယ်ဆိုတာကအစ ထည့်ပေးထားတာဆိုတော့ လိုက်ပြီးတော့ ကြိုးစားချင်စိတ် ဖြစ်တယ်ပေါ့နော်။ အဲဒါက ဒီအက်ကို အမျိုးသမီးတွေအမြင်ရော အမတို့ အမြင်ရောပေါ့။

အထူးသဖြင့် Application တစ်ခု Software တစ်ခု စပြီးတော့ တည်ထောင်တဲ့အချိန် ဖြစ်မြောက်အောင် လုပ်တဲ့အချိန်မှာ အမ စိန်ခေါ်မှုတွေ အများကြီး ကြုံတွေ့ရမှာပေါ့။ အဲဒီအကြောင်းလေးတွေလည်း ပြန်ပြီးတော့ ပြောပြပေးပါဦးရှင့်။

အမကို သူတို့က မြန်မာနိုင်ငံရဲ့ အိုင်တီ အမျိုးသမီးဆိုပြီးတော့ ရှာတယ်ပေါ့နော။် အမက အဲဒီ ရှာတဲ့အဖွဲ့အစည်းနဲ့ တွေ့တယ်ပေါ့နော်။ တွေ့တဲ့အခါမှာ အမသည် IT နည်းပညာရှင် ရေးနိုင်တဲ့ အမျိုးသမီးပေါ့နော်။ ရေးမယ်။ သို့ပေမယ့် အမ စိတ်ဆန္ဒနဲ့ အမနဲ့ အဆင်ပြေတဲ့ အဖွဲ့ရှိတယ်။ အဲလိုမျိုး အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပေးတဲ့အလုပ်ကို အမ မလုပ်ဘူးလို့ အမ ငြင်းခဲ့တယ်။ ရချင်ရ မရချင်နေပေါ့။ အဲဒီမှာ သူတို့က လက်ခံလိုက်တယ်။ အစည်းအဝေးတော့ အကြိမ်ကြိမ် ခေါ်တယ်ပေါ့။ နိုင်ငံခြားသားတွေနဲ့တွေ့တဲ့အခါမှာ အမက အင်္ဂလိပ်စာ အဲလောက်မကောင်းဘူး။ သို့ပေမယ့် အမက ရှင်းပြနိုင်တယ်။ အမရဲ့ အလုပ်တွေကို အမ ပြနိုင်တယ်။ ပြတဲ့အခါမှာ သူတို့က အမကို IT မှာ အရမ်း စိတ်ချတယ်ပေါ့နော်။ Communitation မကောင်းပေမယ့် IT မှာ အမကို သူတို့ ယုံကြည်တယ်ပေ့ါ။ အမကလည်း သူတို့ယုံကြည်တဲ့အတိုင်း နေ့မအိပ် ညမအိပ် ကြိုးစားပေးရတယ်ပေါ့နော်။ နေ့မအိပ် ညမအိပ်ဆိုတာက ကျေးလက်က အမျိုးသမီးတွေက ရန်ကုန်ကိုတက်လာတော့မယ်။ ဒီမှာက Software က လက်စမသက်သေးဘူး။ အဖွဲ့ကလည်း ငါးယောက်ပဲရှိတယ်။ နည်းတယ်ပေါါ့နော်။ ဒီအဖွဲ့က ဖြစ်တဲ့ဟာမှန်သမျှကို အမက အကုန် တာဝန်ယူရတယ်။ ခေါင်းခံရတယ်ပေါ့နော်။ အဲတော့ တစ်ယောက်က ရေးလို့မပြီးသေးရင်လည်း အမက ဝင်ရေးရတယ်။ နောက် အမအပိုင်းကိုလည်း အမက ရေးရတယ်။ သူများအပိုင်းကိုလည်း အမက ရေးတယ်။ နောက် လူတွေများလာတဲ့အခါမှာလည်း ရေးထားတာတွေအကုန်လုံးကို အမက စစ်ရတယ်။ အဲလိုမျိုး စိန်ခေါ်မှုတွေ အများကြီးပေါ့။ ကျော်ဖြတ်ရတဲ့ စိန်ခေါ်မှုတွေ များလာတဲ့အခါမှာ ဒီအဖွဲ့မှာ ပါဝင်နေတဲ့ အယ်လီနော်လာ အယ်လီစွန် ထက်စုဝေ စော်မင်းကေ အမရဲ့ အဖွဲ့တွေပေါ့။ နောက်ပြီး အခြားက လာကူညီတဲ့ ကျောင်းသူတွေလည်း ရှိတယ်ပေါ့နော်။ သူတို့တွေကို အမ ကျေးဇူးတင်တယ်။

အမတို့က ဒီလို အဖွဲ့ကောင်းကောင်းလေးနဲ့ ဒီ အမျိုးသမီးတွေ အဆင်ပြေအောင် ရေးပေးခဲ့တာ။ တခြား ဘယ်အဖွဲ့အစည်းကိုမှ အကူအညီတောင်းပြီးတော့ လုပ်ခဲ့တာမဟုတ်ဘူး။ ပြီးတော့ အမသည် ကွန်ပျူတာ တက္ကသိုလ်ကျောင်းဆင်း ဒီ မြန်မာနိုင်ငံမှာရှိတဲ့ နည်းပညာ အမျိုးသမီးတစ်ယောက်အနေနဲ့ အမ ကြိုးစားခဲ့တာ။ အမလိုမျိုး ကြိုးစားနိုင်တဲ့ နည်းပညာ အမျိုးသမီးတွေ အများကြီးပါ။ အဲတော့ အမက သူတို့ကို ဘယ်လိုပြောလဲဆိုတော့ မြန်မာအမျိုးသမီး နည်းပညာရှင်တွေက ဒါကို လုပ်နိုင်တယ်ဆိုတာကို ပြသတာပါလို့ ပြောလိုက်ပါတယ်။

လုပ်ကိုင်ဖို့ကို ဝါသနာကြီးခဲ့တာလား ဒါမှမဟုတ် အိပ်မက်က အခြားအိပ်မက်ကနေပြီးတော့ အမ ငယ်ငယ်ကတည်းက အိုင်တီ နည်းပညာရှင်တစ်ယောက်အနေနဲ့ Mobile ဒီပလိုမာ တစ်ယောက်အနေနဲ့ လုပ်ရင်းလုပ်ရင်းနဲ့ ဒီလမ်းကြောင်းအပေါ်ကို ရောက်သွားတာလား။

အမတို့ ငယ်ငယ်တုန်းက ဘာတွေ ခေတ်စားလဲဆိုတော့ အင်ဂျင်နီယာ ဆရာဝန်တွေ ခေတ်စားတယ်ပေါ့။ ကိုယ် ၁၀ တန်းအောင်တဲ့အခါမှာ ဆေးကျောင်းအမှတ်လည်း မမှီဘူး။ ဆရာဝန်လည်း မဖြစ်ချင်ဘူး။ ဒါပေမယ့် အင်ဂျင်နီယာ ဖြစ်ချင်တယ်။ ဒါပေမယ့် အမ ကျောင်းပြီးတဲ့အချိန်မှာ ဒီ ကွန်ပျူတာတက္ကသိုလ်က ခေတ်စားနေပြီ။ ကွန်ပျူတာတက္ကသိုလ်ရှိတယ်။ ဒါပေမယ့် ဖွင့်တာတော့ တော်တော်ကြာပါပြီ အမတို့က ရှေ့မှာ တစ်နှစ်နှစ်နှစ်လောက်ပဲ ရှိသေးတယ်လို့ ထင်တာပေါ့နော်။ အဲဒါနဲ့ အမ ကွန်ပျူတာတက္ကသိုလ်ကို ဆက်သွယ်လိုက်တယ်။ ဒါပေမယ့် အမတို့ကျောင်းမှာက Essay  အမေးခံရတယ်။ Essay က ဘာလဲဆိုတော့ ဒီ အင်္ဂလိပ်စာပေါ့နော်။ ကျောင်းက အင်္ဂလိပ်စာတော့ အရမ်းကောင်းတယ်။ မင်း ကျောင်းပြီးသွားလို့ရှိရင် မင်းရွေးချယ်တဲ့ကျောင်းနဲ့ အသက်မွေးဝမ်းကျောင်း လုပ်မှာလား။ ဒါမှမဟုတ်ရင် မင်း ဝါသနာပါတဲ့အလုပ်ကို အသက်မွေးဝမ်းကျောင်းလုပ်မှာလား။ ဒါမှမဟုတ်ရင် ပိုက်ဆံရတဲ့အလုပ်ကို အသက်မွေးဝမ်းကြောင်းလုပ်မှာလား။ အမေးခံရတဲ့အခါကျတော့ ငါ ဘာနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ရင် ကောင်းမလဲပေါ့ အဲအချိန်မှာ အမက ဂိုက်သင်နေတာ။ ဂိုက်သင်တော့ ဂိုက်သင်တဲ့ ပိုက်ဆံကလည်း တော်တော်လေး ရတယ်ပေါ့နော်။ ရတော့ အမက ဆရာမလိုင်းပဲ လျှောက်ရတော့မလိုလို ဆရာမပဲ ဆက်လုပ်ရတော့မလိုလို ဒါပေမယ့် ကျောင်းပြီးတာက ကွန်ပျုတာ။ ဒါပေမယ့် အိမ်ကလည်း ဆရာမအလုပ်နဲ့ အလုပ်ဖြစ်နေတာ တောက်လျှောက် သင်နေရတယ်ပေါ့နော်။ အဲတော့ ဆရာမဖြစ်စေချင်တယ်။

ဒါပေမယ့် အမက ကျောင်းက အမေးခံလိုက်ရတဲ့ မေးခွန်းကြီးနဲ့ ငါ့ရဲ့အသက်မွေးဝမ်းကျောင်းကို ငါ သေချာရွေးမှဖြစ်မယ်။ အမရဲ့ ဆရာမကြီးတစ်ယောက်က အမကို Program အပိုင်း သင်ပေးလိုက်တယ်။ သင်ပေးလိုက်တော့ လက်တွေ့ပိုင်း ရသွားတယ်ပေါ့။ ကျောင်းက စာတွေ့ပေးတယ်။ ဒါပေမယ့် အမ လုပ်ငန်းခွင် မဝင်ရဲဘူး။ လက်တွေ့မရှိလို့။ ဒါပေမယ့် လက်တွေ့ အမ သင်တန်းတက်လိုက်တဲ့အချိန်မှာ အမ ရသွားတယ်ပေါ့နော်။ အမနဲ့ ဒီအရာ လုပ်စားလို့ရတယ် ကိုက်တယ်ပေါ့နော်။

 ပြီးတော့ အမ သင်တန်းကောင်းတစ်ခုကို လိုက်ရှာတယ်။ လိုက်ရှာတဲ့အခါမှာ အမ အိုင်တီနဲ့ပတ်သက်တဲ့ သင်တန်းတစ်ခု ထပ်တက်လိုက်တယ် တကယ်လည်း ကောင်းတယ်။ အဲမှာ လက်တွေ့ရသွားတယ်ပေါ့နော်။ ပျော်လည်းပျော်သွားတယ်။ လက်တွေ့ရသွားတဲ့အတွက် ငါ လုပ်ငန်းခွင် ဝင်လို့ရပြီး အဲဒီအချိန်မှာ အမက ဂျပန်ကုမ္ပဏီမှာ ဝင်လိုက်တယ်ပေါ့နော်။ အဲဒီကုမ္ပဏီမှာလည်း အမက အလုပ်ဝင်ဝင်ချင်းမှာကို အမ ရေးနိုင်းတယ်။ အခြား တူတူဝင်တဲ့သူတွေက သင်တန်းသွားကြတယ်ပေါ့နော်။ အမကိုလည်း သင်တန်းသွားခိုင်းတယ်။ အမ သင်တန်းမသွားဘူး။ ရုံးမှာပဲ အလုပ်အတွေ့အကြုံလိုချင်လို့ဆိုပြီး ရုံးမှာပဲ ပေတေနေပြီးတော့ ရေးတာပေါ့။ ရေးတဲ့အခါကျတော့ အကုန်လုံး သင်တန်းသွားတယ်။ ဒါပေမယ့် အမ ကျန်ခဲ့တယ်။ အဲဒီ ကျန်ခဲ့တဲ့အခါ ဘာသွားတွေ့လည်းဆိုတော့ သင်တန်းသွားတဲ့သူတွေက အခြေခံကစပြီးတော့ သင်ပေးတာပေါ့။ အမကတော့ ရုံးမှာ တကယ့် လုပ်ငန်းအတွေ့အကြုံကြီးကို ရလိုက်တာ။ အလုပ်အတွေ့အကြုံစစ်ကြီးဆိုတော့ မဖြောင့်ဖြူးပါဘူး။ အလုပ်ကသင်တာတွေက တကယ့် ဘဝဆန်တယ်ပေါ့။

အဲတော့ အမအနေနဲ့ကလည်း ဒီ အမျိုးသမီးအများစုနဲ့ကလည်း တွေ့ဆုံ ဆက်ဆံနေရတယ်။ ကျေးလက်ဒေသတွေ ရောက်ပြီးတော့လည်း ကျေးလက်က အမျိုးသမီးတွေနဲ့လည်း တွေ့ရတယ်။ ပြီးတော့ အိုင်တီ နည်းပညာဘက်က အမျိုးသမီးတွေနဲ့လည်း အမဘက်က တွေ့ဆုံခဲ့ရတယ်။ အဲအမျိုးသမီးတွေကို အမအနေနဲ့ ပြောချင်တာ ဘာများရှိမလဲရှင့်။

အမျိုးသမီးတွေကို ပြောချင်တာကတော့ ဒီ ခုနက ကျေးလက်က အမျိုးသမီးတွေက ဒီနည်းပညာတွေက သူတို့နဲ့မဆိုင်ဘူးဆိုပြီးတော့ တချို့ကလည်း သိပ်ပြီး မလေ့လာကြဘူးပေါ့နော်။ လေ့လာစေချင်တယ်။ ကိုယ်ရနေတဲ့ နည်းပညာခေတ်ကြီးထဲမှာ ဒီ အိုင်တီနဲ့ပတ်သက်နေတာကို လက်မလွှတ်စေချင်ဘူး။ လေ့လာစေချင်တယ်။

နောက်ပြီး ကျောင်းသူကျောင်းသားတွေ အနေနဲ့ကျတော့ ဝိရိယလေး ထားစေချင်တယ်ပေါ့နော်။ အမတို့ကပေးနေတယ်။ လာပြီးတော့ ယူကြပါ ပူးပေါင်းကြပါပေါ့နော်။ တစ်ယောက်ကိုတစ်ယောက် ရိုးသားစွာ ကူညီကြပါဆိုတဲ့အတိုင်း တစ်ယောက်နဲ့တစ်ယောက် ရိုးရိုးသားသားနဲ့ ဒီမှာ ပူးပေါင်းပါဝင်ပါ။ အမတို့ကလည်း အမတို့က အတွေ့အကြုံတွေကို ရသလောက် မျှဝေပေးနေတယ်။

အမတို့လည်း ဒီ အိုင်တီမှာ လေ့လာလို့ မကုန်ပါဘူး။ အမတို့ လေ့လားထားသမျှကို မျှဝေပေးတာ သူတို့ကလည်း အမတို့နဲ့ပေါင်းပြီးတော့ ရလဒ်တွေ လုပ်လို့ရတယ်။ လေ့လာလို့ရတယ်။ မြန်မာစာနဲ့ ပတ်သက်တဲ့ Issue တွေကအစ အကြံညဏ်ပေးလို့ရတယ်။

ဒီ အက်က ချောချောမွေ့မွေ့ မဖြစ်သေးပါဘူး။ အိုင်တီ နဲ့ ပတ်သက်ပြီးတော့လည်း အများကြီး လိုပါသေးတယ်။ ဒါပေမယ့် အမက အားလုံး ပူးပေါင်းပါဝင်အောင် ဖိတ်ခေါ်တယ်။ အားလုံးကိုလည်း အမတို့ လုပ်ထားသမျှကို မျှဝေတယ်။ အဲတော့ ဝိရိယရှိရှိနဲ့ ပူးပေါင်းပါဝင်ဖို့ ကြိုးစားဖို့ ကြိုးစားမယ်ဆိုရင် မည်သူမဆို ဖြစ်ချင်တာကို လုပ်လို့ရတယ်။ မိမိဖြစ်ချင်တာကို လုပ်လို့ရတယ်ဆိုတဲ့ Message လေး ပေးချင်တာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly